ဘီဘီစီ မြန်မာပိုင်း
မတ်လ ၂၈ ရက် ၂၀၁၉၊
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲ မတ်လ ၂၆ ရက်နေ့တုန်းက ကျီးရာပြင်ရွာနား ယာယီ အခြေပြု ထားတဲ့ အစိုးရတပ်စခန်းကို အေအေအဖွဲ့ရဲ့ လှုပ်ရှား ကွန်မန်ဒို စစ်ကြောင်း ဝင်ရောက် စီးနင်းခဲ့တာမှာ အစိုးရတပ်ဖွဲ့ဝင် အယောက် ၅ဝ ကျော် ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ အေအေဘက်က ပြောပါတယ်။
ကျောက်တော်-မြောက်ဦး ဆက်သွယ်ရေး လမ်းကြောင်းအတွက် လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်း လင်းမြွေတောင်ကြော နေရာမှာ အတိုက်အခိုက် ခံခဲ့ရတယ်လို့ အခင်းဖြစ်ရာ နေ့တုန်းကလည်း တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။