" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 28, 2022

ရိုဟင်ဂျာတွေ အန္တရာယ်များတဲ့ ပင်လယ်ခရီးသွားနေတာ တွေကို တားဆီးဖို့ ဘင်္ဂလားဒေ့ရှ်ကြိုးပမ်း

RFA
RFA Burmese
2022.12.27

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ထပ်မံရောက်ရှိလာသော လှေတစ်စီးနှင့် ရိုဟင်ဂျာဒုက္ခသည်တချို့ကို တွေ့ရစဉ်။AFP

ရိုဟင်ဂျာဒုက္ခသည်တွေ အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ခရီးကို ဖြတ်သန်းပြီး အရှေ့တောင်အာရှ နိုင်ငံတွေကို သွားရောက်ဖို့ ကြိုးပမ်းနေတာကို တားဆီးဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၂၇ ရက်နေ့က ရိုက်တာသတင်းဌာနကို ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်အရေးဆိုင်ရာမဟာမင်းကြီး မိုဟာမက် မစ်ဇနာ ရာမန်က ပင်လယ်ပြင်မှာ ဘယ်လောက် အန္တရာယ်ကြီးတဲ့အကြောင်း ဒုက္ခသည်စခန်းတွေမှာ အသိပညာပေးဟောပြောနေသလို ဖမ်းဆီးအရေးယူတာ တွေလည်း လုပ်နေတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ အခုလို အန္တရာယ်များလွန်းတဲ့ ခရီးကို မသွားကြဖို့ ရိုဟင်ဂျာဒုက္ခသည်တွေကို တတ်နိုင်သ လောက် တားဆီးနေပါတယ်။ ဒီလိုပင်လယ်ပြင်ကို ထွက်တာ ဘယ်လောက်အန္တရာယ် ကြီးတဲ့အကြောင်း ဒုက္ခ သည် စခန်းတွေမှာ လိုက်ပြီး အသိပေးဟောပြောနေပါတယ်။ ဘင်္ဂလားဒေ့ရှ် ရေတပ်၊ ကမ်းခြေစောင့်တပ်နဲ့ ရဲ တပ်ဖွဲ့တွေကိုလည်း အသင့်အနေအထားရှိနေအောင် တပ်လှန့်ထားပါတယ်။ လူကုန်ကူးမှုတွေမှာ ပါဝင်သူ တွေ ကိုလည်း ဖမ်းဆီးအရေးယူနေပါတယ်”

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ထပ်မံရောက်ရှိလာကြသော ရိုဟင်ဂျာဒုက္ခသည်များအား ဆေးကုသပေးနေစဉ်။ (Photo: AFP)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို စွန့်ခွာပြီး ပင်လယ်ပြင်ကို ဖြတ်ကူးထွက်ပြေးဖို့ ကြိုးစားလာတဲ့ ရိုဟင်ဂျာတွေ ပိုများလာတာနဲ့အမျှ အခုနှစ် ၂၀၂၂ ခုနှစ်ဟာ ရိုဟင်ဂျာတွေ ပင်လယ်ပြင်မှာ အသေအပျောက် အ များ ဆုံးနှစ် ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က တနင်္လာနေ့က ပြောထားပါတယ်။

အခုနှစ်မှာ ပင်လယ်ကို ဖြတ်သန်းပြီး အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေကို သွားရောက်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၂၄ဝဝ လောက်အထိ ရှိမယ်လို့ UNHCR က ခန့်မှန်းထားတဲ့အကြောင်းနဲ့ ဒါဟာ မနှစ်ကထက် ငါးဆလောက် တိုး လာတာဖြစ်တယ်လို့ ပြောပါတယ်။
၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ထပ်မံရောက်ရှိလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။ (Photo: AFP)

အခုနှစ် နိုဝင်ဘာကတည်းက ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့ လှေတွေ အင်ဒိုနီးရှားနိုင်ငံကို ရောက်လာနေပြီး ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း ရိုဟင်ဂျာ ၁၇၄ ဦး တင်ဆောင်လာတဲ့ လှေတစ်စင်းဟာ ပင်လယ်ထဲမှာ ရက်သတ္ တပတ်ပေါင်းများစွာ မျောနေခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းခြေကို ဆိုက်ရောက်ခဲ့တာ ပါ။

အခုအပတ်အတွင်းမှာပဲ ရေတိုင်ကီတစ်ခုကို ဖက်တွယ်ပြီး ပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာ ခြောက်ဦးကို ထိုင်း တံငါလှေတွေက ကယ်တင်ခဲ့ရပြီး၊ သီရိလင်္ကာရေတပ်ကလည်း ရိုဟင်ဂျာတွေ ပါလာတဲ့ လှေတစ်စီးကိုကယ်တင် ခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Link : Here 

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */