" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, December 24, 2023

ရိုဟင်ဂျာ ၃ ဦး ဖောက်ထွင်းမှုနဲ့ မလေးရှားမှာ အသေဖမ်းမိ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၄ ဒီဇင်ဘာ၊ ၂၀၂၃

မလေးရှားနိုင်ငံ Selangor ပြည်နယ်မှာ ဖောက်ထွင်းမှုလုပ်နေတဲ့ ဓါးပြဂိုဏ်းဆီက သိမ်းဆည်းရမိတဲ့လက်နက်များ။ (ဒီဇင်ဘာ ၂၂၊ ၂၀၂၃/ဓာတ်ပုံ-မလေးရှားရဲတပ်ဖွဲ့)

မလေးရှားနိုင်ငံ Selangor ပြည်နယ်ထဲမှာ ဒီဇင်ဘာလ ၂၂ ရက် သန်းခေါင်ကျော်က ဖောက်ထွင်းမှုလုပ်နေတဲ့ ဓါးပြဂိုဏ်းက ရိုဟင်ဂျာ ၃ ဦးကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ပါတယ်။ ဒီလူတွေဟာ UNHCR ကဒ် ကိုင်ဆောင်ထားသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ Selangorပြည်နယ် Selayang မြို့နယ် Taman Selayang Jaya မှာ ဒီဇင်ဘာလ ၂၂ ရက်က ညသန်းခေါင်အချိန်မှာ ဖောက်ထွင်း ဓားပြတိုက်တဲ့ဂိုဏ်းဝင်ရိုဟင်ဂျာ ၃ ဦးကို ရဲက အသေပစ် ဖမ်းဆီးလိုက်ပါ တယ်။ သူတို့တွေထဲက ၂ ဦးဟာ UNHCR ကဒ်ကိုင်ဆောင်ထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ Ford Fiesta အမျိုးအစားကားကို စီးနင်းလာတဲ့ အသက် ၃၀ အရွယ် သံသယရှိသူသုံးဦးကို မှုခင်းကြိုတင်ကာကွယ်ရေးအဖွဲ့ တဖွဲ့က ညသန်းခေါင်ကျော် ၁၂ နာရီခွဲမှာ မသင်္ကာစရာတွေ့ရှိရတာဖြစ်ကြောင်း ဆီလန်ဂေါရဲချုပ် Datuk Hussein Omar Khan ကသတင်းစာရှင်းလင်းပွဲမှာ မလေးရှာဘာသာနဲ့ အခုလိုပြောသွားပါတယ်။

“သူတို့အနေနဲ့ စစ်ဆေးရပ်တန့်ခိုင်းတဲ့အခါ အဲဒီရိုဟင်ဂျာတွေဟာ ရဲတပ်ဖွဲ့ကို သေနတ်နဲ့စတင်ပစ်ခတ်ပြီး တုံ့ပြန် ခဲ့တယ်။” လို့ ရဲမှူးကပြောသွားတာ ဖြစ်ပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့က သံသယရှိသူရဲ့ကားကို ပြန်လည်ပစ်ခတ်ခဲ့ပြီးနှစ်ဘက်အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း နဲ့ တရားခံဘက်မှ ရဲတပ်ဖွဲ့ကို သေနတ် ၃ ချက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ သံသယရှိသူရဲ့ကားကို ခုနစ်ချက် ပစ်ခတ်ခဲ့ပြီးတဲ့နောက် ကားပေါ်ပါလာသူတွေကို အသေဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

သံသယရှိသူနှစ်ဦးထံကတော့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကဒ်တွေက စစ်ဆေး တွေ့ရှိခဲ့ပြီး အခြားသံသယရှိသူနောက်တဦးကတော့ သက်သေခံစာရွက်စာတမ်းများမရှိတဲ့အကြောင်း ရဲမှူးဟူစိန် က ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က သူတို့ကားကိုစစ်ဆေးခဲ့ရာမှာ ဓားရှည်တလက်နဲ့ ခြောက်လုံးပြူးအမျိုးအစား ပစ္စတိုနှစ်လက်ကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။ အမည်မသိ သံသယရှိသူနောက်တဦးကို နောက်ထပ် စစ်ဆေးခဲ့ရာမှာ သူက ရိုဟင်ဂျာ လူမျိုးဖြစ်ပြီး ဖောက်ထွင်းလုယက်တွေကို ၂၀၁၁ ခုကတည်းက ရာဇဝတ်မှုမှတ်တမ်းနဲ့ ၂၀၁၆ နဲ့ ၂၀၁၇ တွေမှာ ထောင်ချခံရသူဖြစ်တယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

"ဆလန်ဂေါမှာသာမက ကွာလာလမ်ပူ၊ Melaka၊ Negeri Sembilan၊ Pahang နဲ့ Penang တို့မှာလည်း ၂၀၁၁ ခုနှစ်ကတည်းက သူတို့ရာဇဝတ်မှုတွေလုပ်ခဲ့တယ်လို့ ရဲမှူးက ပြောပါတယ်။

၂၀၁၁ ခုနှစ်ကစတင်ပြီး အခုအချိန်အထိ ဖောက်ထွင်းဂိုဏ်းဟာ ပြည်နယ်ခြောက်ခုမှာ အိမ်ဖောက်ထွင်းမှုနဲ့ ဓားပြ တိုက်မှု အနည်းဆုံး အကြိမ် ၅၀ ထက်မနည်းလုပ်ထားတယ်လို့ ယူဆရကြောင်း ပြောပါတယ်။ Selangor မှာ "ဒီ ဂိုဏ်းနဲ့ ပတ်သက်နေတဲ့ နောက်ဆုံးအမှုတခုကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က Batang Kali၊ Hulu Selangor မှာ တန်ဖိုးကြီးတဲ့ Rolex နာရီ ၃ လုံးနဲ့ Hublot နာရီ ၂ လုံး ခိုးယူသွားခဲ့တယ်လို့ဆိုပါတယ်။

ဒီအဖွဲ့ကတော့ ဖောက်ထွင်းဝင်ရောက်ပြီး အဖိုးတန်ပစ္စည်းတွေကို ဖောက်ထွင်းမှုမလုပ်ခင်မှာ လူမရှိတဲ့ နေအိမ် တွေ ကို ပစ်မှတ်ထားတာဖြစ်တယ်လို့လည်း ရဲမှူးကပြောပါတယ်။

သံသယရှိသူနှစ်ဦးကထံကနေ UNHCR ကဒ်တွေ့တဲ့အတွက် အဲဒီ အထောက်အထားကို အတည်ပြုနိုင်ဖို့လုပ်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ နိုင်ငံအတွင်း UNHCR ကဒ်နဲ့ပတ်သက်လို့ ထပ်ပြီး စစ်ဆေးနေတယ်လို့ ရဲမှူးဟူစိန်ကပြောကြား ခဲ့ ပါတယ်။

"ဒီသေနတ်ကို ဘယ်ကရခဲ့တာလဲ၊ သေနတ်နှစ်လက်ကို တခြားရာဇ၀တ်မှုတွေအတွက် အသုံးပြုခဲ့သလားဆို တာကို နောက်ထပ် စုံစမ်းစစ်ဆေးနေတုန်းပါပဲ။” လို့ ရဲတပ်ဖွဲ့ကပြောသွားပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒီဖောက်ထွင်းဂိုဏ်းဟာ Hulu Selangor နဲ့ အပြင် Selayang ဧရိယာတွေမှာ ဖောက်ထွင်းမှုနဲ့ လုယက်မှုတွေ မကြာခဏ ကျူးလွန်ကြောင်း မှတ်တမ်းတွေနဲ့လည်းဖော်ပြခဲ့သလို့ သိမ်းဆည်းထားတဲ့သေနတ် ၂ လက်ကိုလည်း ဖော်ပြကြပါတယ်။

ဒီအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၇ အရ အမှုဖွင့်စစ်ဆေးနေကြောင်း ရဲမှူးဟူစိန်က ပြောကြားသွားပါတယ်။ သေ ဆုံးသူတွေဟာ Melaka (မလက်ကာ), Negri (နာဂရီ), Sembilan (ဆန်ဘီလန်), Selangor (ဆီလန်ဂေါ), Kula Lumpur (ကွာလ္လာမ်ပူ), Pahang (ဖာဟန်း) နဲ့ Penang (ပီနန်) တို့မှာ မှုခင်းတွေ ကျူးလွန်ထားသူတွေ ဖြစ်‌တယ် လို့ ရဲချုပ်က‌ ပြောဆိုခဲ့ပါတယ်ရှင်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */