" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဧရာဝတီ. Show all posts
Showing posts with label ဧရာဝတီ. Show all posts

Sunday, April 28, 2019

မြန်မာနိုင်ငံသည် ISIS ၏ ပစ်မှတ်တခု ဖြစ်လာဟု သမ္မတရုံး ပြော

ဧရာဝတီ
By ထက်နိုင်ဇော်
27 April 2019

ရခိုင်ပြည်နယ်တွင် လုံခြုံရေး ယူနေသည်ကို တွေ့ရသော တပ်မတော်သား တဦး / ကျော်ခ / ဧရာဝတီ 

ဆီးရီးယားနှင့် အီရတ်တို့တွင် အခြေမလှသည့် အစ္စလာမ္မစ်နိုင်ငံ (ISIS) အကြမ်းဖက်အုပ်စုသည် ရခိုင်ပြည် နယ် မြောက်ပိုင်းကို အာရုံစိုက်လာသဖြင့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံသည် အကြမ်းဖက် သ မားများ၏ ပစ်မှတ်တခု ဖြစ်လာကြောင်း နိုင်ငံ တော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြော သည်။

ဒုက္ခသည်ကလေးများ အကြမ်းဖက်ဝါဒအတွင်း သိမ်း သွင်းခံရနိုင်ဟု ဘင်္ဂလားဒေ့ရှ် ဆို

ဧရာဝတီ
By Muktadir Rashid  
27 April 2019

ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတခုအတွင်း မြင်ကွင်း / Reuters 

အကယ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးက ကာလရှည်စွာ နှောင့်နှေးနေခဲ့ပါက ဒုက္ခသည်ကလေး များ လူငယ် ဖြစ်လာသည့် အချိန်တွင် အကြမ်းဖက်ဝါဒအတွင်းသို့ သိမ်းသွင်းခံရသည့် အန္တရာယ် ရှိလာလိမ့် မည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြမ်းဖက် တိုက်ဖျက်ရေးရဲ အဖွဲ့မှ အဆင့်မြင့်အရာရှိတဦးက ဧပြီလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

Friday, April 26, 2019

ISIS က မြန်မာကို ပစ်မှတ်ထားလာဟု မလေးရှား ရဲချုပ် ပြော

ဧရာဝတီ
By ဧရာဝတီ
26 April 2019

မလေးရှားရဲချုပ် တန်စရီမိုဟာမက်ဖူဇီဟာရမ် / Malay Mail

ဆီးရီးယားနှင့်အီရတ်တို့တွင် ရှုံးနိမ်ခဲ့သော အစ္စလာမ္မစ်နိုင်ငံ(ISIS) အကြမ်းဖက်အုပ်စုသည် ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တို့ကို ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများ လုပ်ရန်အတွက် မျက်စိ ကျနေသည်ဟု ယုံကြည်ရကြောင်း မလေးရှား ရဲချုပ် တန်စရီမိုဟာမက်ဖူဇီဟာရမ်က ပြောကြောင်း သိရ သည်။

အဆိုပါ ပြောဆိုချက်သည် သေဆုံးသူ ၃၅၉ ဦးအထိ တိုးလာသော သီရိလင်္ကာရှိ ခရစ်ယာန်ဘုရားကျောင်း များကို အသေခံဗုံးခွဲရာတွင် အစ္စလာမ္မစ်နိုင်ငံ(ISIS) အကြမ်းဖက်အုပ်စုက ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုအပြီး နောက်ဆက်တွဲဖြစ်သည်။

Wednesday, April 24, 2019

ထိုးစစ် အရှိန်မြှင့်လျှင် AA ကို ဝန်းရံမည်ဟု မြောက် ပိုင်း မဟာမိတ် သုံးဖွဲ့ ထုတ်ပြန်

ဧရာဝတီ
By ချစ်မင်းထွန်း 
24 April 2019
ရက္ခိုင့်တပ်မတော် (AA) အား ထိုးစစ်အရှိန်အဟုန်မြှင့်မြှင့်ဖြင့် ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက မိမိတို့ စစ်ရေး မဟာမိတ် ညီနောင် သုံးဖွဲ့အနေဖြင့်လည်း မဟာမိတ်ပီသစွာဖြင့် လုပ်သင့် လုပ်ထိုက်သည်များကို မလွှဲ မရှောင် သာ လုပ်ဆောင်သွားမည်ဟု မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့က ယနေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

Monday, April 22, 2019

ရခိုင်ပဋိပက္ခ ပိုကြီးလာမည်ကို စိုးရိမ်၍ မီဒီယာတချို့ ကို အရေးယူရဟု တပ်မတော် ပြော

ဧရာဝတီ
By ထက်နိုင်ဇော်
21 April 2019


"သတင်းမီဒီယာအလုပ်သည် ရာဇဝတ်မှု မဟုတ်"ဟု စာတမ်းပါ တီရှပ်ကို ဝတ်ဆင်ထားသော သတင်းသမားတဦး / မျိုးမင်းစိုး

သတင်းမီဒီယာများ၏ ရခိုင်အရေး ရေးသား ဖော်ပြချက်များကြောင့် လူမျိုးရေး ပဋိပက္ခများ ပိုမိုကြီးထွား လာ မည်ကို တပ်မတော်က စိုးရိမ်သဖြင့် သတင်း မီဒီယာတချို့ကို အရေးယူရန် ဆောင်ရွက်ရခြင်း ဖြစ် ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အ တွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီ သို့ ပြော သည်။

Saturday, April 13, 2019

AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း ၂ )

ဧရာဝတီ
13 April 2019
နန်းလွင်နှင်းပွင့်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ရေးတင်းမာ နေသည်မှာ ၄ လကျော် ရှိပြီဖြစ်သည်။

နှစ်ဖက်တပ်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနိုင်ရေးအတွက် ကိုယ်စားလှယ်များ တွေ့ဆုံမှု ရှိသော် လည်း ပြေလည်ခြင်း မရှိသေးပါ။

Friday, April 12, 2019

AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း - ၁)








Thursday, April 11, 2019

ဖမ်းဆီးထားတဲ့ ရဲမိသားစုဝင်များကို ပြန်လွှတ်ပေးမယ် လို့ AA စစ်ဦးစီးချုပ် ပြော (ရုပ်/သံ)

ဧရာဝတီ
ဧရာဝတီ ၊ ဧပြီ ၁၁ ၊ ၂၀၁၉

AA အထူးတပ်ဖွဲ့ဝင်များသည် ဧပြီ ၉ရက် ည ၁၀နာရီမှ ဧပြီ ၁၀ရက်မနက် ၅နာရီခန့်အထိ မြောက်ဦးမြို့ရှိ အ မှတ် ၃၁လုံခြုံရေး ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် လေညှင်းတောင်အနီးရှိ ယာယီတပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည် ။

တိုက်ပွဲ ဖြစ်ပွားပြီ ပြန်ဆုတ်ခွာရာတွင် ရဲတပ်ဖွဲ့ဝင် မိသားစု ၇ဦးကိုဖမ်းဆီးသွားခဲ့သည်။ အဆိုပါ ၇ဦးမှာ ဒု-ရဲ အုပ်သဲဇော်အောင်၏ ဇနီးနှင့်သမီး ၊ ဒု-ရဲအုပ်အောင်ကိုကိုမြင့်၏ မိခင် အပါအဝင် ဇနီးနှင့်သားနှင့်သမီး ၊ရဲ တပ်သား စည်သူစိုး၏ ဇနီးတို့ဖြစ်သည်။

အင်တာဗျူး- နန်းလွင်နှင်းပွင့် ----------------

The Irrawaddy - Burmese Edition

ဖမ်းဆီးထားတဲ့ ရဲမိသားစုဝင်များကို ပြန်လွှတ်ပေးမယ်လို့ AA စစ်ဦးစီးချုပ် ပြော (ရုပ်/သံ) ဧရာဝတီ ၊ ဧပြီ ၁၁ ၊ ၂၀၁၉ AA အထူးတပ်ဖွဲ့ဝင်များသည် ဧပြီ ၉ရက် ည ၁၀နာရီမှ ဧပြီ ၁၀ရက်မနက် ၅နာရီခန့်အထိ...

Saturday, April 6, 2019

သတင်းထောက်တဦး၏ မြောက်ဦး မှတ်တမ်း

ဧရာဝတီ
မိုးမြင့်
ဆောင်းပါး
တပ်မတော်က မြောက်ဦးမြို့လည်ထဲသို့ မပစ်ခတ်မီ တရက်ဖြစ်သော မတ်လ ၁၇ ရက်တွင် တွေ့မြင်ရသော ထုက္ကန်သိမ် ဘုရား / မိုးမြင့်

အကယ်၍သာ စာရေးသူသည် ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကမ္ဘောဇဘဏ်၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည့် “ခန့်” စားသောက်ဆိုင်တွင် ပြီးခဲ့သည့် မတ် ၁၈ ရက်နေ့တွင် ညနေစာစားခဲ့မည်ဆိုပါက ယခုအကြောင်း အရာ ကို ရှင်းပြနိုင်တော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းညနေတွင် တပ်မတော်စစ်သား များသည် ယင်းလမ်းမကြီးတလျှောက်ရှိ အဆော်ကအအုံများကိုပစ်ခတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

Saturday, March 30, 2019

ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာရန် မရှိဟု သမ္မတရုံး ပြော

ဧရာဝတီ
ထက်နိုင်ဇော်  
30 March 2019 

မတ်လ ၂၉ ရက်နေ့က သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးဇော် ဌေး / ထက်နိုင်ဇော် / ဧရာဝတီ

ရခိုင်ပြည်နယ်တွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိ သဖြင့် တည်ငြိမ် အေးချမ်းမှု မရှိဖြစ်နေသော်လည်း အစိုးရအနေဖြင့် ယင်းဒေသကို စစ်အုပ်ချုပ်ရေး ကြေ ညာရန် အစီအစဉ် မရှိကြောင်း သိရသည်။


Wednesday, March 20, 2019

ရခိုင်ပြည်နယ် တည်ငြိမ်ရေး အထောက်အကူပြု ကော် မတီ အပေါ် သူတို့အမြင်

ဧရာဝတီ



တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော ရခိုင်ပြည် နယ် တည်ငြိမ်ရေး အထောက်အကူပြု ကော်မတီ တရပ်ကို မတ်လ ၁၄ ရက် နေ့စွဲဖြင့် နိုင်ငံ တော် သမ္မတ ရုံးက ဖွဲ့စည်းခဲ့သည်။

ကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက် ဖြစ်စေရန် ဖန်တီး လှုံ့ဆော် မှုများ၊ ထပ်မံ မဖြစ်ပွားစေရေးနှင့် ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက် ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ဖော်ပြထား သည်။

Sunday, March 17, 2019

ဘင်္ဂါလီနဲ့ ပတ်သက်လာရင် UN တို့ INGO တို့က အစွန်းရောက်တယ်

ဧရာဝတီ
17 March 2019
 ကျော်ခ
“မြောက်ဦး စစ်တမ်း” စာအုပ်ဖြင့် ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေဆု) ရရှိခဲ့သူလည်းဖြစ်နိုင်ငံရေး          သုတေသီ တဦးလည်း ဖြစ်သည့် ဦးမောင်မောင်စိုး / ဧရာဝတီ

အစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မရေး ထိုးရ သေးသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး နေပြည်တော် တွင် ယခုလ ၂၁ ရက်နေ့တွေ့ဆုံဆွေးနွေးရန် တရားဝင် ဖိတ်ခေါ်လိုက်သည်။

Wednesday, February 20, 2019

အစိုးရတပ်များကို မပို့ရန် ကားလိုင်းများအား AA သတိပေး

ဧရာဝတီ
By, မိုးမြင့်၊ 20 February 2019





                                                          အမ်းမြို့ စစ်ဆေးရေးဂိတ်တွင် တွေ့ရသော ခရီးသည်တင်ကားများ / မင်းအောင်ခိုင် / ဧရာဝတီ



အစိုးရတပ်များသည် ပဋိပက္ခ ဒေသတွင် တပ်ဖွဲ့များကို သယ်ယူပို့ဆောင်ရာတွင် စစ်ကားများကိုသာမက ပုဂ္ဂလိက ကားများကိုပါ အသုံးပြုနေသောကြောင့် ရခိုင်ပြည်နယ်မှ ပုဂ္ဂလိက ကားလိုင်းများအား ထိုသို့ မလုပ်ရန် ရက္ခိုင့်တပ်မတော် (AA) က ပြီးခဲ့သည့် တနင်္လာနေ့က သတိပေးလိုက်သည်။

Monday, January 28, 2019

သမီးလှကျေးရွာ သွားခဲ့သူ ရသေ့တောင် အမတ် ဦးဦးသိန်းနိုင်ကို မေးမြန်းခြင်း

ဧရာဝတီ
မင်းအောင်ခိုင်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှရွာသစ် ကျေးရွာအနီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရွာသား တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထိုအထဲတွင် နေအိမ်၌ မီးလှုံနေသည့် အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ပြီး ဦးခေါင်းတွင် လက်နက်ကြီး ကျည်စ ထိမှန်ခဲ့သဖြင့် လက်ရှိအချိန်တွင် စစ်တွေဆေးရုံကြီးတွင် အရေးပေါ်လူနာ အဖြစ် ကုသနေရသည်။

Friday, September 8, 2017

ရခိုင်ပဋိပက္ခ နောက်ကွယ်က သမိုင်း

ဧရာဝတီ
8 September 2017
ရခိုင်သမိုင်းပညာရှင် ဒေါက်တာ
Jacques P. Leider / ဇေယျာလှိုင်
သြဂုတ်လ ၂၅ ရက်နေ့တွင် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က ရခိုင်ပြည်နယ်မှ ရဲစခန်း ၃၀ ခန့်နှင့် တပ်မ တော် စခန်းတခုကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ် ဆင်ရေးများ ပေါ်ပေါက်လာစေ ခဲ့သည်။ အသစ်ပြန်ဖြစ်လာသော ပဋိပက္ခကြောင့် ထောင်နှင့် ချီသော မွတ်ဆလင်များ နှင့် ရခိုင် ဗုဒ္ဓဘာသာဝင် များ သူတို့၏ နေအိမ်များကို စွန့်၍ ဒေသတွင်းမှ ယာယီစခန်း များ သို့ သို့မဟုတ် နယ်စပ်ကိုကျော်ဖြတ်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ထွက်ပြေးခဲ့ကြရသည်။

Thursday, September 7, 2017

‘‘အချိန်မရွေး ချိန်ကိုက်ဗုံးလို ပေါက်ကွဲနိုင်တယ်’’

ဧရာဝတီ
သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း
မင်းအောင်ခိုင် / ဧရာဝတီ
7 September 2017
မေယုဒေသ လို့ခေါ်တဲ့ ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်များတွင် သြဂုတ်လ ၂၅ ရက်နေ့က စတင်သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ထောင်ချီ သော ရခိုင်တိုင်းရင်းသားများနှင့် မျိုးနွယ်ဝင် တိုင်းရင်းသားများက နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။

အိုးပစ်၊ အိမ်ပစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်မှာလည်း တကြိမ် မဟုတ်၊ နှစ်ကြိမ်မဟုတ် မကြာခဏဆိုသ လို အသက်လု ထွက်ပြေးနေကြရသည်။

Friday, July 21, 2017

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း - ၄

ဧရာဝတီ
By မောင်မောင်စိုး
21 July 2017
 ၂၀၁၅ ခုနှစ် တပ်မတော် ရေ က မြန်မာ့ပင်လယ်ပြင်ထဲတွင် တွေ့ရှိသော သင်္ဘောပေါ်ပါ ရွှေ့ပြောင်းသွားလာသူ ဘင်္ဂါလီများအား တွေ့ရစဉ် / Reuters

နိုင်ငံသားဖြစ်မှု ပြဿနာတွင် လက်ရှိကြုံနေရသည့် ပြဿနာမှာ လူမျိုးအမည် ပြဿနာ ဖြစ်သည်။ ဘင်္ဂါလီ မွတ်စလင် များက ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာလူမျိုးများ ခေါ်ဝေါ် သတ်မှတ်ထားကြသည်။၎င်းရိုဟင်ဂျာလူမျိုး ဆိုသည်နှင့်ပတ်သက်၍ လွန်ခဲ့သည့် နှစ် ၆၀ ကျော်မှစ၍ အငြင်းပွားမှု ဖြစ်ခဲ့သည်ဟုဆိုရ မည်။

Thursday, July 20, 2017

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း - ၃

ဧရာဝတီ
By မောင်မောင်စိုး
20 July 2017
၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း မောင်တောမြို့နယ်မှ ထွက်ပြေးလာသော ရခိုင်အမျိုးသမီးတဦးနှင့် ကလေးငယ်အား စစ်တွေမြို့ ဘုန်းကြီးကျောင်း တကျောင်းတွင် မြင်တွေ့ရစဉ် / Reuters

နိုင်ငံသားကတ် မရှိ၍ ခရီးသွားခွင့် ကန့်သတ်ခံထားရသော ဘင်္ဂါလီများသည် မြန်မာပြည်တွင်း နယ်ကျော်ခွင့် မရှိသော်လည်း နတ်မြစ်ရိုးတလျှောက် နယ်စပ်ကို လက်ချင်းယှက် မပိတ်နိုင်သည့်အလျောက် ဘင်္ဂလားဒေ့ရှ် ဘက်သို့ ဖြတ်သန်း သွားလာကြသည်။

Tuesday, July 18, 2017

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း - ၂

ဧရာဝတီ
By မောင်မောင်စိုး
18 July 2017

အထူးသဖြင့်၂၀၁၂ မှစ၍ ဘင်္ဂါလီများကို လုံခြုံရေးအရ နယ်မြေကန့်သတ်၍ သွားလာခွင့်ပြုခြင်းနှင့် IDP စခန်းများတွင် ထားခြင်းသည် ၅ နှစ်ခန့် ရှိသွားပေပြီ။

ဤပြဿနာသည် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာဆိုသည်မှာ ငြင်းပယ်ရန် မရှိပေ။ မည်သို့ ဖြေရှင်းကြမည်နည်း ဆိုသည်ကသာ အရေးကြီးပေသည်။

Monday, July 17, 2017

ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး အနီးကပ် အပိုင်း - ၁

ဧရာဝတီ
By မောင်မောင်စိုး
17 July 2017

ရခိုင်ပြည်နယ်အရေးကို ကိုင်တွယ် ဖြေရှင်းမည်ဆိုပါက ဘင်္ဂါလီအရေးကို ဖယ်ထုတ်စဉ်းစား၍ မရနိုင်ပေ။

ဘင်္ဂါလီ ပြဿနာ နှင့် ပတ်သက်၍ နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှု ဖိအားပေးမှုတို့ကလည်း ယနေ့အချိန် တွင် သောသော ညံနေသည်ဟု ဆိုရပါမည်။

နိုင်ငံတကာရပ်ဝန်းကတော့ လူ့အခွင့်အရေးဆိုသည့် အမြင်ဘက်က ရပ်တည်၍ ကြည့်ရှုသည်။ သို့သော် ဤသို့ ကြည့်ရှု ခြင်းသည် လုံလောက်မှုမရှိပေ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */