" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label 2023. Show all posts
Showing posts with label 2023. Show all posts

Friday, December 29, 2023

ရိုဟင်ဂျာအကျပ်အတည်းနိုင်ငံတကာတာဝန်ရှိမှုကုလကိုယ် စားလှယ်သတိပေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၉ ဒီဇင်ဘာ၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews (ဇွန် ၂၃၊ ၂၀၂၂)

လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေတိုးနေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ တွေ ရဲ့ အခြေအနေဟာ မျှော်လင့်ချက်မဲ့ အလွန့်အလွန်ဆိုးရွားနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အ ခွင့် အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ ကြာသပတေးနေ့ က ပြောလိုက်ပါတယ်။

ရိုဟင်ဂျာလှေတစင်း အင်ဒိုရေတပ်မောင်းထုတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၉ ဒီဇင်ဘာ၊ ၂၀၂၃ 

MIGRATION-INDONESIA/ROHINGYA-PROTEST

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရဲ့ အနောက်မြောက်ဘက်စွန်း အာချေးပြည်နယ် ကမ်းရိုးတန်းကို ဦးတည်ချဉ်းကပ်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် လှေတစီးကို နိုင်ငံတကာ ရေပိုင်နက်ထဲကို အင်အားသုံး ပြီး ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ အင်ဒိုနီးရှား ရေတပ်က ဒီဇင်ဘာ ၂၈ ရက် ကြာသပတေးနေ့က ပြော ပါတယ်။

လက်နက်ကြီးကြောင့် ရိုဟင်ဂျာ ဆယ်ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

RFA
RFA Burmese
2023.12.29

ဘူးသီးတောင်မြို့နယ် စေတီတောင် ရိုဟင်ဂျာရွာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့်နေရာအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့က တွေ့ရစဥ်။ Citizen Journalist 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မြောက်ဦးမြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက် တစ်ရက်တည်းမှာတင် စစ် ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ ဆယ်ဦး သေဆုံးပြီး၊ ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Rohingya youth shot dead in Ukhiya

daily observer
Observer Online Report
Published : Friday, 29 December, 2023 

Photo: Jamtoli Rohingya Camp

A Rohingya youth was shot to death by miscreants at Ukhiya upazila in Cox's Bazar district on Friday evening.

The incident took place at around 6.30pm in Jamtoli Rohingya Camp no-15 in the upazila.

Thursday, December 28, 2023

ရိုဟင်ဂျာလှေတစ်စင်းကို အင်ဒိုနီးရှားရေပိုင်နက်ပြင်ပကို ပြန်ပို့

RFA
RFA Burmese
2023.12.28

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ စက်လှေနှင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် တွေ့ရစဉ်။ AFP

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းကို ဦးတည်လာနေတဲ့ ဒုက္ခသည်လှေတစ်စင်းကို အင်ဒိုနီးရှား ရေပိုင်နက်ပြင်ပ ပင်လယ်ထဲကို အင်ဒိုနီးရှားရေတပ်က ပြန်ပို့လိုက်ပါတယ်။

ငတ်မွတ်မှုနဲ့ ဒုစရိုက်မှုတွေကြောင့် ဒုက္ခသည်စခန်းကနေ လွတ်မြောက်ဖို့ ရိုဟင်ဂျာတွေ ကြိုးစားနေ

RFA
ဂျူလိုင်မျိုး (ဝါရှင်တန်ဒီစီ)
2023.12.28 

ဘင်္ဂလားဒေ့ရ်နိုင်ငံရှိ ဒုက္ခသည်စခန်းမှ ကလေးငယ်များ သောက်သုံးရေ သယ်ဆောင်လာသည်ကို ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ AFP

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်လုပြီး ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အ သက်ရှင်သန်ဖို့ မျှော်လင့်ချက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံခဲ့ကြပေမဲ့ ကူညီထောက်ပံ့မှုတွေ လျော့ကျလာတာ ကြောင့် စားဝတ်နေရေး ခက်ခဲလာသလို ဒုစရိုက်မှုတွေ၊ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကိုလည်း ရင်ဆိုင်နေရပြန်ပါ တယ်။

အာချေးက ရိုဟင်ဂျာတွေခိုလှုံရာ ဝင်စီးခံရမှု ကုလ စိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၈ ဒီဇင်ဘာ၊ ၂၀၂၃ 


ရိုဟင်ဂျာတွေ ယာယီ ခိုလုံနေတဲ့နေရာကို တက္ကသိုလ်ကျောင်းသားတချို့ ဝင်ရောက်လာစဉ် (ဒီဇင်ဘာ ၂၇၊ ၂၀၂၃) (အင်ဒိုနီးရှား၊ အာချေးဒေသ)
 
အင်ဒိုနီးရှားနိုင်ငံ၊​ အာချေးပြည်နယ်မြို့တော် Banda Aceh မှာရှိတဲ့ ရိုဟင်ဂျာတွေ ယာယီ ခိုလုံနေတဲ့နေရာကို တက္ကသိုလ်ကျောင်းသားတွေက ဝင်ရောက် စီးနင်းခဲ့တဲ့ဖြစ်ရပ်အတွက် များစွာ စိတ်မကောင်းဖြစ်ရကြောင်း ဒုက္ခ သည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ရိုဟင် ဂျာတွေ ခိုလှုံနေတဲ့နေရာကို အာချေး ဒေသခံ တက္ကသိုလ်ကျောင်းသားတွေနဲ့ လူငယ်တွေက မနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကဘဲ ဝင်စီးပြီး သူတို့ကို ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

Wednesday, December 27, 2023

စစ်ကောင်စီနှင့်ညီနောင်မဟာမိတ်၃ဖွဲ့ဆွေးနွေးပွဲဘာကြောင့် သဘောတူညီချက် မရသလဲ

ဧရာဝတီ
by စောရယ်
27 December 2023

မူဆယ်မြိုနယ် ၁၀၅ မိုင် စီးပွားရေးဇုန်တွင့် တွေ့ရသည့် ညီနောင်မဟာမိတ် သုံးဖွဲ့

ရှမ်းမြောက်တိုက်ပွဲများအတွင်း မြို့များ အရေးပါသောစခန်းများ ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီသည်တရုတ်အကူအ ညီ ဖြင့် ညီနောင်မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် ၃ဖွဲ့နှင့် ယူနန်ပြည်နယ်၌ ဒုတိယအကြိမ် တွေ့ဆုံဆွေး နွေးကြသော်လည်း သဘောတူညီမှု တစုံတရာမရဘဲ အိမ်ပြန်ခဲ့ရကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် နီးစပ် သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ရိုဟင်ဂျာ ၁ ဦးနှင့် ဘင်္ဂလားဒေ့ရှ် ၁ ဦးတို့ကို လူမှောင်ခိုကူးမှု ဖြင့် အင်ဒိုနီးရှားရဲတပ်ဖွဲ့ ဖမ်းဆီး

DVB
December 27, 2023

အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဘက်အကျဆုံး အာချေးပြည်နယ်ဆီကို ရိုဟင်ဂျာဒုက္ခသည်တွေ လူမှောင်ခိုကူးခံရ တာနဲ့ ပတ်သက်လို့ သံသယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတယောက်နဲ့ ရိုဟင်ဂျာတယောက်တို့ကို ဖမ်းဆီးထား တယ် လို့ ဒီဇင်ဘာ ၂၇ ရက်မှာ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ယာယီခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဖိအားပေးဖယ် ရှား ခံရ

RFA
RFA Burmese
2023.12.27

အာချေးပြည်နယ်တွင် အင်ဒိုနီးရှားကျောင်းသားများ ကန့်ကွက်ပြီးနောက် ရိုဟင်ဂျာဒုက္ခသည်များအား နေရာရွှေ့ပြောင်းဖို့ပြင်ဆင်နေသည်ကို တွေ့ရစဉ်။ AFP 

ရာနဲ့ချီတဲ့ ဒေသခံတက္ကသိုလ်ကျောင်းသားတွေဟာ ရိုဟင်ဂျာဒုက္ခသည် ၁၃၇ ဦး ယာယီနေထိုင်နေတဲ့ အင်ဒိုနီး ရှားနိုင်ငံ၊ အာချေးပြည်နယ် မြို့တော် Banda Aceh အစိုးရခန်းမဆောင်ထဲကို ဒီဇင်ဘာ ၂၇ ရက်နေ့ကဝင်ရောက် စီးနင်းတိုက်ခိုက်ပြီး ဒုက္ခသည်တွေကို ထွက်သွားဖို့ ဖိအားပေးခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ ခိုလှုံရာကို အာချေး တက္ကသိုလ်ကျောင်းသား တွေ ဝင်စီး

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၇ ဒီဇင်ဘာ၊ ၂၀၂၃ 

အာချေးကမ်းခြေကို ‌ရောက်လာတဲ့ ရိုဟင်ဂျာများ

အင်ဒိုနီးရှားအနောက်ဘက်အစွန်ဆုံး Aceh ပြည်နယ်က ရာနဲ့ချီတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ရိုဟင်ဂျာ တွေ နေထိုင်တဲ့ ယာယီခိုလှုံရာနေရာတခုကို ဝင်ရောက်စီးနင်းပြီး ပြည်နှင်ဒဏ်ပေးဖို့ ဒီနေ့ပဲ တောင်းဆို ဆန္ဒပြ ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အာချေးပြည်နယ်ထဲကို ရိုဟင်ဂျာဒုက္ခသည် ၁,၅၀၀ ကျော်ရောက် လာတာဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ အဆိုအရ ဒါဟာ ၈ နှစ်တာကာလအတွင်း တလထဲမှာ အများဆုံးဝင်ရောက်လာမှု ဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေထဲကတချို့ကတော့ ဒေသခံတွေရဲ့ကန့်ကွက်မှုကြောင့် ပင်လယ်ထဲကို ပြန်သွားခဲ့ ကြ ရပါတယ်။

Tuesday, December 26, 2023

ရိုဟင်ဂျာ နေရပ်ပြန်ရေး ဩစတြေးလျက ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ ၂၃၅ သန်း ကူညီမည်

DVB
December 26, 2023

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက် ဩစတြေးလျအစိုးရ က ဘင်္ဂလားဒေ့ရှ်အစိုးရကို ဒေါ်လာ ၂၃၅ သန်း ကူညီသွားမယ်လို့ ဩစတြေးလျသံအမတ်ကြီးက ပြောပါတယ်။

တာဝန်ကနေ ပြောင်းရွှေ့တော့မယ့် ဩစတြေးလျသံအမတ်ကြီး ဂျရမီဘူဝါက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ခ် ဟာစီနာကို ဒါကာမြို့က သူနေထိုင်ရာ ဂါနာဘာဘန်ရိပ်သာမှာ နှုတ်ဆက်တဲ့အနေနဲ့ ဒီဇင်ဘာ ၂၄ ရက်မှာ သွား ရောက်တွေ့ဆုံစဉ် အခုလို ကတိပေးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် BSS သတင်းက ဆိုပါတယ်။

အင်ဒိုနီးရှားပြေးသွားတဲ့ ရိုဟင်ဂျာအနာဂတ် မရေရာ

VOA
သိင်္ဂီထိုက်
၂၆ ဒီဇင်ဘာ၊ ၂၀၂၃

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ထွက်ပြေးကြရပြီးနောက် ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အသက်အန္တရာယ် များလှတဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး နယ်မြေသစ်မှာ အခြေချနိုင်ဖို့ ကြိုစားကြ ပေ မဲ့ အင်ဒိုနီးရှားမှာ ဆန့်ကျင်မှုတွေနဲ့ ကြုံလာရတာကြောင့် သူတို့ အနာဂတ်က မရေမရာ ထပ်ပြီး ဖြစ်လာရပါ တယ်။

Link : Here

Sunday, December 24, 2023

ရိုဟင်ဂျာ ၃ ဦး ဖောက်ထွင်းမှုနဲ့ မလေးရှားမှာ အသေဖမ်းမိ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၄ ဒီဇင်ဘာ၊ ၂၀၂၃

မလေးရှားနိုင်ငံ Selangor ပြည်နယ်မှာ ဖောက်ထွင်းမှုလုပ်နေတဲ့ ဓါးပြဂိုဏ်းဆီက သိမ်းဆည်းရမိတဲ့လက်နက်များ။ (ဒီဇင်ဘာ ၂၂၊ ၂၀၂၃/ဓာတ်ပုံ-မလေးရှားရဲတပ်ဖွဲ့)

မလေးရှားနိုင်ငံ Selangor ပြည်နယ်ထဲမှာ ဒီဇင်ဘာလ ၂၂ ရက် သန်းခေါင်ကျော်က ဖောက်ထွင်းမှုလုပ်နေတဲ့ ဓါးပြဂိုဏ်းက ရိုဟင်ဂျာ ၃ ဦးကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ပါတယ်။ ဒီလူတွေဟာ UNHCR ကဒ် ကိုင်ဆောင်ထားသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

Friday, December 22, 2023

မြန်မာ့အရေး ပိုမိုဆောင်ရွက်ဖို့ ထိုင်းအောက်လွှတ်တော်‌ အစိုးရကိုတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၂ ဒီဇင်ဘာ၊ ၂၀၂၃

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ပိုတက်တက်ကြွကြွဆောင်ရွက်ဖို့ ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက ပြောကြားနေစဉ်

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ပိုတက်တက်ကြွကြွဆောင်ရွက်ဖို့ ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက အဆိုပြုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေဖြေရှင်းရေး ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အာဆီယံအဖွဲ့၊အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီးသံတမန်ရေးနည်းနဲ့ ပိုပြီးပြီး ထဲထဲဝင်ဝင်ဆောင်ရွက်ဖို့ အောက်လွှတ်တော်အမတ်တွေက ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ ကော်မတီအစည်း အဝေးမှာ အကြံပြုခဲ့ကြပါတယ်။

ရိုဟင်ဂျာ လှေစီးဒုက္ခသည်များကို အင်ဒိုနီးရှား ဒေသခံ များက လက်မခံလို

DVB
December 22, 2023

ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ အများဆုံး ဆိုက်ကပ်လာလေ့ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေက ဒေသခံ တွေဟာ ယိုယွင်းနေတဲ့ သစ်သားစက်လှေတွေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် တွေကို နှစ်ပေါင်းများစွာ သနားဂရုဏာထား လက်ခံ စောင့်ရှောက်ခဲ့ကြပေမဲ့ အခုတော့ ဒေသခံတွေရဲ့ ရန်လို မ နှစ်မြို့မှု ဆန္ဒပြမှုတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်ခဲ့ရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စက်လှေ အနည်းဆုံး ငါးစီး အင်ဒိုနီးရှား ကို ထပ်ရောက်ဖို့ ရှိနေ

RFA
RFA Burmese
2023.12.22 

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းခြေသို့ စက်လှေဖြင့် ရောက်ရှိလာသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။AFP

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းအနီးကို ရိုဟင်ဂျာဒုက္ခသည်တွေအပြည့် တင်ဆောင်လာတဲ့ စက်လှေ အနည်းဆုံး ငါးစီး ချဉ်းကပ်လာတယ်လို့ အင်ဒိုနီးရှား လေတပ်အရာရှိက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပြော လိုက်ပါတယ်။

ရိုဟင်ဂျာလှေ ၅ စီးထက်မနည်း အင်ဒိုနီးရှားကို ဦးတည်လာ နေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၃ ဒီဇင်ဘာ၊ ၂၀၂၃ 

Dua orang warga Kota Sabang saat melihat kapal yang digunakan pengungsi Rohingya mengarungi lautan dan berlabuh di pesisir Le Meulee, Kota Sabang, Aceh. (Foto: VOA/Anugrah Andriansyah) 
 
ရိုဟင်ဂျာလှေ ၅ စီးထက်မနည်း အင်ဒိုနီးရှားကို ဦးတည်လာနေ

ရိုဟင်ဂျာ ဒုက္ခသည်တွေ အပြည့်အသိပ်ပါတဲ့ စက်လှေ ၅ စီးထက်မနည်း အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ကမ်းလွန်ဆီ ဦးတည် ချဥ်းကပ်လာနေတာကို တွေ့ရတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ကြာသပတေး နေ့က ပြောပါတယ်။

5 more boats packed with refugees approach Indonesia's shores, air force says

INDEPENDENT
Yayan Zamzami,Niniek Karmini
December 21, 2023

Indonesian authorities have detected at least five boats packed tight with Rohingya refugees approaching the shores of Aceh province.
Migration Indonesia Rohingya
(Copyright 2021 The Associated Press. All rights reserved.)

Indonesian authorities detected at least five boats packed tight with refugees approaching shores of Aceh province, officials said Thursday.

Thursday, December 21, 2023

Unsafe conditions at Rohingya camps cannot be the norm

Dhaka Tribune
Tribune Editorial
Publish : 22 Dec 2023

The news of two Rohingya men being killed in two separate camps in Cox's Bazar tells us that when it comes to ensuring safety at these camps, we still have much more work to do. We continue to see repeated incidents of violence in the Rohingya camps, and suffice to say, more needs to be done to ensure that these are kept to a minimum.
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */