" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 29, 2021

ရိုဟင်ဂျာများ ခွင့်ပြုချက်မရှိဘဲ ခရီးမသွားကြရန် စစ်ကောင်စီ ကန့်သတ်

မဇ္ဈိမ
Monday, November 29, 2021 



Unicode
ရခိုင်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ရိုဟင်ဂျာများ ခရီးသွားလာရာတွင် ခွင့်ပြုချက်ယူ ရန်နှင့် နယ်ကျော်သွားလာခြင်းမပြုလုပ်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရ အမိန့် ထုတ် ထားသည်။

“တိုင်းရင်းသား မဟုတ်သူများ ခရီးသွားလာခြင်းနှင့် ပတ်သက်၍ ဒေသန္တရအမိန့်ထုတ်ပြန်ခြင်း” ခေါင်း စဉ် ဖြင့် နိုဝင်ဘာလ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဟု ဖော်ပြထားသည်။

တိုင်းရင်းသားမဟုတ်သူများဆိုသည်မှာ စစ်ကောင်စီအတွက် ရိုဟင်ဂျာများကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းတို့ နေထိုင်ရာမြို့နယ်မှ အခြားသောမြို့နယ်ကို ကူးလူးသွားလာခြင်းကို နယ်ကျော်သွားလာခြင်းဟု ဆိုသည်။

ဥပမာ- ဘူးသီးတောင်မြို့နယ်ထဲတွင် နေထိုင်သည့် ရိုဟင်ဂျာတစ်ဦးအနေဖြင့် မောင်တောမြို့နယ်ကို သွား လာ ရန် ပုံစံ (၄) ကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင်သွားထုတ်ကာ ပုံစံဖြည့်ရသည်။ အဆိုပါပုံစံတွင် အမည်၊ နေရပ်လိပ်စာနှင့် မောင်တောမြို့နယ်ကို မည်သည့်ကိစ္စကြောင့် သွားရောက်မည်တို့ကို ဖြည့် တင်းရသည်။

ခရီးသွားလာခွင့်ထောက်ခံစာ ပုံစံ (၄) ကိုင်ဆောင်ထားလျှင် ဘူးသီးတောင်မှ မောင်တော၊ မောင်တော မှ ဘူးသီးတောင် အထိသာ သွားလာခွင့်ရသည်။

စစ်အုပ်စုအမွေခံ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် ၎င်းတို့က "ဘင်္ဂါလီ"ဟုသတ်မှတ် သော ရိုဟင်ဂျာများအတွက် ထောက်ခံချက်ယူပြီးမှသာ ခရီးသွားရမည်ဟု ပြဌာန်းခဲ့သော်လည်း ၂၀၁၅ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တက်လာပြီးနောက်ပိုင်း ပုံစံမယူဘဲ ခရီးသွားလာခွင့်ပြုခဲ့သည်။

ယခုအခါ အာဏာသိမ်းစစ်ကောင်စီက ခရီးသွားကန့်သတ်ချက်ကိုပြန်လည်အသက်သွင်းလာ ခြင်းဖြစ် သည်။

ထွေအုပ်ရုံးထုတ်ပြန်ချက်တွင် “တားမြစ်ချက်ကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ဥပဒေပုဒ်မ ၁၈၈ တို့အရ ထိရောက်စွာ အရေးယူခံ ရမည်” ဟု ပါရှိပြီး အမိန့်သည် နိုဝင်ဘာလ ၂၅ ရက်နေ့မှ နှစ်လ ပြည့်မြောက် သည့်နေ့အထိ အတည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ရိုဟင်ဂျာဆိုသောအသုံးအနှုန်းကို လက်ခံကျင့်သုံး လာခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ အကြံပေး ဦးအောင်ကျော်မိုးက စစ်ကောင်စီ၏ ယခုကဲ့သို့ လုပ်ရပ် သည် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း ပြောသည်။

“စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်က ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်တယ်။ နဂိုကတည်းက သွားလာ မှု ကန့်သတ်ထားတဲ့လူမျိုးစုတစ်စုအပေါ် ဒေသန္တရာအမိန့်ဆိုပြီး ၁၉၉၀ ကျော်က နယ်စပ်လူဝင်မှုကွ ပ်ကဲရေးက လုပ်ခဲ့သလို တစ်ရွာကတစ်ရွာကို သွားလာခွင့်ကို ပိုမိုတင်းကျပ်တဲ့ အမိန့်များနဲ့ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် တာက လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး ရိုဟင်ဂျာတွေရဲ့ ရှင်သန်ခွင့် အပေါ် ဆိုးရွာတဲ့သက် ရောက်မှုတွေရှိလာနိုင်တယ်” ဟု ဦးအောင်ကျော်မိုးက ပြောသည်။

ပုံစံ (၄) ကို ထုတ်ယူရသည်ကလည်း လွယ်လွယ်ကူကူမဟုတ်ဘဲ အုပ်ချုပ်ရေးမှူးရုံးနှင့် လ၀ကရုံးဝန် ထမ်းများကို လာဘ်ထိုးရသည်ဟု ဘူးသီးမြို့နယ်တွင် နေထိုင်သူ ရိုဟင်ဂျာတစ်ဦးက ပြောသည်။

“လူတွေက ခရီးသွားမယ်ဆိုရင် ပုံစံ- (၄) ထုတ်ယူခ ငွေ ၁၀,၀၀၀ ကုန်တယ်။ ပုံစံ- (၄) ထုတ်ဖို့အတွက် အုပ်ချုပ်ရေးမှူးဆီက ထောက်ခံချက်ယူရတယ်။ အဲဒီမှာလည်း ပေးရတယ်။ အဲဒီထောက်ခံစာ (ရပ်ကွ က်ထော က်ခံစာ) မပါရင်လည်း ဟိုက ပုံစံ- ၄ ထုတ်မပေးဘူး” ဟု ရိုဟင်ဂျာတစ်ဦးက ပြောသည်။

ရိုဟင်ဂျာများအတွက် ခရီးသွားလာခွင့်ထောက်ခံချက် ထုတ်ပေးရာတွင် ပုံစံ (၄) နှင့် ပုံစံ (၁၀) ဆိုပြီး နှစ်မျိုးရှိသည်။ ပုံစံ(၄) သည် ဘူးသီးတောင်၊ မောင်တော မြို့နှစ်ခုသာ သွားလာခွင့်ရှိပြီး ပုံစံ (၁၀) သည် ရခိုင်ပြည်နယ်ထဲက တခြားမြို့နယ်တချို့ကို သွားလာခွင့်ပြုသော ထောက်ခံစာဖြစ်သည်။

အဆိုပါ ခရီးသွားလာခွင့် ထောက်ခံစာ နှစ်မျိုးလုံး၏ ခရီးသွားလာခွင့် သက်တမ်းသည် ခုနှစ်ရက်သာ ရှိသည်။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးစု ပဋိပက္ခများနောက် ထိုစဉ်က အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ရိုဟင်ဂျာများအပေါ် ခရီးသွားလာခွင့် ကန့်သတ် ပိတ်ပင်ခဲ့သည်။ ယခင်စစ်အစိုးရလက်ထက် ၁၉၉၀ ခုနှစ်ကျော် ကာလများတွင်လည်း ကျေးရွာ တစ်ရွာနှင့် တစ်ရွာ ပင် အခွင့်မရှိဘဲ ကူးလူးသွားလာခွင့် ပိတ်ပင်ခဲ့မှုများ ရှိခဲ့သည်။
 
Zawgyi
ရခိုင္ေျမာက္ပိုင္း၊ ဘူးသီးေတာင္၊ ေမာင္ေတာေဒသရွိ ရိုဟင္ဂ်ာမ်ား ခရီးသြားလာရာတြင္ ခြင့္ျပဳခ်က္ယူရန္ႏွင့္ နယ္ေက်ာ္သြားလာျခင္းမျပဳလုပ္ရန္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ေဒသႏၲရ အမိန႔္ထုတ္ထားသည္။

“တိုင္းရင္းသား မဟုတ္သူမ်ား ခရီးသြားလာျခင္းႏွင့္ ပတ္သက္၍ ေဒသႏၲရအမိန႔္ထုတ္ျပန္ျခင္း” ေခါင္းစဥ္ျဖင့္ နိုဝင္ဘာလ ၂၅ ရက္စြဲျဖင့္ ထုတ္ျပန္လိုက္ျခင္းျဖစ္ၿပီး ေဖာက္ဖ်က္က်ဴးလြန္ပါက တည္ဆဲဥပေဒအရ အေရးယူ ခံရမည္ဟု ေဖာ္ျပထားသည္။

တိုင္းရင္းသားမဟုတ္သူမ်ားဆိုသည္မွာ စစ္ေကာင္စီအတြက္ ရိုဟင္ဂ်ာမ်ားကို ဆိုလိုျခင္းျဖစ္ၿပီး ၎တို႔ေနထိုင္ ရာ ၿမိဳ႕နယ္မွ အျခားေသာၿမိဳ႕နယ္ကို ကူးလူးသြားလာျခင္းကို နယ္ေက်ာ္သြားလာျခင္းဟု ဆိုသည္။

ဥပမာ- ဘူးသီးေတာင္ၿမိဳ႕နယ္ထဲတြင္ ေနထိုင္သည့္ ရိုဟင္ဂ်ာတစ္ဦးအေနျဖင့္ ေမာင္ေတာၿမိဳ႕နယ္ကို သြား လာ ရန္ ပုံစံ (၄) ကို ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရး႐ုံးတြင္သြားထုတ္ကာ ပုံစံျဖည့္ရသည္။ အဆိုပါပုံစံတြင္ အမည္၊ ေနရပ္လိပ္စာႏွင့္ ေမာင္ေတာၿမိဳ႕နယ္ကို မည္သည့္ကိစၥေၾကာင့္ သြားေရာက္မည္တို႔ကို ျဖည့္တင္းရ သည္။

ခရီးသြားလာခြင့္ေထာက္ခံစာ ပုံစံ (၄) ကိုင္ေဆာင္ထားလၽွင္ ဘူးသီးေတာင္မွ ေမာင္ေတာ၊ ေမာင္ေတာမွ ဘူးသီးေတာင္ အထိသာ သြားလာခြင့္ရသည္။

စစ္အုပ္စုအေမြခံ ဦးသိန္းစိန္ အစိုးရလက္ထက္ ၂၀၁၂ ခုႏွစ္တြင္ ၎တို႔က "ဘဂၤါလီ" ဟုသတ္မွတ္ေသာ ရိုဟင္ဂ်ာမ်ားအတြက္ ေထာက္ခံခ်က္ယူၿပီးမွသာ ခရီးသြားရမည္ဟု ျပဌာန္းခဲ့ေသာ္လည္း ၂၀၁၅ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အစိုးရ တက္လာၿပီးေနာက္ပိုင္း ပုံစံမယူဘဲ ခရီးသြားလာခြင့္ျပဳခဲ့သည္။

ယခုအခါ အာဏာသိမ္းစစ္ေကာင္စီက ခရီးသြားကန႔္သတ္ခ်က္ကိုျပန္လည္အသက္သြင္းလာျခင္းျဖစ္သည္။

ေထြအုပ္႐ုံးထုတ္ျပန္ခ်က္တြင္ “တားျမစ္ခ်က္ကို လိုက္နာမႈမရွိဘဲ ေဖာက္ဖ်က္က်ဴးလြန္ပါက ဥပေဒပုဒ္မ ၁၈၈ တို႔အရ ထိေရာက္စြာ အေရးယူခံ ရမည္” ဟု ပါရွိၿပီး အမိန႔္သည္ နိုဝင္ဘာလ ၂၅ ရက္ေန႔မွ ႏွစ္လျပည့္ေျမာက္ သည့္ေန႔အထိ အတည္ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။

ရိုဟင္ဂ်ာဆိုေသာအသုံးအႏႈန္းကို လက္ခံက်င့္သုံး လာခဲ့ေသာ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ၏ လူ႔အခြင့္အေရးဆိုင္ရာ ဝန္ႀကီးဌာန၏ အႀကံေပး ဦးေအာင္ေက်ာ္မိုးက စစ္ေကာင္စီ၏ ယခုကဲ့သို႔ လုပ္ရပ္သည္ ႀကီးမားေသာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈျဖစ္ေၾကာင္း ေျပာသည္။

“စစ္ေကာင္စီရဲ့ ဒီလိုလုပ္ရပ္က ႀကီးမားတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈျဖစ္တယ္။ နဂိုကတည္းက သြားလာမႈ ကန႔္သတ္ထားတဲ့လူမ်ိဳးစုတစ္စုအေပၚ ေဒသႏၲရာအမိန႔္ဆိုၿပီး ၁၉၉၀ ေက်ာ္က နယ္စပ္လူဝင္မႈကြပ္ကဲေရးက လုပ္ခဲ့သလို တစ္ရြာကတစ္ရြာကို သြားလာခြင့္ကို ပိုမိုတင္းက်ပ္တဲ့ အမိန႔္မ်ားနဲ႔ ရည္ရြယ္ခ်က္ရွိရွိ လုပ္ေဆာင္ တာက လူမဆန္တဲ့လုပ္ရပ္ျဖစ္ၿပီး ရိုဟင္ဂ်ာေတြရဲ့ ရွင္သန္ခြင့္ အေပၚ ဆိုးရြာတဲ့သက္ေရာက္မႈေတြရွိလာ နိုင္ တယ္” ဟု ဦးေအာင္ေက်ာ္မိုးက ေျပာသည္။

ပုံစံ (၄) ကို ထုတ္ယူရသည္ကလည္း လြယ္လြယ္ကူကူမဟုတ္ဘဲ အုပ္ခ်ဳပ္ေရးမႉး႐ုံးႏွင့္ လ၀က႐ုံးဝန္ထမ္းမ်ား ကို လာဘ္ထိုးရသည္ဟု ဘူးသီးၿမိဳ႕နယ္တြင္ ေနထိုင္သူ ရိုဟင္ဂ်ာတစ္ဦးက ေျပာသည္။

“လူေတြက ခရီးသြားမယ္ဆိုရင္ ပုံစံ- (၄) ထုတ္ယူခ ေငြ ၁၀,၀၀၀ ကုန္တယ္။ ပုံစံ- (၄) ထုတ္ဖို႔အတြက္ အုပ္ ခ်ဳပ္ေရးမႉးဆီက ေထာက္ခံခ်က္ယူရတယ္။ အဲဒီမွာလည္း ေပးရတယ္။ အဲဒီေထာက္ခံစာ (ရပ္ကြက္ေထာက္ ခံစာ) မပါရင္လည္း ဟိုက ပုံစံ- ၄ ထုတ္မေပးဘူး” ဟု ရိုဟင္ဂ်ာတစ္ဦးက ေျပာသည္။

ရိုဟင္ဂ်ာမ်ားအတြက္ ခရီးသြားလာခြင့္ေထာက္ခံခ်က္ ထုတ္ေပးရာတြင္ ပုံစံ (၄) ႏွင့္ ပုံစံ (၁၀) ဆိုၿပီး ႏွစ္မ်ိဳးရွိ သည္။ ပုံစံ(၄) သည္ ဘူးသီးေတာင္၊ ေမာင္ေတာ ၿမိဳ႕ႏွစ္ခုသာ သြားလာခြင့္ရွိၿပီး ပုံစံ (၁၀) သည္ ရခိုင္ျပည္ နယ္ထဲက တျခားၿမိဳ႕နယ္တခ်ိဳ႕ကို သြားလာခြင့္ျပဳေသာ ေထာက္ခံစာျဖစ္သည္။

အဆိုပါ ခရီးသြားလာခြင့္ ေထာက္ခံစာ ႏွစ္မ်ိဳးလုံး၏ ခရီးသြားလာခြင့္ သက္တမ္းသည္ ခုႏွစ္ရက္သာ ရွိသည္။

၂၀၁၂ ခုႏွစ္က ျဖစ္ပြားခဲ့ေသာ လူမ်ိဳးစု ပဋိပကၡမ်ားေနာက္ ထိုစဥ္က အာဏာရပါတီ ျပည္ေထာင္စုႀကံ့ခိုင္ေရး ႏွင့္ဖြံ့ၿဖိဳးေရးပါတီ၏ သမၼတဦးသိန္းစိန္ အစိုးရလက္ထက္တြင္ ရိုဟင္ဂ်ာမ်ားအေပၚ ခရီးသြားလာခြင့္ ကန႔္သတ္ ပိတ္ပင္ခဲ့သည္။ ယခင္စစ္အစိုးရလက္ထက္ ၁၉၉၀ ခုႏွစ္ေက်ာ္ ကာလမ်ားတြင္လည္း ေက်းရြာတစ္ရြာႏွင့္ တစ္ရြာ ပင္ အခြင့္မရွိဘဲ ကူးလူးသြားလာခြင့္ ပိတ္ပင္ခဲ့မႈမ်ား ရွိခဲ့သည္။

Link : Here



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */