" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 26, 2021

ကုလသမဂ္ဂတရားရုံး ICJ ကြားဖြတ်အမိန့်ကို ဖောက်ဖျက်၍ စစ်ကောင်စီက ရိုဟင်ဂျာများ ခရီးသွားလာခွင့်ပိတ်ပင်သော အမိန့်ချမှတ်

ရန်ကုန်ခေတ်သစ်မီဒီယာ
ရန်ကုန်၊ နိုဝင်ဘာ ၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က မြန်မာနိုင်ငံကို ကြားဖြတ်စီမံဆုံး ဖြတ်ချက် များ ချမှတ်ထားသော်လည်း အကြမ်းဖက် စစ်ကောင်စီက လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ကာ ရိုဟင်ဂျာများကို ခရီးသွားလာခွင့် ပိတ်ပင်သော အမိန့်ကို နိုဝင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများက ထုတ်ပြန် ကြောင်း ကြေညာသည်။


ရိုဟင်ဂျာ လူမျိုးတချို့သည် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်း ကျော်လွန်၍ ခရီး သွားလာနေခြင်း ခရီးသွားလာရာတွင် ခရီး သွားလာခွင့် ပုံစံ ၄ ယူဆောင်ရန် ပျက်ကွက်နေခြင်းများကြောင့် မြို့ နယ် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေနိုင်ကြောင်း၊ ဥပဒေနှင့်အညီ ခွင့်ပြုချက် ရယူရန် လို အပ်သည့် ရိုဟင်ဂျာ လူမျိုးများ အနေဖြင့် တရားဝင် ခွင့်ပြုချက် ပုံစံ ၄ ရယူပြီးမှသာ ခရီးသွားလာကြရန် ထုတ် ပြန်ထားသည်။
ထိုသို့ ထုတ်ပြန်ခြင်းကို လိုက်နာမှုမရှိလျှင် တည်ဆဲဥပဒေများနှင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၁၈၈ တို့အရ ထိရောက်စွာ အရေးယူသွားဖြစ်ကာ အဆိုပါ ဥပဒေသည် ၂လပြည့် မြောက်သည့်နေ့ အထိအတည်ဖြစ်  ကြောင်း ဖော်ပြထားသည်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ဦးနေဆန်းလွင်က "ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ခရီးသွားလာ ခွင့် ကန့်သတ်ထားတာ၊ တစ်ရွာကနေတစ်ရွာကို သွားရင်တောင် ခရီးသွားခွင့်ယူရတာ ၁၉၉၂ ခုနှစ်လောက်က တည်းကပါ။ ဆယ်စုနှစ် ၃ ခုနီးပါးရှိပါပြီ။ အဲဒီကတည်းက အမိန့်ကို မလွန်ဆန်နိုင်တော့ အားလုံးက ခရီးသွား ခွင့်လက် မှတ်တွေကို ငွေကြေး အမြောက်အမြားပေးပြီး ယူကြတယ်။ အဲဒါလည်း ရက်ပိုင်းအတွက်သာ ပေး တာပါ။ စစ်တွေလို မြို့ကြီးမှာ ဆေးသွားကုဖို့ သွားခွင့်မပေးတော့တာ ၂၀၁၂ ကတည်းက။ တစ်မြို့ကနေ နောက်တစ်မြို့သွား မယ်ဆိုရင် ပုံစံ (၄) ဆိုတဲ့ ခရီးသွားခွင့်ယူရတယ်။ ဒါက တစ်ချိန်တုန်းက တောင်အာဖရိ က မှာ အသားအရောင်ရှိသူတွေ ယူရတာနဲ့ တစ်ပုံစံတည်းဖြစ်ပြီး၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ပါတယ်။ ICJ က ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ကြားဖြတ်အစီအမံထုတ်ပြန်ထားကို မင်းအောင်လှိုင် စစ်အုပ်စု ပြောင်ပြောင်တင်းတင်းကို ချိုးဖောက်ပြတာပါ။ သူတို့ ချိုးဖောက်နေတယ်ဆိုတာကို အ မိန့်စာထုတ်ပြန်ပြီး ကမ္ဘာသိအောင် လုပ်ပြလိုက်တာလည်း ဖြစ်တယ်။ ICJ က အမှုက ငြိမ်သွားတာ မဟုတ် ပါ ဘူး။ အမှုဆက်လက်ရင်ဆိုင်ရဦးမှာပါ။ အခုအမိန့်စာက အဲဒီအမှုအတွက် အထောက်အထား တစ်ခုဖြစ်သွား ပါ တယ်။ စစ်အာဏာရှင်တွေကတော့ သူတို့စိတ်တိုင်းကျ အမြဲလုပ်လို့ရမယ်ဆိုပြီး တွက်ထားပုံရ တယ်။

 သူတို့ရဲ့ ကျဆုံးခန်းအတွက် အခုအမိန့်စာက အထောက်အကူတစ်ခု ဖြစ်စေတယ်၊ ပြီးတော့ သူတို့ရဲ့ လူမဆန်မှုတွေ၊ နေ့စဉ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေက သက်သေအထောက်အထားတွေ ပိုဖြစ်စေတယ်ဆိုတာ နားမ လည် သေးဘူးလို့ ထင်ရတယ်။ ICJ တစ်ခုတည်းရယ် မဟုတ်ပါဘူး။ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးမှာလည်း အမှုရှိနေတယ်။ သိပ်မကြာခင်မှာ နွေဦးတော်လှန်ရေးမှာ ကျူးလွန်ခဲ့သမျှ၊ ကျူးလွန်နေသမျှလည်း ICC မှာ အမှုဖြစ်လာမယ်လို့ ယုံကြည်ရတယ်။ စစ်အာဏာရှင်တွေရဲ့ ကျဆုံးခန်းရောက်လာမှာပါ။ အဲဒီအချိန်ကျမှ ကျွန်တော်တို့ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်သူပြည်သားအားလုံး အေးချမ်းစွာ လူ့ဂုဏ်သိက္ခာနဲ့ နေလို့ရမှာ ပါ" ဟု သုံး သပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက် စစ်တပ်က ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုန်း သတ်ဖြတ်မှု ကိစ္စနှင့်ပတ် သက်ပြီး ICJတရားရုံးက ကြားဖြတ်စီမံဆုံးဖြတ်ချက်များ အမိန့် ၄ ချက်ကို ချမှတ်ခဲ့သည်။

(၁) လူမျိုးတုန်း သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက် အပိုဒ်(၂)အရ ရိုဟင်ဂျာများ အ ပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စေနိုင်သည့် အရာအားလုံးကို မြန်မာ အစိုးရက ရပ်တန့်အောင် ဆောင်ရွက်ရန်၊
(၂) မြန်မာစစ်တပ်၊ပြည်သူ့စစ်နှင့် တခြား လက်နက်ကိုင်တပ်ဖွဲများက ဂျီနိုဆိုက် ထပ်မကျုးလွန်နိုင်စေရေး မြန်မာအစိုးရက ထိရောက်စွာ ဟန့်တားရန်၊
(၃) ဂျီနိုဆိုက်သက်သေများကို ဖျက်ဆီးမှုများမရှိစေရန် မြန်မာအစိုးရက ဆောင်ရွက်ရန်၊
(၄) ယခု အမိန့်ချမှတ်သည့်နေ့မှစ၍ ၄ လအတွင်း ဆောင်ရွက်မှုများအားလုံး ကို အစီရင်ခံစာတင်ပြရန်နှင့် နောက်ဆုံးအမိန့်မချမှတ်မီ ၆ လတိုင်း အစီရင်ခံစာ တရားရုံးသို့ တင်သွင်းရန်တို့ဖြစ်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */