" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 27, 2019

မြန်မာမှာ ဂျီနိုဆိုက်မရှိဘူးလို့ပြောတဲ့ ဂျပန်အစိုးရ တပ်မ တော်ကို ဘာအကြံပေးသလဲ

B B C 

ဘီဘီစီမြန်မာပိုင်း
 26 ဒီဇင်ဘာ 2019 

  တပ်မတော်က လက်တွေ့ကျကျ အရေးယူပါလို့ ဂျပန်ပြော


ရခိုင်ပြည်နယ်အရေးမှာ နိုင်ငံတကာက စွပ်စွဲနေသလို လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်တာတွေ မရှိဘူးလို့ ဂျပန်က ယုံကြည်တယ်၊ အဲဒီအတွက် နိုင်ငံတကာတရားရုံး အိုင်စီဂျေက ကြားဖြတ် စီမံဆောင်ရွက်ချက်တွေကို မပေးဖို့ မျှော်လင့်တယ်လို့ ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်က ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ဆိုင်တဲ့သက်သေအထောက်အထားတွေကို မပျက်စီးအောင် ကာ ကွယ်ဖို့နဲ့ ရခိုင်ပြည်နယ်ထဲမှာ ကျန်နေတဲ့ ရိုဟင်ဂျာ အသိုက်အဝန်းတွေအပေါ်မှာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ဆောင်တာတွေ ဆက်ပြီးမဖြစ်အောင် ကာကွယ်တားဆီးဖို့ လုပ်ဆောင်ရမယ့် ကြားဖြတ်စီမံချက်တွေကို ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက အိုင်စီဂျေမှာ တောင်းဆိုထားပါတယ်။

အဲဒီတောင်းဆိုချက်ကို နိုင်ငံတကာ တရားရုံး အိုင်စီဂျေက ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာ စောင့်ဆိုင်း aနကြတဲ့အချိန်ဖြစ်ပါတယ်။

နိုင်ငံတကာက စွပ်စွဲနေကြသလို လူမျိုးတုံး သတ်ဖြတ်မှု မရှိဘူးလို့ ယုံကြည်တဲ့အတွက် ဂမ်ဘီယာနိုင်ငံရဲ့တောင်း ဆိုထားတဲ့ ကြားဖြတ်စီမံချက်တွေကို အိုင်စီဂျေက မချမှတ်ဖို့ ဆုတောင်းနေတယ်လို့ ဂျပန်သံအမတ် မစ္စတာ အိချီရို မာရူရာမက ပြောပါတယ်။

"မြန်မာတပ်မတော်ရော မြန်မာအစိုးရက အဲဒီမှာ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ မွတ်ဆလင် ဘင်္ဂါလီများ အ ကုန်လုံး သတ်ဖို့ ရည်ရွယ်ပြီးတော့ ဆောင်ရွက်တာဆိုတာ မထင်ပါဘူး။ ဂျီနိုဆိုက်ဆိုတာ မရှိဘူး။ မရှိဘူး ဆိုရင် ဘာဖြစ်လို့ ကြားဖြတ် စီမံဆုံးဖြတ်ချက် လိုသလားဆိုတာ မေးစရာ အများကြီး စိတ်ထဲမှာ ရှိတာပါ"

"ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာ ခုံရုံးက ဘာဆုံးဖြတ်ချက်ချမလဲဆိုတာ ပြောလို့မရပါဘူး။ အကယ်၍ ဥပမာတကယ် အဲဒီဆုံးဖြတ်ချက် ချလိုက်တယ်ဆိုရင် ကျွန်တော်တို့က အဲဒီဆုံးဖြတ်ချက်အတိုင်း မြန်မာအစိုးရက ဆောင်ရွက်ဖို့လိုတယ်"

"အဲဒီဆောင်ရွက်တဲ့အခါမှာ အခက်အခဲများရှိတယ်ဆိုရင် ကျွန်တော်တို့ ဂျပန်အစိုးရ အနေနဲ့ ဘာအကူများ ပေးနိုင်မလဲ၊ အဲဒါကို အဓိကထား စဉ်းစားပါမယ် ခင်ဗျ" လို့ ပြောပါတယ်။
  အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကိုလည်း အထောက်အပံ့တွေပေးနေ

အိုင်စီဂျေတရားရုံးရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ပြီး၊ တရားမျှတမှုရှိတဲ့ ဆုံးဖြတ်ချက်ရှိမယ်လို့ ယုံကြည်ကြောင်း သံအမတ်က ပြောပါတယ်။

လောလောဆယ်မှာ မြန်မာအစိုးရကဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က နောက် ဆုံးအစီရင်ခံစာကို ထုတ်ပြန်ဖို့ရှိနေပါတယ်။

အဲဒီအစီရင်ခံစာထဲမှာပါတဲ့ စွပ်စွဲချက်တွေကို တပ်မတော်က လိုက်နာဆောင်ရွက်မယ်လို့ တပ်မတော် ကာကွယ်ရေးစီးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်မြို့မှာ ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ် မစ္စတာ ယာမာဂူဂျီ နာဆူအိုနဲ့ တွေ့ဆုံတဲ့အခါမှာ ပြောခဲ့တဲ့လို့ တပ်မတော်အနေနဲ့ လေးလေးနက်နက် အ ရေးယူမယ်လို့ ယုံကြည်ကြောင်း သံအမတ်က ပြောပါတယ်။

ဒါပေမဲ့ တပ်မတော်ရဲ့အရေးယူဆောင်ရွက်မှုအပေါ် ဝေဖန်မှုတွေ၊ မယုံကြည်မှုတွေလည်း ရှိနေလို့ ဂျပန် အစိုး ရ အနေနဲ့ ဘယ်လိုကြားဝင်ဆောင်ရွက်ပေးမလဲလို့ မေးကြည့်ရာမှာတော့ သံအမတ်က

"တပ်မတော်ကို ကျွန်တော်တို့က တကယ်စုံစမ်း စစ်ဆေးပြီးတော့ အရေးယူပါ၊ လက်တွေ့ကျကျ အရေးယူပါ၊ ကျွန်တော်တို့ ဆက်ပြီးတော့ တပ်မတော်နဲ့ စကားပြောပါမယ်။ တပ်မတော်ကို တိုက်တွန်းပါမယ်။ အဲဒါက ကျွန် တော်တို့ ရပ်တည်ချက်။ အဲဒီလို လုပ်မှပဲ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး နောက်ဆုံး အစီရင်ခံစာကလည်း ယုံကြည်မှု ရနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်"

"နိုင်ငံတကာကလည်း မြန်မာအစိုးရတို့ တပ်မတော်ကိုလည်း ယုံကြည်မှု ရနိုင်မယ်လို့ ကျွန်တော်တို့ မျှော် လင့်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနိုင်ငံတကာနဲ့ မြန်မာနိုင်ငံ ယုံကြည်နိုင်တဲ့ ဆက်ဆံမှု မရှိရင် မြန်မာနိုင်ငံ အနာဂတ်ကို နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးမှု အဲဒါကို အပြီးပိုင်မျှော်လင့်လို့ မရပါဘူး။ ဒါကြောင့် ကျွန် တော်တို့ ဂျပန်အစိုးရ အနေနဲ့ရော မြန်မာနိုင်ငံက နိုင်ငံတကာနဲ့ သိပ်ကောင်းမွန်တဲ့ ဆက်ဆံ မှုရဖို့ အဲဒါနဲ့ အပြစ်ပေးတာထက် အကူအညီပေးချင်တယ်" လို့ ပြောပါတယ်။

ဂျပန်အစိုးရရဲ့အခြေခံရပ်တည်ချက်ကတော့ မြန်မာအစိုးရပဲဖြစ်ဖြစ်၊ မြန်မာတပ်မတော်ပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာ ဖြစ်ပျက်တာကို ကိုယ်အားကိုယ်ကိုးပြီး တရားရုံး ဥပဒေနဲ့အညီ တရားမျှတတဲ့ နည်းလမ်းနဲ့ ဆုံးဖြတ် ဆောင်ရွက်ဖို့လိုပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့ တပ်မတော်သားပဲဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ် တရားဥ ပဒေ စိုးမိုးရေးနဲ့အညီ လက်တွေ့ကျကျ အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းတယ်လို့ သံအမတ်က ပြောပါတယ်။

ဒါ့ပေမဲ့ အိုင်စီဂျေက ကြားဖြတ်စီမံချက်ကိုခွင့်ပြုမိန့်ချလိုက်ရင် နိုင်ငံတကာအသိုင်းအဝိုင်းတွေ အကြားမှာ မြန်မာ နိုင်ငံမှာ တကယ်ပဲ လူမျိုးတုံးသတ်ဖြတ်မှု ရှိနေပါလားဆိုတဲ့အမြင်တွေ ပေါ်ပေါက်လာမယ်လို့ ဂျပန် သံအမတ်က ပြောပါတယ်။

ဂျပန်အစိုးရဟာ အခုလို အိုင်စီဂျေအရေး ပြတ်ပြတ်သားသား ထုတ်ပြောခဲ့သလို မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ် ငန်းစဉ်နဲ့ ဖွံ့ဖြိုးရေးအတွက်လည်း ငွေကြေးအထောက်အပံ့တွေ ပေးနေပါတယ်။

ဂျပန်အစိုးရနဲ့ နိပွန်ဖောင်ဒေးရှင်းက ကချင်ဒေသအတွက် ဂျပန်ယန်းငွေ သန်း ၅၀၀ ကူညီမှာဖြစ်ပြီး အဲဒီငွေ သန်း ၅၀၀ ဟာ ၂၀၁၆ ခုနှစ်ကစပြီး ၅နှစ်တာကာလအတွင်း တိုင်းရင်းသား လူမျိုးစုများ နေထိုင်တဲ့ဒေသတွေ အတွက် ဂျပန်အစိုးရက ကူညီထောက်ပံ့တဲ့ ယန်းငွေ သန်းပေါင်း ၄၀၀၀၀ ပမာဏရှိတဲ့ ငွေကြေး ထောက် ပံ့မှုထဲက အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဂျပန်သံအမတ်က ပြောခဲ့ပါတယ်။
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */