" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, January 7, 2023

ရွှေပြည်သာမြို့နယ်၌ ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
6 January, 2023 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၇ ရပ်ကွက်၊ နှင်းပန်းအိမ် ၁ လမ်းက နေအိမ်တအိမ်မှာ ဇန်နဝါရီ ၆ ရက် ဒီနေ့ နေ့လယ်ပိုင်းက ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရ ပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ သတင်းပေးချက်အရ နှင်းပန်းအိမ် ၁ လမ်းက နေအိမ်တအိမ်ကို ဝင်ရောက်စစ်ဆေး ရာ ရိုဟင်ဂျာ အမျိုးသား အယောက် ၂၀ နဲ့ အမျိုးသမီး ၇ ဦးတို့ကို ဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

Tuesday, January 3, 2023

သန်လျင်တွင် ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
DVB | 3 January, 2023

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက် ဘုရားနီ ပေ ၃၀ လမ်းမှာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း က စစ်ကောင်စီတပ်နဲ့ ရဲတွေ ဧည့်စာရင်းစစ်ဆေးရာမှာ ရိုဟင်ဂျာ ၇၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူ တွေဆီက သိရပါတယ်။

ရိုဟင်ဂျာတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ဒီနေ့မနက် ၂ နာရီက ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဧည့်စာရင်းစစ်ပြီး ဖမ်းတာ၊ အိမ်ငှားနေတဲ့အခန်းမှာ မိတာ၊ အိမ်ရှင်လည်း ထွက်ပြေးနေတယ်။”

သန်လျင်နဲ့ မြောက်ဒဂုံမှာ ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.03

သန်လျင်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ RFA

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်က နေအိမ်တစ်ခုမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့ညပိုင်းက ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဖမ်းခံရတဲ့အထဲမှာ ရိုဟင်ဂျာ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၂၅ ဦးနဲ့ အသက် မပြည့်သေးတဲ့ ကလေးငယ် ရှစ် ဦး ပါဝင်ပြီး အားလုံးဟာ အာဟာရမပြည့်ဝတဲ့ပုံစံ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမရှိတာကို တွေ့ခဲ့ရတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

ဟင်္သာတမြို့မှာ ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.03 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရသည့် ရိုဟင်ဓျာ ၃၉ ဦးကို တွေ့ရစဉ်။Citizen Journalist
 
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့မနက်ပိုင်း က ကျောက်သယ်ကားနဲ့ လိုက်ပါလာတဲ့ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာကလေး ၁၀ ဦးအပါအဝင် စုစုပေါင်း ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဟင်္သာတမြို့ခံတွေက RFA ကိုပြောပါတယ်။

အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ယောက်ျားလေး ကိုးဦးနဲ့ မိန်းကလေး တစ်ဦးအပြင် ရိုဟင်ဂျာ အမျိုးသား ၂၇ ဦးနဲ့ အမျိုးသမီးနှစ်ဦး ပါဝင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အားလုံးဟာ ကျောက်သယ်ကားပေါ်မှာ လိုက်ပါလာကြတာဖြစ်ပြီး စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေ ပူးပေါင်းဖမ်း ဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟင်္သာတမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

Thursday, December 29, 2022

အသက်နဲ့ရင်းပြီး နယ်မြေသစ်ရှာနေကြတဲ့ ရိုဟင်ဂျာများ

RFA
လွတ်လပ်တဲ့အာရှအသံ
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.12.29

 ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ထပ်မံရောက်ရှိလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။

ခိုကိုးရာမဲ့နေတဲ့ ရိုဟင်ဂျာတွေဟာ ဘဝသစ်ရှာဖို့ စက်လှေတွေနဲ့ ပင်လယ်ဖြတ်ပြီး နိုင်ငံရပ်ခြားကို ထွက်ခွာနေ ကြ ပါတယ်။ ပင်လယ်ပြင်မှာ စက်လှေပျက်လို့ ကယ်သူမဲ့ဘဝတွေလည်း ရောက်ရပြန် ပါတယ်။ နယ်မြေသစ်ရောက်ဖို့ အသက်နဲ့ လောင်းကြေးထပ် ခရီးနှင်ရင်း သေဆုံးရတဲ့သူတွေလည်း ရှိပါတယ်။

အသက် ၁၉ နှစ်အရွယ် ဖွာတိမာဟာ ခွဲခြားဆက်ဆံခံရမှု၊ ဖိနှိပ်မှုတွေကနေ ရုန်းထွက်ပြီး နိုင်ငံရပ်ခြားမှာပိုကောင်း တဲ့ ဘဝသစ်စမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ခရီးကြမ်းကို စက်လှေနဲ့ ဖြတ်သန်းလာ တဲ့ ရိုဟင်ဂျာတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ အင်ဒိုနီးရှားကိုရောက်ရှိခိုလှုံ

RFA
RFA Burmese
2022.12.29 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာအတွင်း ရောက်ရှိခဲ့သော ရာနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များကိုတွေ့ရစဉ်။AFP

ပင်လယ်ပြင်ကိုလှေတွေနဲ့ ဖြတ်သန်းပြီး အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ကို ရောက်ရှိလာခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အခုထိ စာသင်ကျောင်းဆောင်တစ်ခုမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

သူတို့ဟာ ဒီဇင်ဘာ ၂၆ ရက်နေ့ တနင်္လာနေ့က ရောက်ရှိလာခဲ့ကြတာပါ။

ပင်လယ်ထဲ ရိုဟင်ဂျာစက်လှေနှစ်စီးထက်မနည်း မျောနေဆဲ

RFA
ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2022.12.28

၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရောက်ရှိလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။AFP

ဒီနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ အန္တရာယ်များပြီး အသက်ဆုံးရှုံးနိုင်ခြေများတဲ့ပင်လယ်ပြင် ခရီးကို ထွက်လာကြတဲ့ ရိုဟင်ဂျာ ၂၄ဝဝ လောက်ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ခန့်မှန်းထားပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင် ငါးဆ ပိုများလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်။

Wednesday, December 28, 2022

ရိုဟင်ဂျာ အယောက် ၂၀ ခန့် ပင်လယ်ပြင်တွင် သေဆုံးဖွယ် ရှိ ဟု ကုလအေဂျင်စီပြော

DVB
28 December, 2022


ရိုဟင်ဂျာဒုက္ခသည် ၁၇၄ ဦး တင်ဆောင်လာတဲ့ လှေတစ်စင်းဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အာချေးပြည် နယ်မှာ ဒီဇင်ဘာ ၂၇ ရက်က ဆိုက်ကပ်ခဲ့ပြီး အခုရက်သတ္တပတ်တွေအတွင်း ပင်လယ်ပြင်မှာ တခြားရိုဟင်ဂျာ အယောက် ၂၀ လောက် သေဆုံးဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောပါတယ်။

ဒုက္ခသည်အများစုဟာ ပင်လယ်ပြင်မှာ ရက်သတ္တပတ်တွေချီ ကြာမြင့်ခဲ့လို့ အများစုက ရေဓာတ် ခန်းခြောက်တာနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို ခံစားခဲ့ကြရပြီးတော့ အရေးပေါ်ဆေးကုသမှုတွေ လိုအပ်နေတဲ့အတွက် ဒုက္ခသည်တွေ ကို အာချေးပြည်နယ် ပိုင်ဒိုင်းခရိုင်ရှိ အလယ်တန်းကျောင်းမှာ ယာယီနေရာချထားပေးပါတယ်။

လတ်တလော ရောက်လာကြသူ အများအပြားရဲ့ပြောကြားချက်အရ သူတို့လှေပေါ် ပါလာသူတွေထဲကအယောက် အယောက်  ၂၀ လောက် သေဆုံးခဲ့ကြောင်း သိရပြီး သူတို့ဟာ ပိုကောင်းတဲ့ ဘဝကို ရှာဖွေဖို့ အင်ဒိုနီးရှားကို လာခဲ့ တာလို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်သည် ရိုဟင်ဂျာများအတွက် အသေအပျောက် အဆိုးဆုံးနှစ်ဖြစ်နိုင်ဟု UNHCR ပြော

DVB
28 December, 2022

၂၀၂၂ ခုနှစ်ဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွက် နှစ်များစွာအတွင်းမှာ အဆိုးဝါးဆုံး လူအသေအပျောက် အများ ဆုံးနှစ် ဖြစ်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောပါ တယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ဆိုးရွားတဲ့အခြေအနေတွေကြောင့် ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာမူစလင် ၁၈၀ ပါ စက်လှေတစ်စီး ပင်လယ်ထဲမှာ နစ်မြုပ်ခဲ့တယ်လို့ ယူဆရကြောင်းလည်း UNHCR တာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

ရိုဟင်ဂျာ ကျောင်းသားတွေ မသင်ရတဲ့ ဘာသာရပ်တွေရှိနေ

B B C

ဘီဘီစီမြန်မာပိုင်း
၂၈ ဒီဇင်ဘာ ၂၀၂၂

ပညာသင်ကြားခွင့်ပိတ်ပင်ခံနေခဲ့ရတဲ့ ရိုဟင်ဂျာမွတ်ဆလင်ကျောင်းသားတွေ လာမယ့်ပညာသင် နှစ်အတွက် စစ်တွေတက္ကသိုလ်မှာ ကျောင်းဆက်တက်ခွင့်ရရှိခဲ့ကြပါတယ်။ စစ်ကောင်စီအစိုးရလက်ထက် မွတ်ဆလင်ကျောင်း သားတွေကို တက္ကသိုလ်တက် ခွင့်ပေးထားပေမယ့် ကန့်သတ်ချက်တချို့ကြောင့် နစ်နာမှုတွေနဲ့ကြုံနေရတယ်လို့ မွတ်ဆလင်ကျောင်းသားတွေက ပြောဆိုကြပါတယ်။

Link : Here

ရိုဟင်ဂျာတွေ အန္တရာယ်များတဲ့ ပင်လယ်ခရီးသွားနေတာ တွေကို တားဆီးဖို့ ဘင်္ဂလားဒေ့ရှ်ကြိုးပမ်း

RFA
RFA Burmese
2022.12.27

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ထပ်မံရောက်ရှိလာသော လှေတစ်စီးနှင့် ရိုဟင်ဂျာဒုက္ခသည်တချို့ကို တွေ့ရစဉ်။AFP

ရိုဟင်ဂျာဒုက္ခသည်တွေ အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ခရီးကို ဖြတ်သန်းပြီး အရှေ့တောင်အာရှ နိုင်ငံတွေကို သွားရောက်ဖို့ ကြိုးပမ်းနေတာကို တားဆီးဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၂၇ ရက်နေ့က ရိုက်တာသတင်းဌာနကို ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်အရေးဆိုင်ရာမဟာမင်းကြီး မိုဟာမက် မစ်ဇနာ ရာမန်က ပင်လယ်ပြင်မှာ ဘယ်လောက် အန္တရာယ်ကြီးတဲ့အကြောင်း ဒုက္ခသည်စခန်းတွေမှာ အသိပညာပေးဟောပြောနေသလို ဖမ်းဆီးအရေးယူတာ တွေလည်း လုပ်နေတယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာ ကျောင်းသားတွေ ဘာသာရပ်ရွေးချယ်ခွင့် အခက် အခဲနဲ့ရင်ဆိုင်နေရ

B B C

ဘီဘီစီမြန်မာပိုင်း

၂၈ ဒီဇင်ဘာ ၂၀၂၂,
စစ်တွေ တက္ကသိုလ်

ပညာသင်ကြားခွင့်ပိတ်ပင်ခံနေခဲ့ရတဲ့ ရိုဟင်ဂျာကျောင်းသားတွေ လာမယ့်ပညာသင် နှစ်အတွက် စစ်တွေတက္က သိုလ်မှာ ကျောင်းဆက်တက်ခွင့်ရရှိခဲ့ကြပါတယ်။ 

စစ်ကောင်စီလက်ထက် ရိုဟင်ဂျာကျောင်းသားတွေကို တက္ကသိုလ်တက် ခွင့်ပေးထားပေမဲ့ ကန့်သတ်ချက် တချို့ ကြောင့် နစ်နာမှုတွေနဲ့ကြုံနေရတယ်လို့ ကျောင်းသားတွေက ပြောဆိုကြပါတယ်။  

တက္ကသိုလ်တက်ရောက်သင်ကြားနိုင်ရေးအတွက် ကျောင်းသားတွေကို အခုဒီဇင်ဘာလကစပြီးကျောင်းအပ်လက် ခံနေတာ ဖြစ်ပါတယ်။

Tuesday, December 27, 2022

အင်ဒိုနီးရှားရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့ ကုလ တိုက်တွန်း

RFA
လွတ်လပ်တဲ့အာရှအသံ
2021-12-27

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ထပ်မံရောက်ရှိလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။Reuters 


ပင်လယ်ပြင်မှာ သီတင်းပတ်အတော်ကြာ မျောနေပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိသွားတဲ့ ရိုဟင်ဂျာဒုက္ခ သည် ၅ဝဝ နီးပါးရှိပြီး သူတို့ကို လိုအပ်တဲ့အကူအညီတွေပေးကြဖို့ ဒေသတွင်းနိုင်ငံတွေကို ကုလသမဂ္ဂက တိုက် တွန်းလိုက်ပါတယ်။

ဒုက္ခသည် ၅ဝဝ နီးပါးဟာ ပြီးခဲ့တဲ့သီတင်းခြောက်ပတ်အတွင်း အင်ဒိုနီးရှားကို ရောက်သွားကြတဲ့ အရေအတွက် ဖြစ်ပါတယ်။ မျောပါနေစဉ်အတွင်း အကူအညီတောင်းခံခဲ့ပေမယ့် အကူအညီမရရှိခဲ့ဘူးလို့ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။

မော်လမြိုင်မြို့မှာ ရိုဟင်ဂျာ အယောက် ၂၀ ကျော် ဖမ်းမိ

VOA
ဗွီအိုအေမြန်မာပိုင်း
ငြိမ်းချမ်း
၂၇ ဒီဇင်ဘာ၊ ၂၀၂၂

ရခိုင်ပြည်နယ် မြောက်ဖျားဘက်က နိုင်ငံသားအထောက်အထားမဲ့ ဖမ်းဆီးခံခဲ့ရသူများ။ (ဓာတ်ပုံ - ပုသိမ်သား ဦးဇော်'s facebok - ဇန်နဝါရီ ၂၇၊ ၂၀၂၁)
 
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ပြီးခဲ့တဲ့ ခရစ်စမတ်နေ့ဒီဇင်ဘာ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်ဘက်ကလာတဲ့ ရိုဟင်ဂျာအယောက် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ရခိုင်ပြည် နယ်တွင်းက မွတ်စလင်တွေဟာ လူကုန်ကူးသူတွေရဲ့ ပစ်မှတ်ဖြစ်လာနေပေမယ့် ကာကွယ်ပေးနိုင်မှု အားနည်းနေ တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေက ထောက်ပြနေကြပါတယ်။ ဒီသတင်း ရန်ကုန်ကပေးပို့လာတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

Monday, December 26, 2022

မော်လမြိုင်တွင် ရိုဟင်ဂျာ ၂၄ ဦး ဖမ်းဆီးခံရ

DVB
26 December, 2022


 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ရိုဟင်ဂျာ ၂၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လှိုင်ရပ်ကွက်၊ အုတ်ဖိုလမ်းရှိ ငါးထပ်တိုက်မှာ ရိုဟင်ဂျာတွေ ရောက်နေတယ်လို့ သတင်းပေးချက်အရ စစ်ကောင်စီ တပ်က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“၅ ထပ်တိုက်ရဲ့ လေးလွှာမှာတွေ့တာ အခုတော့ လ.ဝ.က မှာ စစ်ဆေးနေတုန်း ဘယ်ကလာတယ် ဆိုတာတော့ မသိဘူး။”

လှေစီးပြေး ရိုဟင်ဂျာ ၅၈ဦး အင်ဒိုကယ်ဆယ်

VOA
ဗွီအိုအေမြန်မာပိုင်း
2022-12-26
MYANMAR-ROHINGYA/INDONESIA

အင်ဒိုနီးရှားနိုင်ငံ မြောက်ဖက်စွန်း အာချေးပြည်နယ်ထဲက ကမ်းခြေတခုမှာ အစာရေစာပြတ်လပ်ပြီးအားနည်းနေ တဲ့ ရိုဟင်ဂျာဆယ်ဂဏန်းလောက်ကို တနင်းနွေနေ့က တွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ပြောပါ တယ်။ သူတို့ဟာ ပင်လယ်ထဲ ရက်သတင်းပတ်အတန်ကြာခဲ့ပြီးနောက်၊ အာချေးကမ်းခြေကိုရောက်လာ တာလို့ ဆိုပါတယ်။ အမျိုးသား ၅၈ဦးပါ ဒီအစုဟာ အာချေးပြည်နယ် Ladong တံငါရွာက Indrapatra ကမ်းခြေကို တ နင်း နွေနေ့အစောပိုင်းက ရောက်ရှိလာကြတာလို့ ဒေသရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ သူတို့ထဲက သုံး ဦးက အခြေအနေအတော်ဆိုးနေပြီး၊ အများစုကတော့ ရေဓါတ်ခမ်းခြောက်တဲ့ဝေဒနာခံစားနေရတယ်လို့ ဆရာ ဝန်တဦးက အေပီသတင်းဌာနကို ပြောပါတယ်။

ရိုဟင်ဂျာလှေတစ်စီးကို အင်ဒိုနီးရှားကယ်ဆယ်

B B C 

ဘီဘီစီမြန်မာပိုင်း
2022-12-26

  ကယ်ဆယ်ထားတဲ့လှေကို ကြည့်နေတဲ့ဒေသခံတွေ

အင်ဒိုအစိုးရက အကူအညီပေးပြီးနောက် အရပ်ဘက်အဖွဲ့အစည်းတွေကလက်ခံစောင့်ရှောက်ထား

အစာရေစာပြတ်လပ်ပြီးအားနည်းနေတဲ့ ရိုဟင်ဂျာ ၅၈ယောက်ပါတဲ့ လှေအငယ်စားတစ်စီးဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးဘီဆာခရိုင်က အင်ဒရာပတ်ထရာ ကမ်းခြေကို မနေ့ ဒီဇင်ဘာ ၂၅ရက်က ကမ်းကပ်လာလို့ ဒေသခံရွာ သားတွေက ကယ်ဆယ်ခဲ့ကြပါတယ်။

Sunday, December 25, 2022

အစာရေဆာငတ်မွတ်နေတဲ့ ရိုဟင်ဂျာ ၆၀ နီးပါးပါတဲ့ စက် လှေတစ်စီး အင်ဒိုးနီးရှားကို ရောက်လာ

RFA
RFA Burmese
2022.12.25
၂၀၂၂ ၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် Krueng Raya ကမ်းခြေကို ရောက်ရှိခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦး။
 

အမျိုးသားတွေသာပါဝင်ပြီး အစာရေစာငတ်မွတ်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်လှေတစ်စီးဟာ ဒီဇင်ဘာလ ၂၅ ရက် နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် Krueng Raya ကမ်းခြေကို ရောက်ရှိလာခဲ့ပါတယ်။

အဲ့ဒီစက်လှေဟာ ပင်လယ်ထဲမှာ တစ်လနီးပါးကြာမျောနေပြီး စက်လှေပေါ်ပါလာသူတွေက ရေဓါတ်ခမ်းခြောက် နေခဲ့ကြတယ်လို့ အာဏာပိုင်တွေက RFA ရဲ့ ညီနောင် သတင်းဌာန Benar news ကိုပြောပါတယ်။

Saturday, December 24, 2022

မြန်မာ့အရေးကူညီမယ့် NDAA ဥပဒေကို ကန်သမ္မတ အတည်ပြု

B B C

ဘီဘီစီမြန်မာပိုင်း

2022-12-23 

မြန်မာ့အရေးကူညီမယ့် NDAA ဥပဒေကို ကန်သမ္မတအတည်ပြု

အမေရိကန်အထက်လွှတ်တော်နှစ်ရပ်က အတည်ပြုထားတဲ့ အမေရိကန်အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ဥပဒေကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်အတည်ပြုလိုက်ပြီလို့ အမေရိကန်ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
 
ဒီဥပ‌ဒေထဲ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ (Ethnic Armed Organizations – EAOs) တွေ ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ (PDFs) တွေကိုလက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေထောက်ပံ့ဖို့အချက်တွေ ထည့်သွင်းထားတာဖြစ်ပါတယ်။

ကပ္ပလီပင်လယ်ပြင်က ရိုဟင်ဂျာတွေကို ကယ်ဆယ်ဖို့ အာဆီယံနိုင်ငံတွေကို ကုလတိုက်တွန်း

RFA
RFA Burmese
2022.12.23 

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးမြို့ရှိ Seunuddon ကမ်းခြေအနီးတွင် တွေ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များ လိုက်ပါလာသော စက်လှေတစ်စင်းကို ၂ဝ၂ဝ ခုနှစ် ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ်။Reuters
  
ကပ္ပလီပင်လယ်ပြင်မှာ သီတင်းပတ်များစွာ မျောပါနေတဲ့ လှေတစ်စင်းပေါ်က ရိုဟင်ဂျာလို့ယူဆရတဲ့ လူ ၁၉၀ ခန့်ကို ဝိုင်းဝန်းကူညီကယ်ဆယ်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေကို ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေကတိုက် တွန်းလိုက်ပါတယ်။

လှေပေါ်ပါလာသူ အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ငါးနှစ်ကြာနေထိုင်ခဲ့ပြီး ပိုမိုကောင်း မွန်တဲ့ဘဝတွေကို ရှာဖွေဖို့အတွက် မလေးရှားနဲ့ အင်ဒီုနီးရှားကိုထွက်ခွာလာကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ် စ လင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */