" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 29, 2023

ရိုဟင်ဂျာလှေတစင်း အင်ဒိုရေတပ်မောင်းထုတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၉ ဒီဇင်ဘာ၊ ၂၀၂၃ 

MIGRATION-INDONESIA/ROHINGYA-PROTEST

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရဲ့ အနောက်မြောက်ဘက်စွန်း အာချေးပြည်နယ် ကမ်းရိုးတန်းကို ဦးတည်ချဉ်းကပ်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် လှေတစီးကို နိုင်ငံတကာ ရေပိုင်နက်ထဲကို အင်အားသုံး ပြီး ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ အင်ဒိုနီးရှား ရေတပ်က ဒီဇင်ဘာ ၂၈ ရက် ကြာသပတေးနေ့က ပြော ပါတယ်။

အင်ဒိုနီးရှားကမ်းရိုးတန်းကနေ ရေမိုင် ၆၃ မိုင် အကွာမှာ ဒုက္ခသည်တွေပါလာတယ်လို့ယူဆရတဲ့ လှေ သင်္ဘောတစင်းကို ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားရေတပ်ကတွေ့ရှိခဲ့ပြီး ရေပိုင်နက်ထဲကနေ မောင်းထုတ် ခဲ့ တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလလယ်လောက်ကစပြီး ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက စခန်းတွေကနေ ထွက်ခွာလာကြတဲ့ လှေစီးပြေးရိုဟင်ဂျာဒုက္ခသည်တွေဟာ အာချေးပြည်နယ်ထဲကို အများအပြား ရောက်လာနေတာမှာ အခုဆိုရင် ရိုဟင်ဂျာ ၁,၅၀၀ ကျော် ရှိသွားပါပြီ။

အာချေး ဒေသခံတွေဘက်ကလည်း လပိုင်းအတွင်း ဒုက္ခသည်ထောင်ကျော်ရောက်လာလို့ ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ အင်ဒိုနီးရှားရေတပ်က ရေပိုင်နက်အတွင်း ကင်းလှည့် စစ်ဆေးတာတွေ အရှိန် အဟုန်မြှင့်နေသလို တဘက်မှာလည်း ရိုဟင်ဂျာအရေး ပံ့ပိုးကူညီဖြေရှင်းပေးဖို့ အင်ဒိုနီးရှားအစိုးရက နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံထားပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း အာချေးပြည်နယ် မြို့တော် ဘန်ဒါအာချေးက ရိုဟင်ဂျာဒုက္ခသည် ၁၃၇ ယောက် ဝန်းကျင် ယာယီခိုလှုံနေတဲ့ စခန်းတခုကို အာချေးဒေသခံ ကျောင်းသားအုပ်စုက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ အင်ဒိုနီးရှားရဲ့ လူဦးရေ ၂၇၇ သန်းထဲမှာ ၉၀ ရာခိုင်နှုန်းနီးပါးက မွတ်ဆလင်တွေ ဖြစ်ကြပါတယ်။

အရင်ကဆိုရင် ထိုင်းနဲ့မလေးရှားနိုင်ငံတွေကလက်မခံတဲ့ လှေစီးပြေးရိုဟင်ဂျာတွေကို အင်ဒိုနီးရှားက လက်ခံလေ့ရှိပေမယ့် ဒီနှစ်ထဲမှာတော့ ဒေသခံတွေကြားမှာ အထူးသဖြင့် ရိုဟင်ဂျာဆန့်ကျင်ရေး စိတ် ဓာတ် တွေ တဟုန်ထိုး မြင့်တက်လာခဲ့ပြီး ဒုက္ခသည်တွေရဲ့ အပြုအမူတချို့ကို စွပ်စွဲ ဝေဖန်တာတွေရှိသ လို ဒေသအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ယူဆလာလို့ ဆန့်ကျင်ကန့်ကွက်တာတွေ လုပ်နေကြ ပါတယ်။

၂၀၁၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်မြေရှင်းလင်းရေး စစ်ဆင် ရေး တွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ခိုလှုံရောက်နေတာ နှစ်နဲ့ ချီ ကြာလာနေပါတယ်။ ရိုဟင်ဂျာတွေဟာ ဒုက္ခသည် စခန်တွေမှာလည်း အကျပ်အတည်း မျိုးစုံ ကြုံနေ ရလို့ လူမှောင်ခိုတွေရဲ့ အကူအညီနဲ့အတူ လှေစီးထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */