RFA
RFA Burmese
2023.12.27
.png)
တောင်းဆိုရာမှာ ပါဝင်တဲ့ ကျောင်းသားတစ်ဦးက ရိုဟင်ဂျာတွေကို ပြည်နှင်ဒဏ်မပေးနိုင်ရင် အာချေးက လူဝင် မှုကြီးကြပ်ရေးရုံး အကြီးအကဲ ရာထူးကနေ နုတ်ထွက်သင့်တယ်လို့လည်း AFP ကို ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်မှာ အာချေးပြည်နယ်ကို ရိုဟင်ဂျာ ဒုက္ခသည် ၁၅၀၀ ကျော် လှေတွေနဲ့ ရောက်ရှိခဲ့ တာဖြစ်ပြီး ဒီကာလတိုအတွင်း အခုလိုရောက်လာတဲ့အရေအတွက်ဟာ ရှစ်နှစ်အတွင်း အများဆုံး ဝင်ရောက်လာ တာလို့ ကုလသမဂ္ဂက ဆိုပါတယ်။
ကျောင်းသားတွေဟာ ကားတာယာကွင်းတွေကို မီးရှို့ဆန္ဒပြကြပြီး ရိုဟင်ဂျာတွေကို တခြားနေရာကို ရွှေ့ဖို့ ကား တွေပါ ပြင်ဆင်လာတာလို့ AFP သတင်းမှာ ဖော်ပြပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ ကျောင်းသားတစ်ဦးက အင်ဒိုနီးရှားကို ရိုဟင်ဂျာတွေ လာနေတာ လက်မခံတဲ့အတွက် အခု လိုဆန္ဒပြတာလို့ ပြောပါတယ်။
ရိုဟင်ဂျာတွေကို ဖယ်ရှားဖို့ ကြိုးစားတဲ့ ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ရဲတပ်ဖွဲ့က ရိုဟင်ဂျာတွေကို ဖယ်ရှားဖို့ ကျောင်းသားတွေကို ခွင့်ပြုလိုက်တယ်လို့ AFP သတင်းမှာ ဖော်ပြပါ တယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အခုလိုတိုက်ခိုက်ခံရတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း၊ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အကာအကွယ်တွေ ပိုလို အပ်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒုက္ခသည်တွေကို အခုလိုတိုက်ခိုက်တာဟာ အွန်လိုင်းပေါ်က သတင်းတု၊ သတင်းမှားတွေနဲ့ မဟုတ်မမှန် လုပ်ကြံ ထားတဲ့ အမုန်းစကားတွေကြောင့် ဖြစ်တယ်လို့ UNHCR က ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ၂ဝ၁၇ ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခို လှုံ ခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေးကျပ်တည်းပြီး ဒုစရိုက်မှုတွေ၊ ပြန်ပေးဆွဲမှု တွေနဲ့ပါ ကြုံနေရတာကြောင့် အသက်အန္တရာယ်ရှိတဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး အင်ဒိုနီးရှား၊ မလေးရှား စတဲ့ နိုင် ငံတွေဆီ စက်လှေတွေနဲ့ ထွက်ပြေးနေကြတာဖြစ်ပါတယ်။
အဲဒီလိုထွက်ပြေးရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေကို အင်ဒိုနီးရှားဒေသခံတွေက လက်မခံကြောင်း မကြာခဏ ဆန္ ဒပြကန့်ကွက်နေတာလည်းဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်မှာ လက်မှတ်ရေး ထိုးမ ထားပေမဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားပါတယ်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ကတော့ ရိုဟင်ဂျာတွေကို ယာယီအကူအညီတွေ ပေးသွားမှာဖြစ်ပေမဲ့ ဒေသခံ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးဆုံးဖြတ်သွားမယ်လို့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပြောထားပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှားဒေသခံတွေက လက်မခံတာကြောင့် ရိုဟင်ဂျာတွေကို ကူညီပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်း တွေဖြစ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုသမ္မတ ဂျိုကိုဝီဒိုဒိုက တိုက်တွန်းထားပါတယ်။
ဆက်နွယ်သောသတင်းများ
No comments:
Post a Comment