" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 29, 2023

လက်နက်ကြီးကြောင့် ရိုဟင်ဂျာ ဆယ်ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

RFA
RFA Burmese
2023.12.29

ဘူးသီးတောင်မြို့နယ် စေတီတောင် ရိုဟင်ဂျာရွာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့်နေရာအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့က တွေ့ရစဥ်။ Citizen Journalist 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မြောက်ဦးမြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက် တစ်ရက်တည်းမှာတင် စစ် ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ ဆယ်ဦး သေဆုံးပြီး၊ ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ရွာမှာ ဒီဇင်ဘာ ၂၈ ရက် ည ၉ နာရီခန့်က စစ်ကောင်စီ တပ်စခန်း ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနေအိမ်မှာအိပ်ပျော်နေတဲ့ရိုဟင်ဂျာ ကလေးသုံးဦး အပါအဝင် တစ်မိသားစုတည်းကနေ မိသားစုဝင် ခြောက်ဦး သေဆုံးခဲ့ပါတယ်။ နောက် ထပ် မိသားစုဝင် တစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၆၀ အရွယ် ဦးဇာဖောရ်၊ အသက် ၁၉ နှစ်အရွယ် မောင်အာန်ဆာရ်အူလာ၊ အသက် ငါးနှစ်အရွယ် မောင်ဆော့ယောဒ်အာမိန့်၊ အသက် သုံးနှစ်အရွယ် မောင်နိုရိုလ်အာမိန်၊ အ သက် ၁၁ နှစ်အရွယ် မောင်ဟာလယာနဲ့ အသက် နှစ်ဆယ်အရွယ် မတောစ်မီနာရာတို့ ဖြစ်ပါတယ်။

လက်နက်ကြီးကြောင့် သူတို့ရဲ့နေအိမ် မီးလောင်ပျက်စီးခဲ့သလို အိမ်သားတွေလည်း ကျည်ထိမှန်ရုံမက မီးလောင် သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စေတီတောင်ရွာခံ ရိုဟင်ဂျာတစ်ဦးက RFA ကို ဒီနေ့မနက်ပိုင်းက ပြောပါတယ်။

“မနေ့ည (ကြာသပတေးည) က ရွာထဲကို လက်နက်ကြီး သုံးလုံးကျပါတယ်။ တစ်လုံးက နေအိမ်ပေါ် တိုက်ရိုက်ကျတယ်။ အိမ်မှာ အိပ်နေတဲ့ မိသားစု ခြောက်ယောက်လုံး သေသွားပါတယ်။ အိမ်လည်း မီးလောင်သွားတယ်။ အလောင်းတွေလည်း မီးလောင်သွားပါတယ်။ ဒဏ်ရာရတဲ့ တစ်ယောက်က တော့ ကယ်ဖို့လုပ်တုန်း ဒဏ်ရာရသွားတာပါ”

အဲဒီလက်နက်ကြီးကျည်ဆန်ဟာ ဘူးသီးတောင်မြို့နယ်၊ သုံးဆယ့်တစ်ဘုံ စေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကနေ ပစ်ခတ်ခဲ့တာလို့လည်း သူက ပြောပါတယ်။

စေတီတောင် ရိုဟင်ဂျာရွာမှာ အိမ်ခြေ ခြောက်ဆယ်ကျော်၊လူဦးရေသုံးရာကျော်ရှိတယ်လို့ဒေသခံတွေ က ပြောပါတယ်။

သေဆုံးထိခိုက်မှုတွေကြောင့် ရွာသူ၊ ရွာသား အားလုံး စိုးရိမ်ထိတ်လန့်နေပေမယ့် ရိုဟင်ဂျာ မွတ်စလင် တွေဟာ အစကတည်းက ရခိုင်ပြည်နယ်အတွင်းမှာတောင် လွတ်လပ်စွာ သွားလာပြောင်းရွှေ့ခွင့် မရ တာ ကြောင့် အခုလို အသက်ဘေးကြုံရချိန်မှာပြေးစရာနေရာမရှိဘဲရွာမှာပဲဆက်လက်နေထိုင်ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ဒီဇင်ဘာ ၂၈ ရက် တစ်ရက်တည်းမှာပဲ မြောက်ဦးမြို့နယ်က ကိုင်းတော၊ ဘူးတစ်လုံး၊ ပေါင်း တုတ် စတဲ့ ရိုဟင်ဂျာရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းကနေ ပါ တိုက်ခိုက်ခဲ့တဲ့အတွက် ရိုဟင်ဂျာ လေးဦးသေဆုံးပြီး၊ ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြော ပါတယ်။

ကိုင်းတောရွာမှာ ရိုဟင်ဂျာအမျိုးသား နှစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တာပါ။ ဘူးတစ်ဦးရွာ မှာ လည်း ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ နောက်ထပ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ပေါင်းတုတ်ရွာမှာတော့ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ နောက်ထပ် အမျိုးသားလေးဦး ဒဏ် ရာ ရခဲ့တာလို့ ဆိုပါတယ်။

မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့တဲ့အတွက် မြောက်ဦးနဲ့ မင်းပြားမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကနေ ကျေးရွာတွေ ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးအရ အ မည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ မနက်ပိုင်းက ပြောပါတယ်။

“မနေ့က AA က မြောင်းဘွေ ရဲစခန်းကို ဝင်တိုက်တယ်လေ။ အဲဒီမှာ စစ်ကောင်စီတပ်က လက်နက် ကြီး တွေရော၊ လေယာဉ်နဲ့ရော လာပစ်တာပါ။ အနီးအနား ရွာတွေကို ပစ်တဲ့အချိန်မှာ အခုလို သေ ဆုံးဒဏ် ရာရသွားတာ။ နေအိမ်တွေလည်း မီးလောင်သွားပါတယ်။ မြောက်ဦးဘက်ကရောမင်းပြား ဘက် က ရော လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဂျက်လေယာဉ်တွေနဲ့လည်း လာပစ်ပါတယ်”

ရက္ခိုင့်တပ်တော် (AA) ကတော့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေရှိတဲ့ မြို့ရွာတွေကို ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီးနဲ့ပစ်၊ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာလို့ ဒီဇင်ဘာ ၂၈ရက်ညပိုင်းကထုတ် ပြန်ထားပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတစ်စုံတစ်ရာမထုတ်ပြန်သေးသလိုစစ်ကောင်စီပြောခွင့် ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစတင်တဲ့ ဒီဇင်ဘာ ၁၃ ရက်ကနေ ဒီဇင်ဘာ ၂၉ ရက် ဒီနေ့အထိ တစ်လကျော်အတွင်း သေဆုံး တဲ့ အရပ်သား အယောက် လေးဆယ်နဲ့ ဒဏ်ရာရသူ တစ်ရာကျော် ရှိသွားပါပြီ။

ဆက်နွယ်သောသတင်းများ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */