" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 28, 2023

ငတ်မွတ်မှုနဲ့ ဒုစရိုက်မှုတွေကြောင့် ဒုက္ခသည်စခန်းကနေ လွတ်မြောက်ဖို့ ရိုဟင်ဂျာတွေ ကြိုးစားနေ

RFA
ဂျူလိုင်မျိုး (ဝါရှင်တန်ဒီစီ)
2023.12.28 

ဘင်္ဂလားဒေ့ရ်နိုင်ငံရှိ ဒုက္ခသည်စခန်းမှ ကလေးငယ်များ သောက်သုံးရေ သယ်ဆောင်လာသည်ကို ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ AFP

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်လုပြီး ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အ သက်ရှင်သန်ဖို့ မျှော်လင့်ချက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံခဲ့ကြပေမဲ့ ကူညီထောက်ပံ့မှုတွေ လျော့ကျလာတာ ကြောင့် စားဝတ်နေရေး ခက်ခဲလာသလို ဒုစရိုက်မှုတွေ၊ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကိုလည်း ရင်ဆိုင်နေရပြန်ပါ တယ်။

ကုလသမဂ္ဂက ပေးတဲ့ ထောက်ပံ့ငွေနဲ့ မလုံလောက်တော့လို့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ အသက် ၂၇ နှစ်အရွယ် ကလေးနှစ်ယောက် မိခင် နူရာ ကေးစ်ဟာ ခင်ပွန်းဖြစ်သူ အဖမ်းခံထားရတာကြောင့် အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရပါတယ်။

"မိသားစုလေးယောက်မှာ ကလေးတစ်ယောက်က WFP မှာ စာရင်းမသွင်းထားလို့ သုံးယောက်စာအတွက်ပဲ ရိက္ခာခွဲတမ်းရပါတယ်။ အဲဒီခွဲတမ်းထဲက တစ်ယောက်စာကိုပဲ သုံးပြီး ကျန်တာတွေကို ယူထားတဲ့ အကြွေးတွေ အတွက် ပေးရပါတယ်။ စားဖို့ သောက်ဖို့အတွက်လည်း တခြားအိမ်တွေမှာ အလုပ်လိုက်လုပ်ရတာကြောင့် ယော ကျာ်းကို ထောင်ဝင်စာတောင် သွားမတွေ့နိုင်ပါဘူး"

သူ့ရဲ့ခင်ပွန်းဖြစ်သူဟာ စက်လှေမှာ တရားမဝင် အလုပ်လုပ်လို့ဆိုပြီး ဖမ်းခံထားရတာ ခြောက်လလောက် ရှိပါပြီ။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ ကူညီထောက်ပံ့မှုတွေ ရတာ နည်းသွားလို့ ငတ်မွတ်မှုဒဏ်ကို ရင်ဆိုင်နေရပေမဲ့ စ ခန်း အပြင်ထွက် အလုပ်လုပ်ဖို့ ကြိုးစားရင်လည်း ဖမ်းဆီးခံရမှာကို စိုးရိမ်နေရပါတယ်။

"အခုဆို ကျွန်မ အရမ်းကို စိတ်ဆင်းရဲတယ်။ အိမ်နီးချင်းတွေ တစ်ခုခုစားတာမြင်ရင် ကလေးတွေက စားချင်လို့ ငိုကြတယ်။ ကလေးတွေ ငိုနေတာလည်း ကျွန်မ မကြည့်ရက်ဘူး။ ကျွေးစရာလည်း ဘာမှ မရှိဘူး။ ဘာမှလဲ ဝယ် မဆင်ပေးနိုင်ဘူး။ ကျွန်မမှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နေ့နေ့ညည ငိုနေရတာပါပဲ"

လက်ရှိမှာ ရိုဟင်ဂျာ သန်းနဲ့ချီ ခိုလှုံနေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေဟာ လက်နက်ကိုင်ဒုစ ရိုက်အဖွဲ့မျိုးစုံ ခြေချင်းလိမ်တဲ့နေရာ ဖြစ်လာနေပြီး မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကုန်ကူးရာ နေရာတစ်နေရာ လည်း ဖြစ်နေပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့ ဆက်နွယ်တဲ့ ရန်ပွဲတွေကြောင့် ဒီနှစ်ထဲမှာတင် ရိုဟင်ဂျာဒုက္ခသည် အယောက် ၆ဝအသတ် ခံ ခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီအခြေအနေတွေအပြင် ဒုက္ခသည်စခန်းတွေမှာ ပြန်ပေးဆွဲ ငွေညှစ်တဲ့ ကိစ္စတွေလည်း တစ်ရှိန်ထိုး မြင့်တက် လာတာကြောင့် တတိယနိုင်ငံတွေအဖြစ် မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားကို ရောက်ဖို့ ပင်လယ်ပြင်ခရီးကို အသက်စွန့်ဖြတ်သန်းပြီး သွားကြသူတွေ တစ်စထက်တစ်စ များလာတာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းခြေသို့ စက်လှေဖြင့် ရောက်ရှိလာသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။ Photo: AFP
 
အဲဒီလို ပင်လယ်ပြင်ခရီးကို အသက်စွန့်ဖြတ်ပြီး မလေးရှားကို သွားခဲ့တဲ့ထဲမှာ အသက် ၅၅ နှစ်အရွယ် ရိုဟင်ဂျာ ဒုက္ခသည် မိုဟာမက် အစ်စ်လမ် ရဲ့ သားလည်း ပါဝင်ပါတယ်။

"ကျွန်တော်ကိုယ်တိုင်ကလဲ အသက်ကြီးနေပြီ။ အိမ်ထောင်မကျသေးတဲ့ သမီးလေးယောက်လဲ ရှိတယ်။ ဒီဆိုင် လေးဖွင့်တာ တစ်ရက်ကို အများဆုံး နှစ်ဒေါ်လာဖိုးလောက်ပဲ ရောင်းရတာလေ။ အဲဒါကြောင့် ကျွန်တော့်သားကို မလေးရှားကို လွှတ်လိုက်တာပါ။ ကျွန်တော့်သား မလေးရှားကို မရောက်မချင်း တငိုငို တရီရီနဲ့ ပူပန်နေရတာပါ။ သူ မလေးရှားကို မရောက်ဘဲ လမ်းခရီးမှာ တစ်ခုခုများ ဖြစ်သွားမလား။ သေမလား ရှင်မလားဆိုပြီး ပူပန်ရတဲ့ အပူက ဘာနဲ့မှ မတူပါဘူး"

မလေးရှားနိုင်ငံကို ရောက်ရင် အိမ်ထောင်ဖက်ကောင်း တွေ့ရဖို့ မျှော်လင့်ချက်နဲ့ ဒုက္ခသည်စခန်းထဲက ထွက်ခွာ ချင်တဲ့ ရိုဟင်ဂျာအမျိုးသမီးငယ်တွေ ရာနဲ့ချီ ရှိနေပါတယ်။

ပင်လယ်ပြင်ကို ဖြတ်ပြီး မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားကို သွားချင်ရင် တစ်ယောက်ကို ဒေါ်လာ ၉ဝဝ ကနေ ၁၈ဝဝ ကြား ပွဲစားတွေကို ပေးရပါတယ်။

ဒီလိုသွားကြတဲ့ ရိုဟင်ဂျာတွေထဲမှာ သေဆုံးသွားသူတွေ၊ လမ်းခရီးမှာ အဖမ်းခံရလို့ ထောင်ကျသွားသူတွေလည်း ရှိပါတယ်။ 
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေသို့ စက်လှေဖြင့် ဆိုက်ကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ Photo: AFP
 
 
 စခန်းထဲက ရိုဟင်ဂျာဒုက္ခသည်တွေကတော့ အသက်နဲ့လောင်းကြေးထပ်ပြီး ပင်လယ်ပြင်ခရီးကို သွားနေကြဆဲ ပဲလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဆိုင်ဖူရယ် အာရက်ကနီက ပြောပါတယ်။

"ရိုဟင်ဂျာလူငယ်တွေကတော့ ဒုစရိုက်ဂိုဏ်းတွေရဲ့လက်ထဲမှာ အသတ်ခံရမဲ့အစား ပင်လယ်ထဲမှာ သေရင်သေ ရှင်ရင်ရှင် ဘာကိုမှ ဂရုမစိုက်ဘဲ စခန်းက ထွက်သွားချင်ကြတဲ့ အခြေအနေဖြစ်နေတာ"

ဒုက္ခသည်စခန်းတွေထဲမှာ လက်နက်ကိုင်ဒုစရိုက်သမားတွေက ရိုဟင်ဂျာတွေကို ပြန်ပေးဆွဲပြီး ဒေါ်လာ ထောင်နဲ့ ချီပေးမှ ပြန်လွှတ်ပေးလေ့ရှိတယ်လို့ ပြောကြပါတယ်။

ဒီလိုအခြေအနေတွေကြောင့်ပဲ ပိုကောင်းတဲ့ နိုင်ငံကို ရောက်ရေးဟာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အိပ်မက် ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ထဲကို ရိုဟင်ဂျာဒုက္ခသည် ၁၅ဝဝ ကျော် စက်လှေ နဲ့ ကမ်းကပ်ရောက်ရှိခဲ့ပါတယ်။

အဲဒီလိုရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ယာယီထောက်ပံ့ကူညီသွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို က ပြောထားပေမဲ့ ဒေသခံတွေက လက်မခံတဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။

ဆက်နွယ်သောသတင်းများ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */