Saturday, February 23, 2019

တိုင်းရင်းသား ညီအကိုမောင်နှမဖြစ်နေလို့ အေအေကို အပြီးသတ်မချေမှုန်းတာလို့ တပ်မတော်ပြော


ဘီဘီစီ မြန်မာပိုင်း
၂၃-ဖေဖေါ်ဝါရီ ၂၀၁၉ 
ရက္ခိုင့်တပ်မတော် (အေအေ)ဟာ တိုင်းရင်းသား ညီအကို မောင်နှမဖြစ်နေတာ ကြောင့် အပြီးသတ် မချေမှုန်းတာလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော် အနေနဲ့ မကန့်ကွက်ကြောင်း၊ လုပ်ထုံးလုပ် နည်း အရ လုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ အပစ်ရပ်ပေးပြီး နှစ်လအကြာ အခြေအနေတွေ အပေါ် တပ်မတော် ဘက်က ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲမှာ အေအေကို အပြတ်ချေမှုန်းဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ညွှန်ကြားထားပေမယ့် ဘာကြောင့်မချေမှုန်းနိုင်သေးတာလဲဆိုတဲ့ သတင်းထောက်ရဲ့ မေးခွန်းကို တပ်မတော် သတင်းမှန်ပြန် ကြားရေး က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။''ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ညီအကို မောင်နှမဖြစ်တယ်။

 ဒါ့ကြောင့် ဆွေးနွေးတိုင်း ဆွေးနွေးတိုင်းမှာ လမ်းနှစ်ခု အမြဲတမ်း ဖွင့်ပေးထား တယ်''လို့ သူက ပြောပါ တယ်။

 ဒါ့အပြင် အေအေရဲ့တောင်းဆိုချက်တခုဖြစ်တဲ့ ကွန်ဖက်ဒရေးရှင်းဟာ ဒီမိုကရေစီနဲ့ ဖယ်ဒရယ် စနစ်ကို ဆန့် ကျင်နေတယ်လို့လည်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။

ကွန်ဖက်ဒရေးရှင်းကို စည်းလုံးညီညွတ်မှု လျော့ကျလို့ နိုင်ငံတခုလုံးကို ပြိုကွဲသွား စေတဲ့ ယူဂိုစလားဗီး ယား နိုင်ငံသမိုင်းနဲ့ နှိုင်းယှဉ်ပြီးပြောဆိုခဲ့ပြီး သေချာစဉ်းစား သုံးသပ်ဖို့လိုတယ်လို့လည်း သူက ဆိုပါတယ်။ 

တိုင်းရင်းသားနယ်မြေတချို့မှာတော့ နယ်မြေကျော်တာ၊ ဆက်ကြေးကောက်ခံမှု၊ တပ်အင်အား စုဆောင်းမှု ကြောင့် တပ်မတော်နဲ့ ရှမ်းပြည်က တိုင်းရင်းသားအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိသလို တိုင်းရင်းသားလက်နက် ကိုင် အချင်းချင်း အကြားမှာလည်း တိုက်ပွဲတွေ ရှိနေတယ်လို့ တပ်မတော်က ပြောပါတယ်။

တခါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အခြေခံဥပဒေရဲ့ အနှစ်သာရ ထိခိုက်စေတဲ့ပြင်ဆင်မှု မျိုးကို တပ်မတော်က လက်ခံမှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

 ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ ကိစ္စတွေကို တပ်မတော်ဘက်က ထောက်ခံဆောင်ရွက်ခဲ့ပြီး ဥပဒေနဲ့ မညီတဲ့ အကြောင်းအရာ မှန်သမျှတွေလည်း တပ်မတော်က ကန့်ကွက်ဆောင်ရွက်ခဲ့တာ မှတ်တမ်းတွေ အရ ထင် ထင်ရှားရှား တွေ့နိုင်တယ်လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

'အဲဒီအထဲမှာ ကျွန်တော် ဥပမာတခုအနေနဲ့ အထင်ရှားဆုံး ဥပဒေအနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေ၊ ဒီဥပဒေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန် ဆောင် ရွက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ တပ်မတော်သား ကိုယ်စားလှယ်တွေ ကနေပြီး တော့ ဒါဟာ အခြေခံ ဥပဒေနဲ့ ကျော်လွန်အောင် ဆောင်ရွက်တာ ဖြစ်တဲ့အတွက် မကိုက်ညီဘူးဆိုပြီးတော့ ကန့်ကွက်ခဲ့တယ်၊ အားလုံးမှတ်မိကြမှာပါ၊ သို့သော်လည်း ဒီလွှတ်တော် ကနေ ပြီးတော့မှ အတည်ပြု ပြဋ္ဌဌာန်း ပေးလိုက်တဲ့ အတွက် ဒီအပေါ်မှာ ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်တာကို ကျွန်တော်တို့က ဘာမှ မပြောခဲ့ပါဘူး'လို့ သူက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ အင်အားကြီးပြည်ပနိုင်ငံ တွေရဲ့အားပြိုင်မှုကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ် သက်ပြီး ရပ်တည်ချက်မှားရင် မြန်မာနိုင်ငံမှာ စစ်တလင်းဖြစ်သွားနိုင် တယ်လို့ ဗိုလ်ချုပ်မောင်မောင် က အခု လို ပြောပါတယ်။

'ဒီလိုဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ မူလအနှစ်သာရတွေ ယိုင်နဲ့မသွားအောင် ဖွဲ့စည်းပုံ ပြင်တဲ့နေရာမှာ အသေအ ချာ စဉ်းစား ဆောင်ရွက်ဖို့လိုတယ်၊ ပါတီစွဲ ဆန္ဒစွဲတွေနဲ့ ပြင်တာတွေမှားသွားရင် ကျွန်တော်တို့ရဲ့ ရပ်တည် ချက်မှားသွားရင် ကျွန်တော် တို့ဟာ နိုင်ငံကြီးတွေရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ ခုကမ္ဘာမှာ သင်ခန်းစာတွေ ဖြစ် နေတဲ့ ဆီးရီးယားလိုမျိုး အနောက်အုပ်စုက တဖက်၊ ရုရှားတို့ ဘာတို့က တဖက်နဲ့ နိုင်ငံတွင်းမှာ ကြေမွနေ တဲ့ သင်ခန်းစာတွေ အများကြီးရှိပါတယ်'လို့ သူက ပြောပါတယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ပြင်ချင်တဲ့ အချက်ထဲက ၅၉ (စ) နဲ့ ၄၃၆ (က)တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အ နှစ်သာရကို ထိခိုက်စေတယ်လို့ တပ်မတော်ဘက်က ယူဆပါသလားဆိုတဲ့ ဘီဘီစီရဲ့ အမေး ကိုတော့ တိတိ ကျကျ ဖြေကြား မသွားပါဘူး။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */