Thursday, December 26, 2019

ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးလိုက်ပြီဟု AA ပြောခွင့်ရသူဆို

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၆ / ၂ဝ၁၉
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးရဲသိန်းမှာ လက်နက်ကြီး ကျည်ကျ သေဆုံးသွားခြင်းဖြစ်ပြီး ကောင်းမွန်းစွာ သင်္ဂြိုလ်ပေးလိုက်ပြီဟု ရက္ခိုင့်တပ်တော် (AA) ၏ ပြော ခွင့်ရသူ ခိုင်သုခက ပြောဆိုသည်။

လက်နက်ကြီးကျည်ကျေရာက်ပေါက်ကွဲမှုကြောင့် ဦးရဲသိန်း၏ရုပ်အေလာင်းမွာ တစ်စစီဖြစ်သွားပြီး ကြည့်မကောင်း၊ ရှုမေကာင်းဖြစ်သွားခဲ့သည်ဟု (AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက နိရဉ္စရာကို အတည်ပြုပြောသည်။"အဲဒီ မှာ သူ့ကို ဆိုးဆိုးဝါးဝါး လက်နက်ကြီးအလုံးလိုက်ကျပြီးတော့ အားလုံး အစိတ်စိတ် အမြွာမြွာဖြစ် သွားတဲ့ အနေအထားဖြစ်တယ်။ ကျနော်တို့ကတော့ သူ့ကို ကျန်ခဲ့တဲ့ ရုပ်ကို ကျနော်တို့ ကောင်းကောင်းမွန်မွန်ပဲ ရတဲ့အထိ စုဆောင်းပြီးတော့ သင်္ဂြိုဟ်ပေးလိုက်တယ်ပေါ့လေ"ဟု ခိုင်သုခက ဆိုသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ် ၃ နာရီ ၆ မိနစ်တွင် ပွိုင့်-၄၂၈ ကုန်းအား ဘူးသီးတောင်၊ တပ်မဌာနချုပ် အတွင်း မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့သည့်အတွက် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထိန်းသိမ်း ထား သူများမှ သေ ဆုံး သူနှင့် ဒဏ်ရာရရှိသူအချို့ရှိခဲ့ပြီး သေဆုံးသူထဲတွင် ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်း သည် ပွဲချင်းပြီးသေ ဆုံး သွားသည်ဟု AA က ယင်းနေ့ည ၁ဝ နာရီကျော်အချိန်တွင် သတင်းထုတ်ပြန်သည်။

သို့သော်လည်း ဦးရဲသိန်း၏ မိသားစုျမားက သေဆုံးသွားပြီဟု ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သော် လည်း ယခုသတင်းကို အတည်မပြုနိုင်သေးဟု နိရဉ္စရာကို ပြောသည်။

"ကျနော်တို့က အသေအချာသိချင်တာလေ။ အသေးစိတ်သိချင်တာပါ။ ဟုတ်တယ်ဆိုရင် ပုံနဲ့တကွ၊ ပြီးမှ ကျနော်တို့ကလည်း အတည်ပြုယုံလို့ရမယ်။"ဟု ဦးရဲသိန်း၏ညီဖြစ်သူ ဦးအောင်ကိုဆွေက ပြောသည်။

ဦးရဲသိန်းအဖမ်းခံရပြီးနောက် နောက်နှစ်ရက်အကြာတွင် ဦးရဲသိန်း၏သေဆုံးနေပြီဖြစ် သည့်ရုပ်အလောင်း အား တွေ့ရှိဟု အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့်အတွက် မိသားစုဝင်များက ယခုကဲ့သို့ သေဆုံး သွားသည့် ပုံနှင့်တကွ ထုတ်ပြန်ရန် လိုလားနေကြခြင်းဖြစ်သည်။

ယခုကိစ္စနွင့်ပတ်သက်ပြီး အေနာက်ပိုင်းတိုင်းစစ်ဌာနျခုပ်မွ ပြောရေးဆိုခွင့်ရွိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူး ကြီး ဝင်းဇော်ဦးအား နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ မအားသေး၍ နောက်မွပြန်ဆက်ပါဟု တုံ့ပြန်ပြောသည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */