" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, December 24, 2022

မြန်မာအရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ရိုဟင်ဂျာ အဖွဲ့အစည်း စိတ်ပျက်

မဇ္စျိမ
23 December 2022
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သမိုင်းတွင် ပထမဆုံး မြန်မာအရေး ဆုံးဖြတ်ချက်ကို Burmese Rohingya Organisation UK က ယနေ့တွင် ကြိုဆိုသော်လည်း ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်ရေး အတွက် လက်တွေ့ကျသော ခြေလှမ်းများ မပါရှိခြင်းနှင့် မြန်မာစစ်တပ်ဆီ လက်နက်များနှင့် ဘဏ္ဍာငွေများ စီး ဝင်နေခြင်းတို့အား မတားဆီးနိုင်ခြင်းကြောင့် စိတ်ပျက်မိကြောင်း ဖော်ပြသည်။

Wednesday, December 21, 2022

ဘိုကလေးမြို့နယ်မှာ ရိုဟင်ဂျာ ၁၀၀ ကျော်ဖမ်းဆီးခံရ

RFA
RFA Burmese
2022.12.21

 ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist


ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးမှာ စက်လှေနှစ်စီးနဲ့လိုက်ပါ လာတဲ့ ကလေးငယ် ရှစ်ဦး အပါအဝင် ရိုဟင်ဂျာ ၁၁၂ ဦး ဒီဇင်ဘာလ ၂၀ ရက် မနေ့မနက်က ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၁၈ အောက် ကလေးငယ် ရှစ်ဦး၊ အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၄၇ ဦး ဖမ်းဆီးခံရတာပါ။

ကပ္ပလီကျွန်းစုနား ရိုဟင်ဂျာလှေတစင်း သောင်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၁ ဒီဇင်ဘာ၊ ၂၀၂၂
ဇွန်လ (၄) ရက်နေ့ ကကော့လိုင်ပီကျွန်းမှာ ဖမ်းမိတဲ့ လှေစီးပြေးရိုဟင်ဂျာ ဒုက္ခသည်များ (ထိုင်းရေတပ်/ယခင်မှတ်တမ်းဓာတ်ပုံ )

အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းစုတွေနားမှာ ရိုဟင်ဂျာအယောက် ၁၀၀ လောက် အနည်းဆုံးပါတဲ့ လှေတစင်း သောင် တင် နေပြီး လှေပေါ်မှာပါလာသူ ၁၆ ယောက်ကနေ အယောက် ၂၀ လောက်ဟာ ရေနဲ့ အစားအစာငတ်ပြတ်လို့၊ ရေနစ်လို့ သေဆုံးသွားနိုင်တဲ့အခြေအနေ ကြုံနေကြတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့အဖွဲ့ ၂ ခုက ပြောပါ တယ်။

ရိုဟင်ဂျာ ၁၃ ဦး အလောင်းကို ပစ်ထားခဲ့တဲ့ လူကုန်ကူးဂိုဏ်း

B B C 

ဘီဘီစီမြန်မာပိုင်း

2022-12-21

ဒီလူကုန်ကူးဂိုဏ်းဟာ ရခိုင်ပြည်နယ်ကတစ်ဆင့် လူပေါင်း ၂၅၅ ဦးကို ၅ ကြိမ် သယ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်


ရန်ကုန်မြို့ အဝင် လှည်းကူးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က သေဆုံးနေတဲ့ အမျိုးသား ၁၃ ဦး အလောင်းကို စွန့်ပစ်ခဲ့တဲ့ ရိုဟင်ဂျာ လူကုန်ကူးဂိုဏ်းက လူအချို့ကို ဖမ်းမိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အဲဒီလူကုန်ကူးဂိုဏ်းဟာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံတွင်းကနေ တစ်ဆင့် မလေးရှားနိုင်ငံကို ပို့ဖို့ ရန်ကုန်မြို့ဘက်ကို ဆီဘောက်ဆာကားအတွင်း အဖုံးပိတ်ထည့်ပြီး သယ်လာစဥ် ရန်ကုန်မြို့အဝင်လှိုင်သာယာ နည်းပညာတက္ကသိုလ် အနီးမှာ အဲဒီ ဒုက္ခသည်အမျိုးသား ၁၃ ဦးဟာ ပါးစပ်က အမြုပ်တွေထွက်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြရှိပါတယ်။

လှည်းကူးမှာ ရိုဟင်ဂျာအလောင်းတွေကို အစုလိုက်စွန့်ပစ်တဲ့ အဖွဲ့ကို ဖမ်းမိပြီလို့ဆို

B B C

ဘီဘီစီမြန်မာပိုင်း

2022-12-21

ဖမ်းမိသူတွေနဲ့ သိမ်းဆည်းမိတယ်ဆိုတဲ့ကားတွေ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က တပင်ရွှေထီးလမ်းပေါ်မှာ ရိုဟင်ဂျာအလောင်းတွေကို လာရောက်စွန့်ပစ်သွားတဲ့ လူ ၁၃ ဦးပါ လူမှောင်ခိုအဖွဲ့ကို ဖမ်းမိပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန် လာပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ရိုဟင်ဂျာတွေကို မှောင်ခိုကူးတဲ့အမျိုးသားတွေဟာ လူတစ်ဦးကို ၇ သိန်းနှုန်းရယူခဲ့ သူတွေ ဖြစ်ပြီး ဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ်ထဲကိုဝင် အဲဒီကမှ တ ဆင့် မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားကြမယ့်သူတွေလို့ ဆိုပါတယ်။

Tuesday, December 20, 2022

မြန်မာအရေး ဆုံးဖြတ်ချက်မူကြမ်းအားလုံခြုံရေးကောင် စီ မဲပေးမည်

CDMM
ချစ်သဲညှာ
Dec 20, 2022 

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုပြီး ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ရန် စစ်အာဏာသိမ်းအုပ်စုကို တိုက်တွန်းသော ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လာမည့်ရက် ဒီဇင်ဘာ ၂၁ ရက်တွင် မဲပေးဖွယ်ရှိ ကြောင်း သံတမန်များက ပြောသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */