လွတ်လပ်တဲ့ အာရှအသံ
2019-12-25
ဒီဇင်ဘာလ ၂၅ ရက် ခရစ်စမတ်နေ့မှာ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေ AA တပ်စွဲထားရာ တောင်ကုန်းကို ကျရောက်ပေါက်ကွဲတဲ့အတွက် ဖမ်းဆီးထိန်းသိမ်း ထားသူ တချို့ ဒဏ်ရာရ သေဆုံးခဲ့ပြီး၊ အဲဒီထဲမှာ NLD ဘူးသီးတောင် ဥက္ကဋ္ဌလည်း ပါဝင်ကြောင်း AA က ဒီည ထုတ်ပြန်ပါတယ်။
ဒီနေ့မှာ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ မြေပုံနဲ့ ချင်းပြည်နယ်စပ် ပလက်ဝ မြို့နယ်တွေမှာပါ တိုက်ပွဲ ပြင်းထန်တယ်လို့ ဖော်ပြထားပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ နံနက် ၉ နာရီကနေ စတင် တိုက်ပွဲဖြစ်ပွား ပြီးနောက်၊ စကခ (၁၅) တပ်မဌာနချုပ်ကနေ လက်နက်ကြီးတွေနဲ့ အုတ်တောင်ရွာ အရှေ့ဖက် ၃ မိုင်အကွာ မှာရှိတဲ့ AA ထိန်းချုပ်ရာ ပွိုင့်-၄၂၈ တောင်ကုန်းပေါ်ကို ပစ်ခတ်ရာကနေ သေဆုံးတာဖြစ်ကြောင်း ရေးသား ထားပါတယ်။
တပ်မတော်က အဲဒီကုန်းကို ဒီဇင်ဘာလ ၂၂ ရက်ကတည်းက ထိုးစစ်ဆင်နေတာလို့လည်း AA က ဆိုပါ တယ်။ မြေပုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီနေ့တိုက်ပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီး အသုံးပြု တိုက် ခိုက်ခဲ့ကြောင်း၊ ပလက်ဝမြို့နယ် နှုန်းဘူးကျေးရွာအနီးတိုက်ပွဲမှာ တပ်မတော်ဘက်က ကျဆုံးအရာရှိ တချို့ ကို ရဟတ်ယာဉ်နဲ့ သယ်ဆောင်သွားကြောင်း ဖော်ပြပါတယ်။ တိုက်ပွဲအကျအဆုံး သတင်းကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ထိန်းသိမ်းထားသူတချို့နဲ့ AA တပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရကြောင်း၊ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲ သိန်းက ပွဲချင်းပြီး သေဆုံးသွားကြောင်း ဖော်ပြထားပါတယ်။ ဦးရဲသိန်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နိုင်ငံတကာတရားရုံး ICJ အမှု သွားရောက်ရင်ဆိုင်တာကို ဘူးသီး တောင်မြို့ မှာ ထောက်ခံပွဲလုပ်ဖို့ နယ်ကိုဆင်းရာမှာ AA ရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။
ဦးရဲသိန်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက AA က ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ AA က တပ်မ တော်သားတွေရဲ့ ကျဆုံးဓာတ်ပုံတွေကို ထုတ်ပြန်လေ့ရှိပေမယ့် NLD ဘူးသီးတောင် ဥက္ကဋ္ဌ ဦးရဲသိန်းရဲ့ ရုပ်အလောင်းပုံကိုတော့ ထုတ်ပြန်တာမတွေ့ရပါဘူး။
သုံ့ပန်းချင်း လဲလှယ်လိုကြောင်း AA ရဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ရဲတပ်ဖွဲ့ဝင် ကိုးယောက်၊ တပ်မ တော်သား ခြောက်ယောက်၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ယောက်၊ တပ်အင်ဂျင်နီယာ တစ်ယောက်၊ စုစုပေါင်း ၁၇ ယောက်နဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ချင်းပြည်နယ် အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ဦးဝှေ့တင်းလည်း ပါဝင်ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ကနေ တောင်ပဇာ နယ်ခြားစောင့်စခန်းကိုသွားတဲ့ လူဝင် မှုကြီးကြပ်ရေး (လဝက) အရာရှိသုံးဦးကို AA က ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
No comments:
Post a Comment