Wednesday, April 8, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း COVID-19 ကူးစက်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ စိုးရိမ်

VOA 
ဗွီအိုအေ (မြန်မာဌာန)
08 ဧပြီ၊ 2020
မဆုမွန်
ရိုဟင်ဂျာဒုက္ခသည်စခန်း
 လူသိန်းချီ ခိုလှုံနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့လာမှာကို ဒုက္ခသည်တွေရော ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ စိုးရိမ်မှုတွေမြင့်တက် လာနေတဲ့အကြောင်း မဆုမွန်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ခိုလှုံနေတဲ့ ဘင်္ဂ လားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ကြုံရမယ်ဆိုရင် အန္တရာယ်ကြီးမား တာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာ NGO အဖွဲ့တွေ အကူအညီပေးရေး အဖွဲ့ အစည်းတွေက ကျန်းမာရေး ပညာပေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဒုက္ခသည်တွေက ပြော ပါတယ်။

အခုအချိန်အထိတော့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိသူအဖြစ် အတည်ပြု ထားသူ မရှိသေးပေမယ့် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကြား ကပ်ရောဂါဖြစ်မှာ စိုးရိမ်နေကြပါတယ်။ အထူး သဖြင့် ကိုယ်ဝန် ဆောင်မိခင်တွေ သက်ကြီးရွယ်အိုတွေနဲ့ လူမမည်ကလေးငယ်တွေအတွက် စိုးရိမ်နေတဲ့ အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦး အီစလံကပြောပါတယ်။

“ဟုတ်ကဲ့ ဧပြီလ ၆ရက်နေ့အထိတော့ရိုဟင်ဂျာဒုက္ခသည်စခန်းအသီးသီးမှာ ကိုဗစ်တွေ့ရှိမှု တဦးတယောက် မှ မတွေ့သေးပါခင်ဗျာ။ အခုလောလောဆယ်တော့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါအကြောင်းကို အ ထူးဂရုစိုက်စောင့်ကြည့်တယ် ၊ မကူးစက်လာအောင်လည်း နေထိုင်ကြပါတယ်။ နောက် ကျနော်တို့က ကြို တင်ပြီးတော့ တောင်းဆိုချင်တာကတော့- နိုင်ငံတကာအဖွဲ့အစည်းတွေ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တွေအနေနဲ့ ကြိုတင်ပြင်ဆင်ရေးအတွက် ဒီ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေထဲ ကျန်းမာရေးဝန်ထမ်းများနဲ့ ဆေးဝါးပစည်းတွေ ကျန်းမာရေးပိုင်းဆိုင်ရာ အသုံးအဆောင်ကိရိယာတွေကို ကြိုတင်ပြင်ဆင်ထားဖို့ အဓိက တောင်းဆိုချင်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ တကယ်လို့ဖြစ်လာရင် ကယ်တင်နိုင်ဖို့ လမ်း ကြောင်း မရှိမှာကိုလည်း အထူးစိုးရိမ်မိပါတယ်ခင်ဗျာ။ အခုတော့ သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင် မိ ခင်တွေ ဒီမှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ဖွင့်လှစ်ထားတဲ့ဆေးရုံတွေမှာတော့ အမြဲတမ်းသွား ရောက် ပြသတယ် စစ်ဆေးတယ်။ နောက် MSF တို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဖွင့်လှစ်ထားတဲ့ဆေးရုံတို့ တူရ ကီတို့ မလေးရှားတို့က ဖွင့်ထားတဲ့ဆေးရုံတွေမှာတော့ အချိန်ပြည့် သွားရောက်ကုသနိုင်ပါတယ်။”

လတ်တလောမှာတော့ ဒုက္ခသည်စခန်းတွေမှာ ဘာသာရေးဝတ်ပြု ဆုတောင်းပွဲတွေ အပါအဝင် လူစုလူဝေး တွေ ကို တားမြစ်ထားပြီး ဘာသာရေးကျောင်းတွေနဲ့ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။ လက်မကြာခဏဆေးဖို့ အပါအဝင် တကိုယ်ရေသန့်ရှင်းရေး အလေးထားဖို့ နာမကျန်းဖြစ်လာရင် အမြန်ဆုံး ဆေးရုံဆေးပေးခန်းတွေကို အကြောင်းကြားကြဖို့လည်း ညွှန်ကြားထားတယ်လို့လည်း ဦးအီစလံကပြော ပါတယ်။

“ ဘင်္ဂလားဒေ့ရှ်အစိုးရရော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဖွဲ့ကနေ ကျန်းမာရေးအစီအစဉ်တွေ လူတွေ အဓိက လိုက်နာရမယ့် စည်းကမ်းချက်ထုတ်တာကို ဒုက္ခသည်တွေကလည်း လိုက်နာပါတယ်။ အခုစခန်း တိုင်းမှာ ဒုက္ခသည်စခန်းတိုင်းမှာ အခုလုပ်နေကြရပါတယ်။ လူတွေ လူစုလူဝေးတွေ မလုပ်ကြဖို့ စာသင် ကျောင်းတွေ ပိတ်ထားဖို့ နောက် ဈေးဆိုင်တွေလည်း အကုန်ပိတ်ထားပါတယ်။ နောက် ကျန်းမာရေးအ တွက် ဂရုစိုက်ဖို့ ညွှန်ကြားထားပါတယ်။ လက်ကိုစင်ကြယ်အောင် ဆေးဖို့ ညွှန်ကြားထာပါတယ်။ နောက် မျက်နှာတွေကို ကာထားဖို့ Mask နှာခေါင်းစီး တွေတပ်ဖို့လည်း ညွှန်ကြားပါတယ်။ လူစုလူဝေးတို့ ပွဲလမ်းသ ဘင်တို့ နောက် ဆုတောင်းပွဲတို့ မလုပ်ပါဘူး ဗလီထဲမှာလည်း လူအနည်းငယ်လောက်နဲ့ပဲ ဝတ်ပြုဆုတောင်း ကြပါတယ်။ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေ အမြဲတမ်းပဲ မြန်မာအစိုးရကိုရော နိုင်ငံတကာအဖွဲ့တွေ ကြိုး စားနေတဲ့ အကျပ်အတည်းကိုပြေလည်ဖို့ဆုတောင်းပါတယ်။ ကျနော်တို့ ဒီလို ဒုက္ခသည်ဘဝမှာ ကြည်ရှည် မနေရအောင် အမြန်ဆုံးပြန်ရအောင် အလေးအနက်တောင်းဆိုချင်ပါတယ်ခင်ဗျာ။”

အခုလို သိန်းချီတဲ့လူတွေ စုဝေးခိုလှုံနေထိုင်ရတဲ့ စခန်းတွေထဲ COVID-19 လို ကပ်ရောဂါဖြစ်ပွားလာ မှာ စိုးရိမ်ရသလို camp တွေထဲမှာ သဘာဝဘေးအန္တရာယ်တွေ ကြုံလာရင်တိုင်းလည်း အခက်အခဲတွေဖြစ် ရ တာမို့ ဒုက္ခသည်တွေအနေနဲ့ နေရပ်ရင်းကိုပဲ အမြန်ဆုံးပြန်ချင်တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း လတ်တလောမှာတော့ နေရပ်ရင်း ပြန်နိုင်ဖို့ အလားအလာတွေကလည်း သိပ်မကောင်းလှပါဘူး။ ရခိုင်ပြည် နယ်က လတ်တလော အခြေအနေနဲ့ ပတ်သက်လို့ ကမန်အမျိုးသားတိုးတက်ရေးပါတီရဲ့ဒု ဥက္ကဌ ဦးတင်ငွေ က အခုလိုပြောပြပါတယ်။

“ ဟုတ်ကဲ့ခင်ဗျ လောလောဆယ်အနေအထားမှာက ရခိုင်ပြည်နယ်မှာက စစ်ပွဲတွေလည်း ဖြစ်နေတဲ့ ကာ လတခုလည်းဖြစ်နေတယ် နောက်တခါ တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကပ်ဘေး နဲ့လည်း သူတို့ပြန်လာဖို့ကိုတော့ စဉ်းစားစေချင်ပါတယ်။ နောက်ရခိုင်ပြည်နယ်ထဲမှာကို စစ်ဘေးဒုက္ခ သည် တွေ ရင်ဆိုင်နေရတဲ့ပြသနာတွေကအများကြီး။ ရခိုင်မှာလည်း တပြည်လုံး အတိုင်းအတာနဲ့ညွှန်ကြားထား တာတွေရှိပါတယ်။နောက် ဧပြီလ ၁၀ရက်နေ့ကစပြီး ၁၉ရက်နေ့အထိ COVID-19 ကိုရိုနာဗိုင်းရပ်စ် မပျံ့ပွား ရအောင် အိမ်မှာပဲနေကြဖို့ ကြိုတင်ကာကွယ်တားဆီးဖို့ Break Down လုပ်ဖို့ ဆေးရုံတွေမှာရော လူမှုပတ် ဝန်း ကျင်တွေမှာရော တဦးတယောက်ချင်းစီ တာဝန်ယူကြဖို့ နောက် ကိုယ့်အိမ်မှာပဲ ကိုယ်နေကြဖို့ညွှန်ကြား ထားတာတွေရှိပါတယ်။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်ခံမထားတဲ့မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေ ပြန်လာရေး စီစဉ်နေဆဲပေမဲ့လို့ အခုလို ကမ္ဘာ့ကပ်ရောဂါ လူသိန်းချီပြီးနေထိုင်တဲ့ လူထူထပ်လွန်း လှတဲ့ရိုဟင်ဂျာစခန်းေ တွေ ထဲ ဖြစ်ပွားလာမယ့်အန္တရာယ်ကို ကုလအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ လူ့အခွင့်အရေး အဖွဲ့ တွေဘက်က စိုးရိမ်တကြီးဖြစ်နေကြတာပါ။

 

Link; Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */