VOA
ဗွီအိုအေ (မြန်မာဌာန)
02 မေ၊ 2020
မအေးအေးမာ
ဗွီအိုအေ (မြန်မာဌာန)
02 မေ၊ 2020
မအေးအေးမာ
ဆုံခလာခရိုင်တွင် လူကုန်ကူးသူများလက်ထဲမှ ထိုင်းအာဏာပိုင်များ ကယ်တင်ခဲ့သည့် ရိုဟင်ဂျာ အမျိုးသမီးများနှင့် ကလေးငယ်များ။ (၁၁ ဇန်နဝါရီ ၂၀၁၂)
ထိုင်း-မလေးရှား နယ်စပ်က ထိုင်း လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် စခန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေကို နေရာရွှေ့ပြောင်းပေးဖို့ ခရိုင်လဝကမှူးက တင်ပြ ထားပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်း ပေးပို့ထားပါတယ်။ထိုင်း-မလေးရှား နယ်စပ် ဆုံခလာခရိုင် စဒေါင်မြို့က လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် လူဝင်မှုအရာရှိတွေ၊ တခြားနိုင်ငံခြားသားတွေ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးတဲ့နောက် စခန်း မှာရှိတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေကို နေရာပြောင်းပေးဖို့ ခရိုင်လဝကမှူးက တင်ပြထားတယ်လို့ ထိုင်း တောင် ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာ တာ ဝန်ခံ ဦးမင်းဦးက ပြောပါတယ်။
“ရိုဟင်ဂျာ အမျိုးသမီး ၂၆ ယောက်ပေါ့နော်၊ လဝကအချုပ်မှာ ရှိနေတာ။ လဝကခရိုင်မှူးက သူတို့ကို စိုး ရိမ်တာပေါ့။ ၄၂ ယောက် ပြဿနာတက်သွားပြီးတဲ့နောက်မှာ နိုင်ငံခြားသား ၄၂ ယောက်မှာ ရောဂါပိုး တွေ့ သွားပြီးတဲ့နောက်မှာ အဲဒီလိုမျိုး ဖြစ်မှာစိုးလို့ ၂၆ ယောက်ကို အဆင်ပြေတဲ့နေရာပို့ဖို့ ဟတ်ရိုင်မြို့မှာလည်း မိခင်နဲ့ကလေးတွေ စောင့်ရှောက်တဲ့နေရာ ရှိတယ်။ အဲဒါကို တောင်းဆိုတာပေါ့နော်။”
အဲဒီဒေသဘက်မှာ ထိန်းသိမ်းခံရတဲ့ တရားမဝင် မြန်မာနိုင်ငံသားတွေ အရေးနဲ့ ပတ်သက်ရင် ဦးမင်းဦးတို့အ ဖွဲ့ဟာ ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ။
အခု ထိန်းသိမ်းရေးစခန်းက လဝကအရာရှိ ၅ ဦး၊ မြန်မာနိုင်ငံသား ၃၄ ယောက် အပါအဝင် နိုင်ငံခြား သား ၄၂ ယောက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ထားတယ်ဆိုတာ ပြီးခဲ့တဲ့သီတင်းပတ်က သိခဲ့ပြီးတဲ့နောက် စခန်း က လဝကဝန်ထမ်း အများအပြားကို Quarantine သီးခြားခွဲစောင့်ကြည့်တဲ့နေရာ ပို့လိုက်ရတာကြောင့် စခန်း မှာ ဝန်ထမ်းအင်အား မလုံလောက်တော့တဲ့အတွက် ဒီအမျိုးသမီးတွေကို ပြောင်းရွှေ့ဖို့ တင်ပြတာဖြစ်တယ် လို့ လည်း ဦးမင်းဦးက ပြောပါတယ်။
“လဝက အရာရှိပေါ့နော်၊ ရောဂါဖြစ်တဲ့သူနဲ့ ထိစပ်ထားတဲ့သူတွေရှိတဲ့ ဆက်စပ်တဲ့ လဝက အရာရှိတွေ ၁၄၄ယောက် စောင့်ကြည့်ရေးစင်တာကို ဝင်ရတယ်။ သူတို့မှာ ဝန်ထမ်းအခက်အခဲရှိတယ်။ အဲဒါကြောင့် လည်း သူတို့ကို မထိန်းနိုင်တဲ့ အကြောင်းအချက်တခု ဖြစ်တယ်ပေါ့နော်။ အဲဒီအရာရှိတွေထဲမှာ ကျား မ ဘယ်နှစ်ယောက်ပါနေသလဲ ဆိုတာ မသိဘူး။”
ထိုင်းနိုင်ငံတွင်း လဝက ထိန်းသိမ်းရေးစခန်းတွေမှာ လူဦးရေများပြီး ကျပ်ကျပ်တည်းတည်း နေထိုင်ကြရတဲ့ အတွက် အခုလို တပြိုင်နက်တည်းမှာ လူအတော်များများ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာပါ။ အခုဖြစ် ရပ်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ မြန်မာနိုင်ငံသား ၃၄ ဦးထဲက မီးဖွားခါနီး ကိုယ်ဝန် ဆောင် အမျိုးသ မီးတဦး အပါအဝင် ၅ ဦးဟာ ရောဂါအခြေအနေ ပြင်းထန်တဲ့အတွက် ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။
ဒီ ဆုံခလာခရိုင် လူဝင်မှုထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသားတွေ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးတဲ့နောက် ထိုင်းနိုင်ငံတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ထားသူတွေထဲမှာ ထိုင်းနိုင်ငံသားပြီးရင် မြန်မာနိုင်ငံသားက အများ ဆုံးဖြစ်သွားပြီး ဒီကနေ့ထိဆိုရင် ၅၂ ယောက် ရှိသွားပါပြီ။ တတိယအများဆုံး ကူးစက်ခံထားရတာကတော့ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ၃၄ ယောက် ကူးစက်ခံထားရပါတယ်။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ စုစုပေါင်း ၃၀၀၀ နီးပါးရှိနေပြီး သေဆုံးသူက ၅၀ ကျော် သွားပြီ ဖြစ်ပါတယ်။

Link : Here
No comments:
Post a Comment