" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 29, 2022

အသက်နဲ့ရင်းပြီး နယ်မြေသစ်ရှာနေကြတဲ့ ရိုဟင်ဂျာများ

RFA
လွတ်လပ်တဲ့အာရှအသံ
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.12.29

 ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ထပ်မံရောက်ရှိလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။

ခိုကိုးရာမဲ့နေတဲ့ ရိုဟင်ဂျာတွေဟာ ဘဝသစ်ရှာဖို့ စက်လှေတွေနဲ့ ပင်လယ်ဖြတ်ပြီး နိုင်ငံရပ်ခြားကို ထွက်ခွာနေ ကြ ပါတယ်။ ပင်လယ်ပြင်မှာ စက်လှေပျက်လို့ ကယ်သူမဲ့ဘဝတွေလည်း ရောက်ရပြန် ပါတယ်။ နယ်မြေသစ်ရောက်ဖို့ အသက်နဲ့ လောင်းကြေးထပ် ခရီးနှင်ရင်း သေဆုံးရတဲ့သူတွေလည်း ရှိပါတယ်။

အသက် ၁၉ နှစ်အရွယ် ဖွာတိမာဟာ ခွဲခြားဆက်ဆံခံရမှု၊ ဖိနှိပ်မှုတွေကနေ ရုန်းထွက်ပြီး နိုင်ငံရပ်ခြားမှာပိုကောင်း တဲ့ ဘဝသစ်စမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ခရီးကြမ်းကို စက်လှေနဲ့ ဖြတ်သန်းလာ တဲ့ ရိုဟင်ဂျာတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

"ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အဖြစ်နေရတာက ပညာရေးလည်း ကောင်းကောင်းမရ၊ အိမ်ထောင်လည်းမပြုရ၊ ကျွန်တော်တို့ အရမ်းဆင်းရဲတယ်"

အဲဒီစက်လှေပေါ်မှာ ဖွာတိမာလိုပဲ ဘဝသစ်စဖို့ မျှော်လင့်နေကြတဲ့ သူ့လိုဘဝတူရိုဟင်ဂျာ အယောက် ၂ဝဝ လောက် ပါပါတယ်။ ဒီလူတွေကို သယ်လာတဲ့ စက်လှေဟာ ရက်ပေါင်းများစွာ ကမ်းမမြင်လမ်းမမြင်ဖြတ်သန်းရ မယ့် ခရီးကြမ်းအတွက် လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိကြတဲ့အခါ၊ စက်ပျက်ပြီး ပင်လယ်ပြင်မှာတစ်လခွဲနီးပါး ကြာ အောင်မျောနေခဲ့ပါတယ်။

"ကျွန်မက ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ထွက်လာခဲ့တဲ့သူပါ။ ထွက်လာပြီး ငါးရက်လောက်ကြာတော့ ကျွန်မတို့ စက် လှေပျက်သွားတယ်၊ စက်လှေပျက်သွားတဲ့နောက် စားနပ်ရိက္ခာတွေ ရှားပါးလာတယ်၊ စားစရာမရှိသလို သောက်စ ရာလည်း မရှိတော့ဘူး"

 

ဖွာတိမာတစ်ယောက် ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခဲ့ပြီး အခုတော့ အင်ဒိုနီးရှားနိုင်ငံ အာချေး ပြည်နယ် မှာ ကမ်းတင်ခဲ့ပါတယ်။ ဖွာတိမာစီးလာတဲ့ စက်လှေထဲက လူအယောက် ၂ဝ ကျော် လမ်းခရီးမှာ သေဆုံးခဲ့ရပါ တယ်။

"လှေပျက်ပြီး ရက်ပိုင်းလောက်ကြတော့ ကျွန်မတို့ ကမ်းကပ်နိုင်မယ့် နည်းလမ်းရှာရတော့တာပေါ့။ လှေပေါ်ပါ လာတဲ့ အမျိုးသား ငါးယောက်လောက်က လှေပေါ်ကခုန်ဆင်းပြီး ဘေးဘယ်ညာကို ရေကူးကြည့်ပြီးအကူအညီ ရနိုင်မလားလို့ ရှာကြပါသေးတယ်။ ကျွန်မတို့ ဘယ်နားကို ရောက်နေမှန်းလည်း မသိဘူးလေ။ အဲဒီ ပထမဆုံး ရေထဲခုန်ဆင်းအကူအညီရှာကြတဲ့ အမျိုးသား ငါးယောက်လည်း နောက်ပိုင်းမှာ အစာငတ်သေသွားတယ်။ လှေပျက်ပြီး ၁၂ ရက်လောက်ကြာတော့ ရေတွေက လှေထဲ တစ်စတစ်စဝင်လာတော့တာပဲ။ အဲဒါနဲ့နောက်ထပ် လူတချို့လည်း ရေထဲကို ခုန်ချကြတယ်။ လှေမြုပ်သွားမှာကို ကြောက်ကြတယ်လေ။ အဲဒီခုန်ချသွားသူတွေရဲ့ အလောင်းတွေ ဟိုနားကပေါ်လာလိုက်၊ ဒီနားက ပေါ်လာလိုက်နဲ့ ကျွန်မတို့လည်း ဘာမှမတတ်နိုင် မလုပ်နိုင်ဘူး ရှင်"

ဖွာတိမာစီးလာတဲ့ စက်လှေမှာ အမျိုးသမီး အယောက် ၇ဝ နဲ့ ကလေး ၃၂ ယောက် ပါပါတယ်။ အမျိုးသား အ ယောက် ၂ဝ ကျော်ကလွဲရင် ကျန်တဲ့ အမျိုးသမီးတွေနဲ့ကလေးတွေ အားလုံးအသက်ရှင်လျှက် ကမ်းကပ်နိုင်ခဲ့ပါ တယ်။

ဒါပေမဲ့ သူတို့အားလုံးဟာ တစ်လခွဲကြာ ပင်လယ်ခရီးကြမ်းကို အစာရေစာမလောက်ဘဲ ဖြတ်သန်းခဲ့ရလို့ ရေဓာတ် ခန်းခြောက်ပြီး အရေးပေါ် ဆေးကုသခံနေရပါတယ်။ သူတို့အားလုံးကို အာချေးပြည်နယ်အာဏာပိုင်တွေနဲ့ ကုလ သမဂ္ဂဒုက္ခသည်ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကျန်းမာရေး စောင့်ရှောက်ပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ စက်လှေဖြင့် ပင်လယ်ပြင်ခရီးထွက်ခွာလာပြီး ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာသည့် အသက် ၁၉ နှစ်အရွယ် ဖွာတိမာနှင့် ရိုဟင်ဂျာအမျိုးသမီးတချို့။ (Photo: AFP)
 
ဖွာတိမာတို့ စက်လှေကမ်းမကပ်ခင် နှစ်ရက်ကလည်း ရိုဟင်ဂျာအမျိုးသားချည်းပဲအယောက် ၆ဝ လောက်ပါတဲ့ စက်လှေတစ်စင်း အဲဒီအာချေးပြည်နယ်မှာပဲ ကမ်းကပ်ခဲ့ပါသေးတယ်။

ကမ်းတင်လာတဲ့သူတွေထဲက ရိုဟင်ဂျာအမျိုးသားတစ်ဦးဖြစ်တဲ့ ဆာမူဆာ ခါတွန် (SAMUSA KHATUN) က

"ကျွန်တော်တို့ဟာ မြန်မာပြည်ကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်ဖြစ်ရသူတွေပါ။ ကျွန်တော်တို့ ဘဝ တွေကောင်းစားရေးအတွက် စက်လှေစီးပြီး ထွက်လာရတာဖြစ်ပါတယ်။ ကျွန်တော်တို့မိဘတွေလည်း သေကုန်ပြီ ဗျာ၊ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အဖြစ်နေရတာက ပညာရေးလည်း ကောင်းကောင်းမရ၊ အိမ် ထောင်လည်းမပြုရ၊ ကျွန်တော်တို့ အရမ်းဆင်းရဲတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ ကျွန် တော်တို့ထွက်လာတာ"

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေရော၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေရော စားဝတ်နေ ရေးအခက်အခဲ၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုနဲ့ လွတ်လွတ်လပ်လပ်သွားလာခွင့် မရှိတာတွေကြောင့်ပြည် ပနိုင်ငံတွေကို သွားဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြပါတယ်။

"ပထမဆုံး ရေထဲခုန်ဆင်းအကူအညီရှာကြတဲ့ အမျိုးသား ငါးယောက်လည်း နောက်ပိုင်းမှာ အစာငတ်သေ သွား တယ်"

ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေဘက်ကို ထွက်ဖို့ကြိုးစားကြရင်းမြန်မာနိုင်ငံ ထဲ မှာတင် ဖမ်းဆီးခံရတာတွေရှိသလို၊ ဖွာတိမာတို့လို စီးလာတဲ့ စက်လှေပျက်လို့ ပင်လယ်ထဲရက်အတန်ကြာ စီး မျောနေတဲ့ ဖြစ်ရပ်တွေလည်း မကြာခဏတွေ့နေရပါတယ်။

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က စက်လှေပျက်ပြီး အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်တချို့။ (Photo: AFP)

နိုဝင်ဘာနဲ့ ဒီဇင်ဘာနှစ်လထဲမှာတင် အာချေးပြည်နယ်ကို ကမ်းတင်လာတဲ့ ရိုဟင်ဂျာ အယောက် ၅ဝဝ ရှိပါတယ်။ သူတို့ကို ကူညီပေးနေတဲ့ အာချေးပြည်နယ်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCRတာဝန် ခံ မိုဟာမက်ရက်ဖခီက ဒီလူတွေကိုကူညီဖို့ နိုင်ငံတကာမှာ တာဝန်ရှိတယ်လို့ပြောပါတယ်။

"ပင်လယ်ပြင်မှာ ရိုဟင်ဂျာဒုက္ခသည်စက်လှေတွေ ဘယ်လောက်များများရှိနေသေးလဲ၊ ကျွန်တော်တို့ အကူ အ ညီ တွေ ဘယ်သူလိုအပ်နေသေးလဲလို့ တွေးမိပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းဘက်ကို ပြောချင်တာက တော့ ဒုက္ခ သည်ခိုလှုံခွင့် asylum ရဖို့ဆိုတာ လူ့အခွင့်အရေးတစ်ရပ်ပါ။ သူတို့တွေ ခိုလှုံခွင့်ရဖို့ကူညီရမှာ ကျွန် တော်တို့တာဝန် ပါ"

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူနည်းစုရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ပိုတိုးလာတဲ့အတွက် ပြည်ပနိုင်ငံတွေကို အသက်စွန့်ပြီး ထွက်ခွာနေတဲ့သူတွေပိုများလာတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ တွေက ပြောပါတယ်။

ခနော်နီခနော်နဲ့စက်လှေလေးတွေနဲ့ သက်စွန့်ဆံဖျားထွက်ပြေးကြရင်း ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတဲ့ စက်လှေ တွေ ရှိနေနိုင်သေးတယ်လို့လည်း ခန့်မှန်းကြပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */