Tuesday, March 26, 2019

မင်းပြားမြို့မှ ပြန်လာသည့် စက်လှေကို လုံခြုံရေးတပ် ဖွဲ့က ပစ်ခတ်၍ ၁ ဦးဒဏ်ရာရ

DVB
By ဒီဗွီဘီ
26 March 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကနေ ဈေးဝယ်ပြီး ပြန်လာတဲ့ ကုလားမတောင်ကျေးရွာက စက်လှေငယ်တစီးကို တပ်မတော်နဲ့ ရဲပူးပေါင်း တပ်ဖွဲ့က ပစ်ခတ်လိုက်တာကြောင့် စက်လှေမောင်းသူ ကျည်ထိမှန်ဒဏ် ရာရ သွား တယ်လို့ ကာယကံရှင်က ပြောပါတယ်။

မတ်လ ၂၅ ရက် နေ့လည် ၁ နာရီခွဲလောက်က လူလေးဦးလိုက်ပါလာတဲ့ စက်လှေတစီးဟာ မင်းပြားမြို့ပေါ် က ဈေးဝယ်လို့ ပြန်အလာ သူတို့နေထိုင်တဲ့ မင်းပြားမြို့နယ်က ကုလားမတောင်ရွာကို အပြန်မှာ အင်းသား ရွာနားကို အရောက်မှာ ရဲနဲ့ တပ်ပူးပေါင်း တပ်ဖွဲ့က လှမ်းခေါ်စဉ် မကြားတဲ့အတွက် ပစ်ခတ်လိုက်တာလို့ ကျည်မှန်သွားတဲ့ ကိုမောင်ဝင်းသိန်းက ပြောပါတယ်။

“ကျနော်တို့ မင်းပြားကအလာမှာ သူတို့လှမ်းပစ်တာ။ စက်လှေအလှည့်မှာ ကျည်မှန် သွားတာ။ ဘာကြောင့် ပစ်လဲတော့ မသိဘူး။ ဝီစီမှုတ်ပြီး အချက် ပေးတယ်လို့ သူတို့က ပြောတယ်။ ကျနော်က စက်လှေမောင်းနေ တော့ မကြားရဘူး။ စစ်သားရော ရဲသားပါရော ပါတယ်။ လူ ၁၀ယောက် လောက်ရှိမယ်။ ကျနော်တို့မှာ ၄ ယောက်ပါတယ်။ ကျနော်တစ်ယောက်တည်းမှာ ဒဏ်ရသွားတာ။ သူတို့ခေါ်လို့ သွားခဲ့ရတယ်။ ကျနော်တို့ကို ပစ်တာမဟုတ်ဘူး။ အထက်ကို ထောင်ပစ်တာလို့ ပြောတယ်။”

အဲဒီပစ်ခတ်မှုကြောင့် ကိုမောင်ဝင်းသိန်းမှာ နောက်ကျော၊ ပေါင်နဲ့ ခြေဖဝါးတို့မှာ ဒဏ်ရာ ၅ ချက်ရရှိခဲ့ပေမယ့် တခြားသူတွေကို ထိခိုက်ခဲ့တာတော့ မရှိဘူးလို့ ဆိုပါတယ်။ ပစ်ခတ်ပြီးတဲ့နောက် စက်လှေ တစီးတည်းစီး လာကြတဲ့ သူတို့ ၄ ဦးကို ပြန်ခေါ်စစ်ဆေးခဲ့ပြီး ပြန်လွှတ်လိုက်တာဖြစ်ပါတယ်။

“ကျနော်တို့ကိုတော့ ဘာမှမပြောဘူး။ နာမည်တွေဘာတွေ နည်းနည်းမေးပြီး လူတွေကလည်း များလာတော့ ရပြီသွားတော့လို့ ပြောတယ်။ ဘာတပ်ရင်းကလည်း အတိကျမသိဘူး။ ခုက တပ်ရင်းမှာဖြစ်တာမှမ ဟုတ် တာ။ စက်လှေဆိပ်မှာဖြစ်သွားတာ။”လို့ ကိုမောင်ဝင်းသိန်းက ပြောပါတယ်။

အဲဒါနဲ့ ပတ်သတ်ပြီး မင်းပြားမြို့နယ် စခန်းမှူး ဒုရဲမှူး မြဇော်ကို ဒီဗွီဘီက ဆက်သွယ်ရာ မှာတော့ “ကျနော်တို့ မသိသေးဘူးဗျ။ ကျနော်တို့ နေရာနဲ့ ဝေးတယ်။ ကျနော့်ဆီတော့ ဘာသတင်းမှ မရောက်သေးဘူး”လို့ ပြော ပါတယ်။

မင်းမြားမြို့နယ်ထဲက ကျေးရွာသားတွေဟာ မင်းပြားမြို့ကို စက်လှေတွေ၊ ကားတွေနဲ့ လာရောက်ပြီး စနေ့၊ တနင်္ဂနွေမှအပမှ နေ့တိုင်းလာ ရောက်ဈေးဝယ်နေကြတာလည်းဖြစ်ပါတယ်။

ဝဏ္ဏခွာညို

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */