Wednesday, December 27, 2023

ရိုဟင်ဂျာတွေ ခိုလှုံရာကို အာချေး တက္ကသိုလ်ကျောင်းသား တွေ ဝင်စီး

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၇ ဒီဇင်ဘာ၊ ၂၀၂၃ 

အာချေးကမ်းခြေကို ‌ရောက်လာတဲ့ ရိုဟင်ဂျာများ

အင်ဒိုနီးရှားအနောက်ဘက်အစွန်ဆုံး Aceh ပြည်နယ်က ရာနဲ့ချီတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ရိုဟင်ဂျာ တွေ နေထိုင်တဲ့ ယာယီခိုလှုံရာနေရာတခုကို ဝင်ရောက်စီးနင်းပြီး ပြည်နှင်ဒဏ်ပေးဖို့ ဒီနေ့ပဲ တောင်းဆို ဆန္ဒပြ ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အာချေးပြည်နယ်ထဲကို ရိုဟင်ဂျာဒုက္ခသည် ၁,၅၀၀ ကျော်ရောက် လာတာဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ အဆိုအရ ဒါဟာ ၈ နှစ်တာကာလအတွင်း တလထဲမှာ အများဆုံးဝင်ရောက်လာမှု ဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေထဲကတချို့ကတော့ ဒေသခံတွေရဲ့ကန့်ကွက်မှုကြောင့် ပင်လယ်ထဲကို ပြန်သွားခဲ့ ကြ ရပါတယ်။

တက္ကသိုလ်တချို့က ကျောင်းသားတွေဟာ ရိုဟင်ဂျာဒုက္ခသည် ၁၃၇ ဦး ယာယီနေထိုင်နေတဲ့ အာချေးမြို့တော် Banda Aceh က အစိုးရခန်းမထဲကို ဝင်ရောက် စီးနင်းခဲ့တာပါ။ ဒီကနေ့ တနေ့ထဲမှာဘဲ ရိုဟင်ဂျာတွေ အာချေး ဒေသထဲကို လူကုန်ကူး ခေါ်ဆောင်လာတယ်လို့ ယူဆခံထားရတဲ့ အသက် ၂၂ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် နိုင်ငံ သား တဦးနဲ့ အသက် ၅၃ နှစ်အရွယ် ရိုဟင်ဂျာ တဦးတို့ကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ် ဖော်ပြောဆိုလာပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ အာချေးဒေသကို သောင်တင်လာတာမျိုး မဟုတ်ဘဲဘင်္ဂလားဒေ့ရှ်ကနေအင်ဒိုနီးရှား နိုင်ငံကို ရည်ရွယ်ချက်ရှိရှိ ခိုးသွင်းခဲ့တာကို အတည်ပြုနိုင်ခဲ့ကြောင်းနဲ့ ဒါဟာ ရာဇ၀တ်မှုတခုဖြစ်တယ်လို့လည်း အင်ဒိုနီးရှားရဲအရာရှိက ပြောပါတယ်။ အခုလို ရိုဟင်ဂျာ ဒုက္ခသည်တွေအလုံးအရင်းနဲ့အာချေးဒေသကိုဝင်ရောက် လာတဲ့အတွက် ဒေသခံအသိုက်အဝန်းကြားမှာ စိတ်ပျက်ရန်လိုမှုတွေ၊ ရိုဟင်ဂျာတွေကို လက်မခံလိုစိတ်တွေ တိုး ပွားနေတာလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှား သမ္မတ Joko Widodo ကလည်း ခုလို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာတာဟာ လူကုန်ကူးသူ တွေကြောင့် ဖြစ်တယ်လို့ ပြောဆိုထားပြီးနောက်ပိုင်း ခုလို သံသယရှိသူတွေကို ဖမ်းဆီးမိကြောင်းထုတ်ဖော်ပြော ဆို လာတာပါ။ သမ္မတ Joko Widodo ကတော့ ရေတို စီမံချက်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေး ဖို့ လုပ်ဆောင်နေပေမဲ့၊ ဒေသခံတွေရဲ့ ဆန္ဒကိုသာ ဦးစားပေး လုပ်ဆောင်မှာ ဖြစ်တယ်လိုလည်း ပြောထားပါ တယ်။

ဒါ့အပြင် အင်ဒိုနီးရှားဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက် မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လက်ခံထားဖို့ တွန်းအားပေးတာမျိုး မလုပ်ဖို့ ပြောထား သလို၊ အိမ်နီးခြင်း နိုင်ငံတွေအနေနဲ့လည်း ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားပေးရာမှာ ပါဝင်ကူညီကြဖို့ တောင်းဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */