" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 24, 2022

မြန်မာ့အရေးကူညီမယ့် NDAA ဥပဒေကို ကန်သမ္မတ အတည်ပြု

B B C

ဘီဘီစီမြန်မာပိုင်း

2022-12-23 

မြန်မာ့အရေးကူညီမယ့် NDAA ဥပဒေကို ကန်သမ္မတအတည်ပြု

အမေရိကန်အထက်လွှတ်တော်နှစ်ရပ်က အတည်ပြုထားတဲ့ အမေရိကန်အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ဥပဒေကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်အတည်ပြုလိုက်ပြီလို့ အမေရိကန်ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
 
ဒီဥပ‌ဒေထဲ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ (Ethnic Armed Organizations – EAOs) တွေ ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ (PDFs) တွေကိုလက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေထောက်ပံ့ဖို့အချက်တွေ ထည့်သွင်းထားတာဖြစ်ပါတယ်။

လာမယ့် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒီဥပဒေအရ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ဒေါ် လာ ဘီလီယံ ၈၀၀ ကျော် သုံးစွဲခွင့်ပြုထားပြီး စစ်ဘက်နဲ့ အရပ်ဘက်ဝန်ထမ်းတွေ ငွေကြေးဖောင်းပွမှုဒဏ်ကိုခံ နိုင် အောင် မူလ တောင်းခံထားတာထက် ဒေါ်လာ ၄၅ ဘီလီယံ ပိုချပေးထားတာပါ။

၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ (Bill of National Defense Authorization Act - NDAA) က အတည်ဖြစ်လာပြီဖြစ်လို့ ဒါဟာ အမေရိကန်ရဲ့ မြန်မာနဲ့ ပတ်သက်တဲ့မူဝါဒပိုင်း မှာ အရေးကြီးတဲ့ အရွေ့လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက မြင်ကြပါတယ်။

ဒီ NDAA ဥပဒေထဲမှာ Burma Unified through Rigorous Military Accountability (BURMA) Act of 2022 ကို ထည့်သွင်းလိုက်နိုင်တာက “ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့ အောင်ပွဲ” လို့ ဒီမူကြမ်းကို ဦးဆောင်တင်သွင်းခဲ့တဲ့ လွှတ်တော်အမတ်လည်းဖြစ်၊ အောက်လွှတ်တော် နိုင်ငံခြား ရေး ရာ ကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဂရေဂရီ မိခ် က ပြောကြားထားပါတယ်။

ဒါ့အပြင် “စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေ၊ လူအခွင့်အ‌ရေး ချိုးဖောက် ခဲ့ကြသူတွေနဲ့ စစ်တပ်ကိုဘဏ္ဍာငွေ ထောက်ပံ့နေတဲ့ နိုင်ငံပိုင် ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူဆောင်ရွက်သွားဖို့ ဒီဥပဒေက အခွင့်အာဏာပေး ထားတယ်” လို့လည်း မစ္စတာ မိခ်ကရှင်းပြထားတာပါ။

အရင်က မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေကို ကူညီဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေပေးဖို ရန်ပုံငွေတောင်းတာမျိုးတွေသာ ထည့်သွင်းလေ့ရှိတဲ့ အမေရိကန် လွှတ်တော်ရဲ့ ဒီလို ဥပဒေမှာ အခုတော့ လက် နက်မဟုတ်တဲ့ အကူအညီကို ခုခံဆန့်ကျင်ရေး အင်အားစုတွေကို ပေးဖို့အထိ ဖြစ်လာတာပါ။

ဒီဥပဒေ လွှတ်တော် ၂ရပ်မှာ အတည်ပြုချိန်က အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကကြိုဆိုထောက်ခံထားပြီး မြန်မာပြည်သူပြည်သားတွေနဲ့ NUG၊ NUCC၊ CRPH၊ CDM နဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှု တို့ အတွက် စစ်ကောင်စီကို ဆန့်ကျင့်တိုက်ပွဲဝင်နေကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ အမေရိ ကန် ပြည်ထောင်စုရဲ့ မူဝါဒကို ရှင်းရှင်းလင်းလင်း ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ အမေရိကန်ရဲ့ ခြေလှမ်းက အကြမ်းဖက်မှုတွေကို အားပေးဖို့ လုပ်တာလို့ တုံ့ပြန်ထား ပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */