" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 22, 2023

မြန်မာ့အရေး ပိုမိုဆောင်ရွက်ဖို့ ထိုင်းအောက်လွှတ်တော်‌ အစိုးရကိုတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၂ ဒီဇင်ဘာ၊ ၂၀၂၃

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ပိုတက်တက်ကြွကြွဆောင်ရွက်ဖို့ ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက ပြောကြားနေစဉ်

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ပိုတက်တက်ကြွကြွဆောင်ရွက်ဖို့ ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက အဆိုပြုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေဖြေရှင်းရေး ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အာဆီယံအဖွဲ့၊အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီးသံတမန်ရေးနည်းနဲ့ ပိုပြီးပြီး ထဲထဲဝင်ဝင်ဆောင်ရွက်ဖို့ အောက်လွှတ်တော်အမတ်တွေက ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ ကော်မတီအစည်း အဝေးမှာ အကြံပြုခဲ့ကြပါတယ်။
 

ထိုင်းနိုင်ငံခြားရေးဌာနအနေနဲ့ NUG ကြားကာလအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် မြန်မာ့အရေးမှာအရေးပါသူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့၊မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေလျော့ ကျသွား အောင် သက်ဆိုင်တဲ့အဖွဲ့တွေအားလုံးနဲ့ ဆွေးနွေးဖို့၊ မြန်မာနိုင်ငံကဖြစ်ပေါ်တိုးတက်မှုတွေကို စောင့်ကြည့်သုံး သပ်တဲ့ရုံးခန်းတခုကို ထိုင်းအစိုးရနဲ့စစ်တပ်ပေါင်းပြီး ဖွင့်လှစ်ဖို့ ထိုင်းနိုင်ငံထဲမှာရောက်နေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ စတဲ့အချက်တွေကို ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေး ရာ ကော်မတီက အဆိုပြုခဲ့ပါတယ်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */