" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label 2019. Show all posts
Showing posts with label 2019. Show all posts

Friday, December 27, 2019

ရိုဟင်ဂျာဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေရှည်အစီ အမံချဖို့ ICG တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
27 ဒီဇင်္ဘာ၊ 2019
                        ဘဂ်လားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတွင်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၂၊ ၂၀၁၉)


ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေချိန်မှာ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ရေရှည်အစီအမံတွေ ချမှတ်ဖို့ လိုအပ်ကြောင်း နိုင်ငံတကာ ပဋိ ပက္ခ လေ့လာရေးအဖွဲ့ (ICG) က တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေးကို ရေတိုပြဿနာအဖြစ် သဘောမထားဘဲ ရေရှည်အမြင်နဲ့ ကန့်သတ်ချက်တွေ လျှော့ပေါ့ပြီး နိုင်ငံတကာ အလှူရှင်တွေ၊ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေ ကူညီနိုင်အောင် လမ်းဖွင့် ပေးဖို့လည်း ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားတာပါ။

အနောက်ကိုရွှေ့ အရှေ့ကိုမျှော်မယ့် ၂ဝ၂ဝ ရင်းနှီးမြှုပ်နှံမှု

မြန်မာတိုင်းမ်အပတ်စဉ်
ထင်လင်းအောင်
27 DEC 2019 |

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဟာ ရင်းနှီးမြှုပ်နှံမှုတွေမြင့်တက်ဖို့ ဒီနှစ်ထဲမှာ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ခဲ့တာတွေရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွေကိုလည်း ဒေသတွေ အလိုက် များစွာကျင်းပနိုင်ခဲ့ပါတယ်။

ICJ တရားရင်ဆိုင်ရပြီးနောက် စစ်တွေ ဒုက္ခသည်စခန်းများ ၏ အခြေအနေ

DVB
27 December 2019

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မွတ်စလင်ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ကျန်းမာရေးချို့တဲ့သူတွေကို သက္ကေပြင် ကျေးလက်ကျန်းမာရေးဌာနမှာ  ဒီဇင်ဘာ ၂၇ရက်က ဆေးကုသမှုပေးနေတာတွေ့ရပါတယ်။

ခုရက်ပိုင်းတွင်း ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတာ မွေးစာရင်းတွေထုတ်ပေး တာ စတဲ့ လူသားခြင်းစာနာတဲ့ လုပ်ငန်းတွေကို အစိုးရက ပိုမိုပြုလုပ်လာတာကိုကြိုဆိုပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လင့်၊http://burmese.dvb.no/archives/363573

မြန်မာမှာ ဂျီနိုဆိုက်မရှိဘူးလို့ပြောတဲ့ ဂျပန်အစိုးရ တပ်မ တော်ကို ဘာအကြံပေးသလဲ

B B C 

ဘီဘီစီမြန်မာပိုင်း
 26 ဒီဇင်ဘာ 2019 

  တပ်မတော်က လက်တွေ့ကျကျ အရေးယူပါလို့ ဂျပန်ပြော


ရခိုင်ပြည်နယ်အရေးမှာ နိုင်ငံတကာက စွပ်စွဲနေသလို လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်တာတွေ မရှိဘူးလို့ ဂျပန်က ယုံကြည်တယ်၊ အဲဒီအတွက် နိုင်ငံတကာတရားရုံး အိုင်စီဂျေက ကြားဖြတ် စီမံဆောင်ရွက်ချက်တွေကို မပေးဖို့ မျှော်လင့်တယ်လို့ ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်က ပြောဆိုလိုက်ပါတယ်။

Thursday, December 26, 2019

မြန်မာပြည်မှာ လူမျိုးတုံးရှင်းလင်းမှု မရှိခဲ့ဟု ဂျပန်သံအမတ် ယူဆ

VOA
 ဗွီအိုအေ (မြန်မာဌာန)
ဇော်ထက်
26 ဒီဇင်ဘာ၊ 2019
ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့မာရုယာမ
 
ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို ICJ နိုင်ငံတကာ တရားရုံးမှာ ရင်ဆိုင်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောာင်ခဲ့တဲ့ မြန်မာအစိုးရအဖွဲ့ ရပ် တည်ချက်ကို ဂျပန်နိုင်ငံက ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု genocide အမှန်တကယ် မရှိခဲ့ဘူးဆိုတာ ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ဒီဇင်ဘာ ၂၆ ရက် သူ့နေအိမ်မှလုပ် တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောလိုက်ပါတယ်။ ဒီပွဲကို ကိုယ်တိုင်သွား ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ဂျပန်က မြန်မာမှာ လူမျိုးတုံးသတ်ဖြတ်မှုမရှိဟု ယုံကြည်

လွတ်လပ်တဲ့အာရှအသံ ( RFA )
နေမျိုးထွန်း
2019-12-26
ဂျပန် သံအမတ်ကြီး အီချီရို မာရုယာမားကို‌ ၂၀၁၉ ဒီဇင်ဘာ ၂၆ ရက်နေ့က ‌တွေ့ရစဉ်
Photo: Nay Myo htun/ RFA

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးလို့ ဂျပန်အစိုးရက ယုံကြည်တာကြောင့် နိုင်ငံတ ကာ တရားရုံး ICJ အနေနဲ့ Provisional Measure ကြားဖြတ်အရေးယူမှု မချမှတ်ဖို့ ဆုတောင်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရို မာရုယာမ Mr. Ichiro Maruyama က ပြောကြား လိုက်ပါတယ်။

ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးလိုက်ပြီဟု AA ပြောခွင့်ရသူဆို

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၆ / ၂ဝ၁၉
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးရဲသိန်းမှာ လက်နက်ကြီး ကျည်ကျ သေဆုံးသွားခြင်းဖြစ်ပြီး ကောင်းမွန်းစွာ သင်္ဂြိုလ်ပေးလိုက်ပြီဟု ရက္ခိုင့်တပ်တော် (AA) ၏ ပြော ခွင့်ရသူ ခိုင်သုခက ပြောဆိုသည်။

လက်နက်ကြီးကျည်ကျေရာက်ပေါက်ကွဲမှုကြောင့် ဦးရဲသိန်း၏ရုပ်အေလာင်းမွာ တစ်စစီဖြစ်သွားပြီး ကြည့်
မ ကောင်း၊ ရှုမေကာင်းဖြစ်သွားခဲ့သည်ဟု (AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက နိရဉ္စရာကို အတည်ပြု
ပြော သည်။

ဖမ်းဆီးထားတဲ့ NLD ဘူးသီးတောင်ဥက္ကဋ္ဌ သေဆုံးသွား ကြောင်း AA ထုတ်ပြန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-12-25
ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်း


ဒီဇင်ဘာလ ၂၅ ရက် ခရစ်စမတ်နေ့မှာ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေ AA တပ်စွဲထားရာ တောင်ကုန်းကို ကျရောက်ပေါက်ကွဲတဲ့အတွက် ဖမ်းဆီးထိန်းသိမ်း ထားသူ တချို့ ဒဏ်ရာရ သေဆုံးခဲ့ပြီး၊ အဲဒီထဲမှာ NLD ဘူးသီးတောင် ဥက္ကဋ္ဌလည်း ပါဝင်ကြောင်း AA က ဒီည ထုတ်ပြန်ပါတယ်။

Wednesday, December 25, 2019

ခရီးသည်တင်စက်လှေပေါ်က လဝက အရာရှိသုံးဦးကို အေအေဖမ်းသွားတယ်လို့ အစိုးရပြော

B B C

ဘီဘီစီ မြန်မာပိုင်း
25 ဒီဇင်္ဘာလ2019

                             ပန်ဇင်းချောင်းအတိုင်း သွားနေတုန်း ကျောက်ရစ်ရွာသစ်အနီးမှာ ကမ်းကပ်ခိုင်းပြီး ဖမ်းသွားတာလို့ဆို

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ကနေ တောင်ဘဇာကို ခရီးသည်တင် စက်လှေနဲ့ သွားတဲ့ လဝက အရာရှိ တွေ ကို ဒီဇင်ဘာ ၂၄ ရက်မှာ အေအေက ဖမ်းသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

ICJ အမှု က ရယူသင့်တဲ့ သင်ခန်းစာ

VOA
ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
25 ဒီဇင်္ဘာ၊ 2019
မခင်ဖြူထွေး

ICJ ခေါ် နိုင်ငံတကာ တရားရုံးမှာ Gambia နိုင်ငံရဲ့လျှောက်ထားမှုကို ရင်ဆိုင်ရတဲ့အတွက် မြန်မာနိုင်ငံအပေါ် ထိခိုက်နစ်နာမှု တစုံတရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒီကိစ္စဟာ မြန်မာနိုင်ငံအတွက် သာမက နိုင်ငံတ ကာ အတွက်ပါ သမိုင်းတွင်ရစ်မယ့် ကိစ္စတရပ်ဖြစ်တယ်ဆိုရင် မှားမယ် မဟုတ်ပါဘူး။ ဒီလို အရေးပါတဲ့ ကိစ္စကနေ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုသင်ခန်းစာမျိုး ရယူသင့်ပါသလဲ။ မခင်ဖြူထွေးနဲ့ ဦးကျော်ဇံသာတို့ ဆွေး နွေးသုံးသပ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုရှုမြင်သင့်သလဲ

Myanmar Now
Krzysztof Iwanek
Published on Dec 25, 2019

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအခေါ်နှင့် ပတ်သက်ပြီး ထွက်ရှိလာမည့် စာအုပ်အသစ် ၏ စာရေးသူ ပိုလန်နိုင်ငံမှ ပါမောက္ခတစ်ဦးကို ဒီပလိုမတ်မဂ္ဂဇင်းက တွေ့ဆုံစကားပြောထားသည်။
မိုက်ကယ် လူဘီနာ (Michał Lubina) သည် ပိုလန်နိုင်ငံ ခရက်ကိုးမြို့ Jagiellonian University ရှိ အလယ် ပိုင်း နှင့် အရှေ့ဖျားဒေသပညာသိပ္ပံမှ လက်ထောက်ပါမောက္ခတစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိ အပါ အဝင် စာအုပ်ခြောက်အုပ်ရေးသားခဲ့ပြီး ဖြစ်သည်။ သူ၏ ထွက်လာမည့် စာအုပ်အသစ်အမည်မှာ The Moral Democracy: The Political Thought of Aung San Suu Kyi ဖြစ်သည်။ အဆိုပါ စာအုပ် အကြောင်း၊ဒေါ်အောင် ဆန်းစုကြည်၏ နိုင်ငံရေးဖြတ်သန်းမှုအကြောင်းများနှင့် ပတ်သက်ပြီး The Diplomat မှ Krzysztof Iwanek က တွေ့ဆုံစကားပြောထားသည်။

Tuesday, December 24, 2019

Duterte asks Malaysia, Indonesia to take in Rohingya refugees



Bangladesh | Rohingya Humanitarian Crisis Response | November 2019

Nobody to claim them, 250 houses India gifted Myanmar for Rohingyas lie vacant

The Print
 
24 December, 2019


The 250 prefabricated houses were built as part of an agreement signed between India and Myanmar in 2017.


Refugees standing in a queue at a refugee camp | Commons 
New Delhi: As many as 250 houses that were built by India for displaced Rohingyas have been lying unused in Myanmar’s Rakhine State, ThePrint has learnt.

The prefabricated houses were handed over by Indian Ambassador to Myanmar Saurabh Kumar to the Myanmar government in July this year. The move was an effort to convince Rohingya refugees, who had to flee alleged ethnic cleansing in Myanmar, to return to their homeland.

The Hague Court is a disgrace

ARUTZ SHEVA
Giulio Meotti,
 

This long-awaited international court does not dispense justice - it lets off the worst African satraps and instead, aims its arrows at the USA and Israel.
An exceptional defendant just appeared before the International Court of Justice in The Hague, Netherlands, the UN court that deals with disputes between states. In the “Peace Palace”, built with funds donated by Andrew Carnegie and decorated with the symbols of 46 nations (the clock tower comes from Switzerland).

US Lifts Sudan From List of Nations That Violate Religious Freedoms

albawaba
Published December 23rd, 2019
Sudanese Christian woman prays during a Sunday service (AFP)

Highlights
During Prime Minister Abdalla Hamdok's first visit to the White House earlier this month, the US announced that the countries would upgrade their diplomatic relations by exchanging ambassadors for the first time in over two decades.

The United States dropped Sudan from its list of nations that severely violate religious freedoms, signalling increased support for Sudan's transitional government. 


The US State Department said it had upgraded Sudan to a special watch list for religious freedom, citing "significant steps taken by the civilian-led transitional government".

Sudan's joint military-civilian body was established in August after a popular uprising ousted former authoritarian president Omar al-Bashir. The State Department praised the new government for its efforts "to address the previous regime's systematic, ongoing, and egregious violations of religious freedom".

FEATURED Rohingya Muslims Big Threat To Indian Defense Installations In Jammu & Kashmir

The Our Asian Times
December 20, 2019
EurAsian Times
 Thousands of illegal Rohingya Muslims have occupied areas in proximity to the vital defence installations in Jammu and Kashmir including Sunjwan Army camp in Jammu. It is estimated that approximately 10,000 Rohingya Muslims are residing in different parts of Jammu district.


According to a J&K Home department “a total number of 6523 Rohingya Muslims were found living across 39 different places across five districts of Jammu and Kashmir”. According to this report, “6461 Rohingyas were staying in Jammu division and 62 in Kashmir division.

EU tops aid for Rohingya with €10M

AA 
Agnes Szucs
23.12.2019  
BRUSSELS

Health care, food nutrition to be provided for Rohingya camps in Myanmar, Bangladesh


The EU will grant €10 million (approx. $11 million) additional funds for Rohingya refugees in Bangladesh, as well as internally displaced people in Myanmar, the European Commission announced on Monday.

အိန္ဒိယရောက် ရိုဟင်ဂျာတွေ အသနားခံစာ နှစ်ဆန်းပိုင်းမှာ ကြားနာဖွယ်ရှိ

2019-12-24

■ အိန္ဒိယနိုင်ငံကို တရားမဝင်ရောက်ရှိနေထိုင်နေကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အသနားခံလွှာတွေကို အိန္ဒိယ တရားရုံးချုပ်က လာမယ့် ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းမှာ ကြားနာဖွယ်ရှိကြောင်း သိရပါတယ်။

အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံကနေ တရားမဝင် ရောက်ရှိနေကြသူတွေက သူတို့ကို တရားဝင် အသိအမှတ်ပြုဖို့ သီးခြား အသနားခံစာတွေ တင်ခဲ့ကြတာပါ။ အဲဒီ စာတွေမှာ လွန်ခဲ့တဲ့ နှစ်နှစ်က မြန်မာနိုင် ငံ ကနေ ရောက်ရှိလာတဲ့ ဒုက္ခသည် လေးသောင်းကိစ္စ၊ ဒုက္ခသည်တွေ နေထိုင်စားသောက်နေရတဲ့ အခြေအနေတွေကို ဖော်ပြထားတာပါ။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကို အင်ဒိုနီးရှား ဒေါ်လာ ၅ သိန်းကျော် ကူညီ

VOA
ဗွီအိုအေ (မြန်မာဌာန)
24 ဒီဇင်ဘာ၊ 2019
ဇော်ဝင်းလှိုင် 
အင်ဒိုနီးရှားအစိုးရက အာဆီယံ အဖွဲ့ကြီးကတဆင့် မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅၃၀,၀၀၀ ကျော် လှူဒါန်း

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ရေး ကူညီတဲ့အနေနဲ့ အင်ဒိုနီး ရှား အစိုးရက အာဆီယံ အဖွဲ့ကြီးကတဆင့် မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅၃၀,၀၀၀ ကျော် လှူဒါန်းလိုက် ပါတယ်။ ဒုက္ခသည်တွေ အမြန်ဆုံး ပြန်နိုင်ရေးအတွက် အားလုံးက ၀ိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုအပ် ကြောင်း လည်း အလှူငွေ ပေးအပ်တဲ့အခမ်းအနားမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */