" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 27, 2019

အနောက်ကိုရွှေ့ အရှေ့ကိုမျှော်မယ့် ၂ဝ၂ဝ ရင်းနှီးမြှုပ်နှံမှု

မြန်မာတိုင်းမ်အပတ်စဉ်
ထင်လင်းအောင်
27 DEC 2019 |

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဟာ ရင်းနှီးမြှုပ်နှံမှုတွေမြင့်တက်ဖို့ ဒီနှစ်ထဲမှာ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ခဲ့တာတွေရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွေကိုလည်း ဒေသတွေ အလိုက် များစွာကျင်းပနိုင်ခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဖိုရမ်နဲ့ စီးပွားရေးတွေ့ဆုံပွဲတွေကို ရခိုင်၊ ဧရာဝတီ၊ ကရင်၊ ရှမ်း၊ တနင်္သာရီ၊ချင်းရန်ကုန် တိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ် တွေမှာ အသီးသီးပြုလုပ်ခဲ့သလို နေပြည်တော်မှာလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုဖိုရမ်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပခဲ့ပါတယ်။ ဒီလိုပြုလုပ်ခဲ့ပေမဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်မှာ ၄ ဒသမ ၁ ဘီလျံကျော်သာ ဝင်ရောက်ခဲ့ပါတယ်။ တကယ်တမ်း မှန်းခဲ့တာကတော့ ကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ ဝင်ရောက်ဖို့ပါ။


လာမယ့် ၂ဝ၂ဝ ပြည့်နှစ် (၂ဝ၁၉-၂ဝ လက်ရှိဘဏ္ဍာနှစ်) မှာတော့ လျာထားချက်ကို ပြည့်မီပြီး နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု တိုးမြင့်လာမယ့်နှစ်ဖြစ်မယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦး သန့်စင်လွင်က ပြောပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်ဟာ ၂ဝ၁၉ ခုနှစ်မှာ ရရှိခဲ့တဲ့ သင်ခန်းစာတွေကို ပြင်ဆင်ပြီး လိုအပ် ချက်တွေ ဖြည့်ဆည်းနိုင်မှာမို့ အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာမယ့်နှစ်လို့ သူက ယူဆထားပါတယ်။

ကုန်ဆုံးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်အတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းခဲ့ခြင်းဟာ အကြောင်းအရင်းများစွာ ရှိနေခဲ့ ပါတယ်။ ၂ဝ၁၉ စက်တင်ဘာလအတွင်းက MIC ကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်တာနဲ့အတူ ကော်မရှင်ရဲ့ မူဝါဒ ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် ရည်မှန်းချက်ကို ပြည့်မီခြင်းမရှိဘဲ ဖြစ်ခဲ့တယ်လို့ ဦးသန့်စင်လွင်က ပြောပါ တယ်။

MIC ဟာ ရင်းနှီးမြှုပ်နှံမှုတွေကို စိစစ်ပြီး လက်မခံတာမျိုးတွေ ရှိခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ အစိုးရ ရဲ့နိုင် ငံပိုင်မြေ၊ အဆောက်အအုံငှားရမ်းမှုတွေမှာ သတ်မှတ်ထားတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင် ရတာ ဖြစ်လို့အဲဒီလုပ် ငန်းစဉ်တွေမှာ အချိန်ကြာမြင့်မှုတွေ ရှိခဲ့ပါတယ်။ ဒါ့ပြင် ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေရဲ့ နောက် ကြောင်းအရင်းအ မြစ် ကစပြီး စုံစမ်းလေ့လာမှု လုပ်လာရတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်တွေ မြန်ဆန်မှု အားနည်းခဲ့ပါတယ်။

''ပြီးခဲ့တဲ့နှစ်ထဲမှာ MIC ရဲ့ဥက္ကဌ အပြောင်းအလဲနဲအတူ မူဝါဒအပြောင်းအလဲရှိခဲ့တယ်။တာဝန်ယူမှုရှိတဲ့ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းတွေကိုပဲ ဖိတ်ခေါ်မယ်ဆိုပြီး ဖြစ်လာတယ်။ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်တောင်းခံတဲ့ လုပ်ငန်းတစ်ခု ဟာ တကယ်ရော စီးပွားဖြစ်ရဲ့လား၊ အကျိုးရှိတဲ့ လုပ်ငန်းဖြစ်လား၊ ဒေသနဲ့ပတ်ဝန်းကျင် အတွက် ဘာတွေထိ ခိုက် နစ်နာမှု ရှိနိုင်လဲစတဲ့ လုပ်ငန်းတွေကို ဆန်းစစ်တာအပါအဝင် အစိုးရရဲ့ လုပ်ထုံး လုပ် နည်းတွေကလည်း တိုးလာတာတွေ ရှိခဲ့တယ်။ ဒီလိုစနစ်တကျ စိစစ်ကန့်သတ်တာတွေကြောင့် မနှစ်က ဝင် ရောက်တဲ့ နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှုပမာဏ ကျသွားခဲ့တယ်''လို့ ဦးသန့်စင်လွင်က ပြောပါတယ်။


တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ရင်းနှီးမြှုပ်နှံမှု ဖြန့်ကြက်စီးဝင်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ တွေ ကို ရင်းနှီးမြှုပ်နှံမှုကော်မတီခွဲတွေ ဖွဲ့စည်းပေးပြီး လုပ်ပိုင်ခွင့်ပေးတာကိုလည်း ပြီးခဲ့တဲ့နှစ်တွေမှာ လုပ်ခဲ့ ပါတယ်။ ဒါနဲ့အတူ ကန်ဒေါ်လာငါးသန်းအောက်နဲ့ ကျပ်ငွေခြောက်ဘီလျံအထိ ရင်းနှီးမြှုပ်နှံမှုတွေကို ပြည် နယ် နဲ့ တိုင်းအ ဆင့် ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့် ချပေးနိုင်ဖို့ကိုလည်း ပြောင်းလဲ ကျင့်သုံးခဲ့ပါတယ်။

ဒေသခံ တိုင်းရင်းသားလုပ်ငန်းရှင်တွေဟာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်သဘောတရားကို နားလည် မှုတွေ လိုအပ်နေဆဲဖြစ်ပြီး နားလည်မှုစာချွန်လွှာ MoU(memorandum of understanding)၊ ကတိကဝတ် ကြေညာ စာတမ်း LOI (Letter of Intent)၊ စီးပွားရေးဆိုင်ရာတွေ့ဆုံပွဲ အတွေ့အကြုံ အားနည်းချက်တွေကြောင့် ၂ဝ၁၉ ခုနှစ်ဟာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို သင်ယူတဲ့နှစ်အဖြစ်သာ ရှိခဲ့တယ်လို့ ညွှန်ကြား ရေး မှူးချုပ်က ပြောပါတယ်။

''၂ဝ၁၉ ကို ဒါတွေနဲ့ပတ်သက်လို့ စပြီးမိတ်ဆက်တဲ့နှစ်အဖြစ် သတ်မှတ်ရမလိုဖြစ်နေတယ်။ ရင်းနှီးမြှုပ်နှံ မှုပွဲတွေ လုပ်တဲ့အခါမှာ လုပ်ငန်းရှင်တွေပိုင်းက ဘာတွေပြင်ဆင်ရမလဲဆိုတာ မသိကြဘူး။ တချို့ဆို ကိုယ့်ရဲ့လိပ်စာကတ် ကိုတောင် ယူမလာတဲ့ လုပ်ငန်းရှင်တွေ အများအပြားတွေ့ရတယ်။ အဲဒါကြောင့် ၂ဝ၁၉ မှာလုပ်ခဲ့တဲ့ပွဲတွေကရည် မှန်းထားသလောက် မအောင်မြင်ခဲ့ဘူးလို့ ဆိုနိုင်တယ်''လို့ သူက ပြောပါတယ်။

၂ဝ၂ဝ ပြည့်နှစ်ဟာ ၂ဝ၁၉ ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေအားလုံးကို ပြင်ဆင်ပြီး ရင်းနှီးမြှုပ်နှံမှုကို ဖိတ် ခေါ်ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်မှု မြှင့်တင်ရေးစီမံကိန်း MIPP မှာ စက်မှုနဲ့ ကုန်ထုတ်လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်လာဖို့ ဦးစားပေးအကောင်အထည်ဖော် ရမယ့်နှစ် ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ မြန်မာနိုင်ငံရဲ့ စွမ်းအင်ထုတ်လုပ်မှုနဲ့ လျှပ်စစ်ထုတ်လုပ်မှု လုပ်ငန်းတိုးချဲ့လုပ်ဆောင်ဖို့ ရင်းနှီးမြှုပ်နှံမှုပေးဖို့ ရှိနေပါတယ်။ သယံဇာတထုတ်လုပ်တဲ့ လုပ်ငန်းတွေဆိုရင်လည်း နိုင်ငံတကာကလုပ်ငန်းကြီး တွေဖြစ်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းလာမယ်ဆိုရင် စနစ်တကျပေးဖို့ ပြင်ဆင်နေတာပါ။

''ဒီနှစ်မှာတော့ ကျွန်တော်တို့က ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတယ်။ သယံဇာတဆိုင်ရာ လုပ်ငန်း တွေနဲ့ပတ်သက်လို့ နှစ်စဉ်၊ လစဉ်၊ သမိုင်းကြောင်း၊ ဒေသခံပြည်သူလူထု၊ ထုတ်လုပ်မှု၊ ကမ္ဘာ့ရဲ့ ပထဝီမြေ အနေ အထား အဲဒါမျိုးတွေအားလုံးကို တွက်ချက်ပြီးတော့မှ ပေးဖို့လုပ်ထားတာပါ။ တစ်ပိုင်းက ပြန်ကြည့်ရင်တော့တွင်း ထွက်၊ ကျောက်မိုင်း၊ သဘာဝမိုင်းလို လုပ်ငန်းတွေက အရင်းအနှီးကြီးပါတယ်။ အဲဒီလိုလုပ်ငန်းမျိုးတွေကို စနစ် တကျ စိစစ်ပြီး ရင်းနှီးမြှုပ်နှံမှုကို အကောင်အထည်ဖော်သွားမှာပါ''လို့ ဦးသန့်စင်လွင်က ပြောပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အနောက်ဥရောပအုပ်စုတွေထက် အရှေ့အုပ်စုနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းက ပိုပြီး ဝင်လာဖို့ ရှိနေတယ်လို့ သူက မျှော်မှန်းထားပါတယ်။ သီလဝါစက်မှုဇုန်၊ ညောင်နှစ်ပင် ကိုရီးယားစက်မှုဇုန်၊ လှည် ကူးမြို့အနီးက ထိုင်းစက်မှုဇုန်တွေဟာ ဂျပန်၊ ကိုရီးယား၊ ထိုင်းနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးဝင်လာဖို့ အ လားအလာတွေ အများကြီးရှိနေပါတယ်။ ဒါ့ပြင် ဟောင်ကောင်နဲ့ ထိုင်ဝမ်နိုင်ငံတွေကလည်း စက်မှုဇုန်တွေအ တွက် ကမ်းလှမ်းနေတာတွေကြောင့် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အားကောင်းနေတဲ့ သဘော ဆောင်နေပါ တယ်။ ဗီယက်နမ်နိုင်ငံဟာလည်း ဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မှု အားကောင်းကောင်း နဲ့ဝင်လာဖို့ ပြင်ဆင်နေတဲ့နိုင်ငံအဖြစ် ရှိနေပါတယ်။

''ဥရောပ ရင်းနှီးမြှုပ်နှံမှုအများစုက နိုင်ငံရေးအပေါ်မှာ အများကြီးမှီခိုနေတာဖြစ်ပါတယ်။ ဆိုတော့ အနောက် အုပ်စုရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အလုံးအရင်းနဲ့ဝင်လာဖို့က သိပ်မရှိဘူးလို့ မှန်းလို့ရတယ်။ စင်ကာပူနိုင်ငံက တစ် ဆင့် ဖြတ်ဝင်တာတွေတော့ ရှိနိုင်ပါတယ်။ အဓိကရင်းနှီးမြှုပ်နှံသူတွေဟာ အရှေ့အုပ်စု ဖြစ်လာမယ်လို့ မျှော်မှန်း ပါ တယ်''လို့ ဦးသန့်စင်လွင်က ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ အရှိန်ပြန်မြင့်လာနေလို့ မြန်မာ နိုင် ငံအပါအဝင် ဒေသတွင်း တခြားနိုင်ငံတွေအတွက် ပို့ကုန်နဲ့ ပုဂ္ဂလိကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေမှာ ဖိအားတွေ ရှိနိုင် တယ်လို့ ICAEW ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Economic Insight: SouthEast Asia အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
မြန်မာနိုင်ငံကို လူမျိုးတုံးရှင်းလင်းမှုဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆို ခဲ့မှုဟာ နိုင်ငံအများစုရဲ့ အာရုံစိုက်စရာ ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စဟာ မပြီးပြတ်သေးတဲ့ အခြေအနေဖြစ်နေ တာ ကြောင့် ရင်းနှီးမြှုပ်နှံမှုပိုင်းကို ထိခိုက်လာဖွယ် ရှိနေပါတယ်။

''ICJ ပြဿနာက နိုင်ငံတကာရဲ့အာရုံစိုက်နေတဲ့ အနေအထားတစ်ခုဖြစ်လာတယ်။ တချို့ကလည်း စီးပွား ပိတ် ဆို့ခံရမလားဆိုတဲ့ အခြေအနေကို စောင့်ကြည့်နေကြတယ်။ ရင်းနှီးမြှုပ်နှံမှုအများစုဟာ ဒီပြဿနာ ရဲ့ရှေ့မှာဖြစ် လာမယ့်အခြေအနေက အများကြီးသက်ဆိုင်နေတယ်။ တစ်နည်းအားဖြင့် အနောက်အုပ်စုရဲ့ ရင်းနှီးမြှုပ်နှံမှုက လာမယ့်နှစ်ထဲမှာ ဝင်လာဖို့ မျှော်လင့်ချက်မရှိတော့ဘူး။ တရုတ်ကတော့ ဒါကိုအခွင့် အရေးကောင်းအဖြစ် ယူဆ ရင်လည်း ယူဆလိမ့်မယ်။ ဖြစ်နိုင်တာကတော့ လာမယ့်နှစ်မှာ အရှေ့အာရှနိုင် ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကသာ အ ဓိက ဖြစ်လာဖို့ရှိတယ်''လို့ ယခင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိ ယ ဝန်ကြီးဟောင်း ဒေါက်တာမောင် မောင်သိမ်းက ပြောပါတယ်။ ဒါ့ပြင် ၂ဝ၂ဝ ပြည့်နှစ်ဟာရွေးကောက် ပွဲကာလနှစ်ဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံသူ တွေ စောင့်ကြည့်အကဲခတ်ရင်း စောင့်ဆိုင်းတဲ့အနေအထားမျိုးကို ခံရနိုင်တဲ့နှစ်ဖြစ်တယ်လို့ ပြည်တွင်းစီးပွားရေး လေ့လာစောင့်ကြည့်သူတချို့ ပြောပါတယ်။

လက်ရှိ ၂ဝ၁၉-၂ဝ ဘဏ္ဍာနှစ်ရဲ့ အောက်တိုဘာတစ်လတာအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ကန် ဒေါ်လာ ၁ ဒသမ ဝ၂ သန်းအထိ ဝင်ရောက်ထားပြီးဖြစ်ပါတယ်။ ဒီလိုဝင်ရောက်မှုထဲမှာတော့ ရန်ကုန် တိုင်းအ တွင်းကို ကန်ဒေါ်လာ သန်းပေါင်း ၈၆၂ သန်း၊ တနင်္သာရီတိုင်းအတွင်းကို ကန်ဒေါ်လာ ခုနစ်သန်း ကျော်၊ ရခိုင် ပြည်နယ်အတွင်းကို ကန်ဒေါ်လာ ၁၄၂သန်းကျော်၊ ပဲခူးတိုင်းအတွင်းကို ကန်ဒေါ်လာ လေးသန်း ကျော်၊ ဧရာဝ တီတိုင်းအတွင်းကို ကန်ဒေါ်လာ ငါးသန်းကျော်နဲ့ နေပြည်တော်အတွင်းကို ကန်ဒေါ်လာ လေး သန်းကျော်အသီး သီး ဝင်ရောက်ထားပါတယ်။

ဒီလိုအခြေအနေဟာ ၂ဝ၁၉-၂ဝ ဘဏ္ဍာနှစ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအလားအလာကောင်းလို့ ဆိုနိုင်ပါတယ်။ အခြား တစ် ဖက်မှာတော့ ICJ ပြဿနာနဲ့ ရွေးကောက်ပွဲကာလကြောင့် အနောက်အုပ်စုရဲ့စောင့်ကြည့်မှုကို ခံရမယ့်စ်လည်း ဖြစ်နေပြန်ပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်မှု မြှင့်တင်ရေးစီမံကိန်း ရည်မှန်းချက်နဲ့ ရင်းနှီး မြှုပ် နှံမှုကော်မရှင်ရဲ့မူဝါဒအရ စွမ်းအင်၊ လျှပ်စစ်နဲ့ သယံဇာတလုပ်ငန်းတွေကို စနစ်တကျခွင့်ပြုဖို့ လုပ်နေတာ ကြောင့် ပမာဏများတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနိုင်ဖို့ အခွင့်အလမ်းအားသာချက်တွေ ရှိနေ ပါတယ်။ တစ်နည်းအားဖြင့် ၂ဝ၂ဝ ဟာ အရှေ့အုပ်စုရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရှိန်အဟုန်နဲ့ ဝင်ရောက်လာမယ့်နှစ် ဖြစ် နိုင်တယ်လို့ ဆိုရမှာပါ။

ရင်းနှီးမြှုပ်နှံမှု
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */