VOA
ဗွီအိုအေ (မြန်မာဌာန)
04 မေ၊ 2020
မဆုမွန်
ဗွီအိုအေ (မြန်မာဌာန)
04 မေ၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တချို့ (ဧပြီ ၁၂၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 ကူးစက်မှုတွေ ပိုတိုးလာနေတဲ့ အတွက် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ် မှုတွေပို တိုးလာနေသလို မုတ်သုန်ရာသီဝင်လာတဲ့အတွက် ရေကြီးမြေပြိုအန္တရာယ်တွေအတွက် ပူပန်လာ နေ ကြတဲ့ အကြောင်း ပြောပြချင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ဆက်ပေးပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္လာနေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ COVID-19 ရောဂါ ကူးစက်သူ ၉,၄၅၅ ယောက် ရှိပြီး သေဆုံးသူ ၁၇၇ ဦးအထိ ရှိလာနေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အားနည်း တဲ့ ဒုက္ခသည်စခန်းတွေမှာ ကူးစက်မှုအန္တရာယ်ကို စိုးရိမ်နေကြတာပါ။ ရောဂါကူးစက်မှုတွေကြောင့် သွား လာ လှုပ်ရှားမှု ကန့် သတ်တာတွေကို နိုင်ငံတော်တော်များများမှာ စတင်ဖြေလျှော့လာနေပေမဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ စုပြုံနေကြရတဲ့ ဒုက္ခသည်စခန်းတွေမှာတော့ ကန့်သတ်မှုတွေ ဆက်လက်တင်းကြပ်ထား ဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခ သည် ကိုမျိုးသန့်ကပြောပြပါတယ်။
"အခု ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို အပြင်ထွက်ခွင့်လည်း မပေးဘူး။ အပြင်ကနေ အ ထဲကို ဝင်ခွင့်လည်း မပေးဘူး။ လူတဦးနဲ့ တဦးလည်း တတ်နိုင် သလောက် ရှောင်နေကြဖို့ပြောတယ် ဒီမှာ ဆိုင်တွေ ကို လည်း ဖွင့်ခွင့်မပေးဘူး။ အခုဆိုရင် ကျနော်တို့တွေ အ တတ်နိုင်ဆုံး အိမ်ထဲမှာပဲနေကြတယ်။ အပြင်ကိုလုံးဝ မ ထွက်ကြဘူး ဒီမှာ ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ ရဲကလည်း ကင်းလှည့်ပါတယ်။ ရိုဟင်ဂျာဒုက ္ခသည်တွေက စိုး ရိမ်တာတွေရှိတာပေါ့။ ဒီ COVID-19 ဖြစ်လာမှာ တအား စိုးရိမ်တာပေါ့ ... ဘာဖြစ်လို့လဲ ဆို ရင် ဒီကမ့်တွေမှာ လူတွေ အများကြီး ပြွတ်သိပ်ထူထပ်နေတော့ စိုးရိမ်မိပါတယ်။ ဒါပေမဲ့ သူတို့က လည်း တတ်နိုင်သလောက် စီစဉ်နေပါတယ်။ အခုဆိုရင် ကမ့်ထဲမှာ Quarantine Center တို့ Isolation Cneterတို့ ဖွင့်ထားပြီး IOM က ဦးစီးပြီးတော့ ကမ့်တချို့မှာ ဆောက်နေတယ်လို့လည်း ကြားမိပါတယ်။"
ဒုက္ခသည်စခန်းတွေမှာ ရောဂါကူးစက်သူအဖြစ် အတည်ပြုသူ မရှိသေးပေမဲ့လည်း ဒုက္ခသည်များဆိုင်ရာ ကု လ သ မဂ္ဂ မဟာမင်းကြီးရုံး UNHCR နဲ့ နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများကို အကူအညီပေးရေးနိုင် ငံ တ ကာအဖွဲ့ IOM အပါအဝင် အကူအညီပေးရေး အဖွဲ့အစည်းတွေက ကာကွယ်ရေးအစီအမံတွေကို ဆောင် ရွက်ပေးနေကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာ ဒုက္ခသည် ဦးအီစလံကပြောပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ကမ္ဘာအနှံ့ COVID-19 ဗိုင်း ရပ် ရော ဂါကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သွားလာမှု ကန့်သတ်နေတဲ့ တချိန်ထဲ မှာဘဲ ရခိုင်ပြည် နယ် မောင်တောခရိုင်ဘက်မှာလည်း ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတဲ့သူတွေကို လက်မခံ တော့ပါဘူး။

Link : Here
No comments:
Post a Comment