VOA
ဗွီအိုအေ (မြန်မာဌာန)
27 ဒီဇင်္ဘာ၊ 2019 ဘဂ်လားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတွင်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၂၊ ၂၀၁၉)
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေချိန်မှာ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ရေရှည်အစီအမံတွေ ချမှတ်ဖို့ လိုအပ်ကြောင်း နိုင်ငံတကာ ပဋိ ပက္ခ လေ့လာရေးအဖွဲ့ (ICG) က တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေးကို ရေတိုပြဿနာအဖြစ် သဘောမထားဘဲ ရေရှည်အမြင်နဲ့ ကန့်သတ်ချက်တွေ လျှော့ပေါ့ပြီး နိုင်ငံတကာ အလှူရှင်တွေ၊ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေ ကူညီနိုင်အောင် လမ်းဖွင့် ပေးဖို့လည်း ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားတာပါ။
ဒုက္ခသည်တွေအပေါ် လုံခြုံရေးအရ ကန့်သတ်မယ့် အစီအစဉ်တွေအစား ဒုက္ခသည်စခန်းတွေမှာ တရား ဥပဒေ စိုးမိုးရေး အစီအမံတွေကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းလည်း အကြံပြုထားပါတယ်။
အခြေခံအခွင့်အရေးတွေ ရရှိရေးနဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ တော်တော်နဲ့ နေရပ်ပြန်နိုင်ဦးမှာ မဟုတ်သေးဘူး ဆိုတာကို ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ တရားဝင် အသိ အမှတ်ပြု လက်ခံမထားပေမယ့်လည်း ပကတိအခြေအနေကို ဖြေရှင်းနိုင်အောင် ပြင်ဆင် ထားဖို့ လိုကြောင်းလည်း ICG က ထောက်ပြထားတာပါ။
၂၀၁၇ ခုနှစ်ထဲ ရခိုင်ပြည်နယ်က လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာအစွန်းရောက် အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အစိုးရတို့ကြား သဘော တူထားပေမယ့် လက်တွေ့ အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေချိန်မှာပဲ ICG က တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ မကြာသေးခင်ကပဲ ဘင်္ဂ လားဒေ့ရှ်နိုင်ငံကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ပြီး ဒုက္ခသည်တွေကို နေရပ်ပြန်ရေး ပြင်ဆင်ထားတဲ့ အခြေအနေတွေကို ရှင်းပြခဲ့ပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။
Link : Here
No comments:
Post a Comment