Tuesday, December 24, 2019

အိန္ဒိယရောက် ရိုဟင်ဂျာတွေ အသနားခံစာ နှစ်ဆန်းပိုင်းမှာ ကြားနာဖွယ်ရှိ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
2019-12-24

■ အိန္ဒိယနိုင်ငံကို တရားမဝင်ရောက်ရှိနေထိုင်နေကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အသနားခံလွှာတွေကို အိန္ဒိယ တရားရုံးချုပ်က လာမယ့် ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းမှာ ကြားနာဖွယ်ရှိကြောင်း သိရပါတယ်။
အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံကနေ တရားမဝင် ရောက်ရှိနေကြသူတွေက သူတို့ကို တရားဝင် အသိ အမှတ်ပြုဖို့ သီးခြား အသနားခံစာတွေ တင်ခဲ့ကြတာပါ။ အဲဒီ စာတွေမှာ လွန်ခဲ့တဲ့ နှစ်နှစ်က မြန်မာနိုင် ငံ ကနေ ရောက်ရှိလာတဲ့ ဒုက္ခသည် လေးသောင်းကိစ္စ၊ ဒုက္ခသည်တွေ နေထိုင်စားသောက်နေရတဲ့ အခြေအနေတွေကို ဖော်ပြထားတာပါ။
 
အဲဒီအသနားခံစာတွေကို တရားရုံးချုပ်က ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စတင် စစ်ဆေးကြား နာမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရောက် ရိုဟင်ဂျာ မွတ်စလင်တွေဟာ ဂျမ်မူး၊ ဟိုက်ဒရာဘတ်၊ ဟာယားနား၊ အတ်တာပရာဒက်၊ ဒေလီ နဲ့ ရာဂျာစသန် စတဲ့ အရပ်ဒေသတွေမှာ နေထိုင်နေကြတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လက စလို့ အိန္ဒိယ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီး ကီရင် က ရိုဟင်ဂျာ အပါအဝင် တရားမဝင် ရွှေ့ပြောင်းဝင် ရောက်လာသူတွေကို ရှာဖွေ ဖော်ထုတ်ပြီး၊ ပြည်နှင်ဒဏ်ပေးဖို့ ပြည်နယ်တွေကို ညွှန်ကြားခဲ့ပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */