Friday, April 26, 2019

ISIS က မြန်မာကို ပစ်မှတ်ထားလာဟု မလေးရှား ရဲချုပ် ပြော

ဧရာဝတီ
By ဧရာဝတီ
26 April 2019
 မလေးရှားရဲချုပ် တန်စရီမိုဟာမက်ဖူဇီဟာရမ် / Malay Mail
 
 ဆီးရီးယားနှင့်အီရတ်တို့တွင် ရှုံးနိမ်ခဲ့သော အစ္စလာမ္မစ်နိုင်ငံ(ISIS) အကြမ်းဖက်အုပ်စုသည် ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တို့ကို ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများ လုပ်ရန်အတွက် မျက်စိ ကျနေသည်ဟု ယုံကြည်ရကြောင်း မလေးရှား ရဲချုပ် တန်စရီမိုဟာမက်ဖူဇီဟာရမ်က ပြောကြောင်း သိရ သည်။
အဆိုပါ ပြောဆိုချက်သည် သေဆုံးသူ ၃၅၉ ဦးအထိ တိုးလာသော သီရိလင်္ကာရှိ ခရစ်ယာန်ဘုရားကျောင်း များကို အသေခံဗုံးခွဲရာတွင် အစ္စလာမ္မစ်နိုင်ငံ(ISIS) အကြမ်းဖက်အုပ်စုက ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုအပြီး နောက်ဆက်တွဲဖြစ်သည်။

“ ဆီးရီးယား (ဒါမှမဟုတ်) အီရတ်က Daesh(ISIS) အုပ်စုဟာ မဟာမိတ်တိုက်ခိုက်မှုကြောင့် အခုဆို အဲဒီခို လို့မရတော့ဘူးဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်။ စစ်သွေးကြွတွေကြားမှာ စိတ်ဓာတ်ကျ လာကြပါ တယ်။ ဆီရီးယားနဲ့အီရတ်က IS အဖွဲ့ဝင်အရေအတွက်ဟာ ၄၅၀၀၀ ကျော်ကနေ အခု ၃၅၀၀၀ ပဲ ရှိပါ တော့တယ်။ ဒီသတင်းကတော့ ကျနော်တို့မိတ်ဆွေတွေနဲ့ ကမ္ဘာတလွှားက အေဂျင်စီတွေဆီကနေ အပြန် အလှန်ဖလှယ်ရင်း စုဆောင်းရရှိတဲ့သတင်းပဲဖြစ်ပါတယ်” ဟု မလေးရှား ရဲချုပ်က မနေ့က ကျင်းပသော သ တင်းစာရှင်းလင်းပွဲတွင် ပြောကြားကြောင်း မလေးရှားမှလာသော သတင်းများက ဆိုသည်။

အရှေ့တောင်အာရှလူဦးရေ၏ ၆၅ ရာခိုင်နှုန်းရှိသော မွတ်ဆလင်များနေထိုင်ရာဒေသကို IS အုပ်စုများက ၎င်းတို့အတွက် သင့်လျော်သည့်နေရာဟု ရှုမြင်ပြီး မသမာသည့်လမ်းညွှန်စေခိုင်းမှုပြုရန် ဆက်လက် ဆွဲ ဆောင်စည်းရုံးနေကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက်ဆာဘူက ယခင်ပြောကြားခဲ့ဖူးသည်။

မလေးရှားရဲချုပ် အဆိုအရ အကြမ်းဖက်အုပ်စုသည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို ဝင် ရန် မလေးရှားရှိ ဆာဘားပြည်နယ် Tawau နှင့် Sandakan ဒေသကို စခန်းထောက်အဖြစ် ရွေးချယ် ထား ကြောင်း သိရသည်။

“အဲဒီနယ်မြေတွေကို ကျနော်တို့က မျက်စိဒေါက်ထောက် စောင့်ကြည့်နေတပါတယ်။ တကယ်တော့ ဆာ ဘား အရှေ့ဘက်ကမ်းရိုးတန်းနယ်မြေက တခြားခရိုင် ၁၀ ခရိုင်ကိုလည်း စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ပြောသည်။

“အဲဒီနေရာတွေအပြင် ဆိုင်ဘာနယ်ပယ်မှာ IS လှုပ်ရှားမှုတွေကိုလည်း ကျနော်တို့ စောင့်ကြည့်နေတုန်းပါ။ တန်ပြန်သတင်းပို့ဌာန(Counter Messaging Centre) က စတင်ပြီးတော့ အွန်လိုင်းပေါ်မှာ Daesh သ ဘောတရားရေးရာဖြန့်ဖြူးနေတာကို စိစစ်နေဆဲဖြစ်ပါတယ်”ဟုလည်း ဆိုသည်။

“ဒီပြဿနာကို ပိုပြီး ထိထိရောက်ရောက်ကိုင်တွယ်ဖို့က ကျနော်တို့အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံခြားမိတ် ဖက် တွေနဲ့ လက်တွဲလုပ်ကိုင်ဖို့လိုတယ်လို့ ကျနော်ထင်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */