" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 27, 2021

ရိုဟင်ဂျာတွေ ခွင့်မပြုချက်မရှိဘဲ ခရီးသွားလာရင် အရေးယူ မယ်လို့ အမိန့်ထုတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ

2021-11-26
ရခိုင်ပြည်နယ်ကို ပြန်ပို့ခံရတဲ့ ရိုဟင်ဂျာတွေကို တွေ့ရစဉ်
Photo: RFA
 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေကို နိုဝင်ဘာလ ၂၅ ရက်နေ့ကစလို့ အေ ထာက်အထားမပါဘဲ ခရီးသွားလာရင် ထိထိရောက်ရောက် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဘူးသီးတောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက မနေ့က ဒေသန္တရ အမိန့်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

မြို့နယ်အတွင်းအပြင် ခရိုင်၊ ပြည်နယ်နဲ့ တိုင်းဒေသတွေကို ခရီးသွားလာခွင့် ပုံစံ (၄) မပါဘဲ ခရီးသွားလာခြင်း မပြုဘူးလို့လည်း အဲဒီအမိန့်စာမှာ ဖော်ပြထားပါတယ်။

အဲဒီ အမိန့်စာကို ရိုဟင်ဂျာ ကျေးရွာအုပ်ချုပ်ရေးမှုးတွေထံ မနေ့က ပေးပို့ခဲ့တယ်လို့လည်း လက်ခံရရှိခဲ့တဲ့ ရိုဟင်ဂျာအုပ်ချုပ်ရေးမှူးတွေက RFA ကိုပြောပါတယ်။

 

အဲဒီအမိန့်ဟာ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေစပြီး အချိန် နှစ်လတိတိ အတည်ဖြစ်တယ်လို့ ဖော်ပြထားပြီး ဒီ အမိန့်ကြောင့် ရိုဟင်ဂျာတွေအတွက် ပိုမိုခက်ခဲလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

“မွတ်စလင်တွေက နယ်ကျော်တို့ ခရိုင်တို့ တခြားပြည်မ တိုင်းပြည်တို့ သွားလာမယ်ဆိုလို့ရှိရင် ပုံစံ(၄) ကိုင် ဆောင်ရမယ်။ တကယ်လို့များ ပုံစံ (၄) မကိုင်ဆောင်လို့ရှိရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈နဲ့ အရေးယူ သွား မယ်လို့ ပြဌာန်းထားပါတယ်။ နောက်ပြီးတော့မှ ဒေသန္တရအမိန့်ကို မနေ့ကစပြီး နှစ်လ အတည်ဖြစ် တယ် လို့ လည်း ပါပါတယ်။ ကျွန်တော်တို့ အခက်အခဲတွေကတော့ ပြောလို့တောင် ကုန်မှာ မဟုတ်ပါဘူး။ ကျွန်တော် တို့က တော်တော် စိတ်ထိခိုက် သွားပါတယ်။ အကုန်လုံးကလည်း စိုးရိမ် နေပါတယ်။ ဝမ်းနည်း နေပါတယ်”

ခရီးသွားလာခွင့်ပုံစံ (၄) ယူဖို့အတွက်ဆိုရင် အိမ်ထောင်စုစာရင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်နဲ့ မြို့နယ်၊ ခရိုင် လဝရုံးတွေကနေ သွားရ ယူရတာဖြစ်ပြီး အချိန်တိုင်း လွယ်လွယ်ကူကူနဲ့ ထုတ်ယူလို့ မရဘူး လို့လည်း ဆိုပါတယ်။

     "ကျွန်တော်တို့ လူမျိုးတွေ သပ်သပ်ပဲ ပုံစံ (၄) ယူပြီး သွားရတယ်        ဆိုလို့ရှိရင် ဒါဟာ ဖိနှိပ်ချုပ်ချယ်တာပဲဖြစ်ပါတယ်။"


တချို့ ရိုဟင်ဂျာတွေမှာဆိုရင် ပဋိပက္ခကာလအတွင်း အိမ်ထောင်စုစာရင်း ပျက်စီးသွားတာတွေနဲ့ ဘင်္ဂလား ဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ မိသားစုဝင်တွေမှာ အိမ်ထောင်စုစာရင်းတွေ ပါသွားတာတွေကြောင့် ခရီးသွား လာ ခွင့် ပုံစံ (၄) ထုတ်ဖို့ ခက်ခဲနေတယ်လို့လည်း သူကပြောပါတယ်။

ဒါကြောင့် အရေးပေါ် ကျန်းမာရေးကိစ္စတွေ ကြုံလာလို့ရှိရင် သွားလာလို့ မရတာကြောင့် တော်တော်လေးကို အခက်အခဲ ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာ ရပ်မိ၊ ရပ်ဖ တစ်ဦးကတော့ ဒီအမိန့်ဟာ ရိုဟင်ဂျာတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေတာလို့ ပြောပါတယ်။

“လူဆိုတာက ကြက်တွေ၊ ငှက်တွေလောင်ထားသလိုမျိုး လောင်ထားလို့ မရဘူးလေ။ လူဆိုတာ ခရီးတွေ ဘာ တွေလည်းသွားရတယ်။ မောင်တောဆိုတာ ကျနော်တို့ နီးစပ်ရာမြို့ အဲဒီကိုလည်း သွားရတယ်။ သွား တဲ့ အခါ ပုံစံ (၄) ယူရတယ်။ တစ်ခေါက်သွားရင် တစ်ခေါက်ယူရတာက တော်တော်လေးကို အခက်အခဲပါ။ တခြားလူ မျိုးတွေမှာ ဘယ်လူမျိုးမှာမှ ပုံစံ (၄) ယူပြီး မသွားရဘူး။ ကျွန်တော်တို့ လူမျိုးတွေ သပ်သပ်ပဲ ပုံစံ (၄) ယူပြီး သွားရတယ် ဆိုလို့ရှိရင် ဒါဟာ ဖိနှိပ်ချုပ်ချယ်တာပဲဖြစ်ပါတယ်။ တကယ့်ကို ဝမ်းနည်းစရာပါ။ လူဖြစ်ပြီးတော့မှ လူလိုမနေရပါဘူး”

ဒေသခံ ရိုဟင်ဂျာတွေဟာ အခုလို ခရီသွားလာခွင့် ပုံစံ (၄) နဲ့ ရခိုင်မှာ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခက တည်းက သွားလာနေရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတော့ အချို့နေရာတွေကို လွတ်လပ်စွာသွားလာလို့ ရခဲ့ပေမယ့် အခုလိုပြန် ကန့်သတ်လိုက်တဲ့အပေါ် စိတ်မကောင်း ဖြစ်ရတယ်လို့လည်း ပြောပါတယ်။

အဲဒီ ခရီးသွားလာခွင့် ပုံစံ (၄) ဟာ ၁၅ ရက်အတွင်းပဲ ခရီးသွားလာရတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေကဆိုရင် တစ် ရွက်ကို ငွေကြေး တစ်ထောင်ကျပ်၊ နှစ်ထောင်ကျပ် စတာတွေ ပေးဆောင်ရတာတွေလည်း ရှိတယ်လို့ ဆိုပါ တယ်။

(ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းကို သွားရောက်ကြတဲ့ ရိုဟင်ဂျာများကို ၂၀၁၇ အောက်တိုဘာ ၁၀ ရက်နေ့က တွေ့ရစဉ်) Photo: AFP
 
ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေကတော့ အခုလို ကန့် သတ်မှု စာထုတ်ပြန်သလိုပဲ တစ်ဘက်မှာလည်း သတ်မှတ်ထားတဲ့ပုံစံအတိုင်း လွတ်လွတ်လပ်လပ် သွား လာနိုင်အောင် စာရွက်စာတမ်းတွေ အလွယ်တကူ ရနိုင်အောင် ဆောင်ရွက်ပေးဖို့လည်း လိုအပ်တယ်လို့ ထောက်ပြပါတယ်။

အားလုံးကို လူ့အခွင့်အရေးနဲ့အညီ လွတ်လွတ်လပ်လပ် သွားလာနေထိုင် စေချင်တယ်လို့လည်း ဦးအောင်သောင်း ရွှေက ပြောပါတယ်။

“ဒီလို ကန့်သတ်မှု စာတစ်စောင် ထုတ်လိုက်ရုံနဲ့ မပြီးဘူး။ အဲဒီစာရဲ့ နောက်ကွယ်မှာ ဒီလူတွေ လွတ်လွတ် လပ် လပ်နဲ့ သွားလာနိုင်အောင် သူတို့ သတ်မှတ်ထားတဲ့ ပုံစံအတိုင်းလုပ်နိုင်အောင် ကူညီဆောင်ရွက်ပေးဖို့ လိုတယ်။ ဥပမာ ငွေကြေးတောင်းတာက အစပေါ့နော် အဲဒီလိုမျိုး မဖြစ်သင့်ဘူး။ အလွယ်တကူ သူတို့ ပြောတဲ့ စာရွက် စာ တမ်းတွေ ယူနိုင်အောင် ဆောင်ရွက်ပေးဖို့ လိုတယ်။ အဲဒီလိုမပါဘဲနဲ့ တမင်လုပ်ထား တယ် ဆိုရင် တော့ ရည်ရွက် ချက်ရှိရှိနဲ့ ကန့်သတ်ထားတယ်လို့ ပြောလို့ရတာပေါ့နော်။ ကျွန်တော်တို့ ကတော့ နေရာတစ်ခု မှာ ဒီလိုကန့်သတ် တာမျိုး မဖြစ်စေချင်ဘူးပေါ့နော်။ အကုန်လုံး လွတ်လွတ် လပ်လပ်နဲ့ ဒီဒေသ မှာသွားလာနေ ထိုင်စေချင်တယ်။ လူ့အခွင့် အရေးနဲ့အညီပေါ့လေ”

ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာတွေကို အခုလို သွားလာခွင့် ကန့်သတ်လိုက်တာနဲ့ ပတ်သက်လို့ အသေး စိတ်သိနိုင်ဖို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျန်အေးကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစား ခဲ့ ပေမယ့် အကြောင်းမပြန်ပါဘူး။

အဲဒီ ဒေသန္တရအမိန့်မှာတော့ မွတ်စလင်အချို့ဟာ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိဘဲ ခရီးသွားလာနေတာ ရှိတဲ့ အတွက် မြို့နယ်လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေနိုင်တာကြောင့် အခုလို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ပဋိပက္ခကာလအတွင်း စစ်တပ်က နယ်မြေရှင်လင်းရေး လုပ်တာကြောင့် ရိုဟင်ဂျာ ခြောက်သိန်းကျော်ဟာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက် ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အဲဒီဒုက္ခသည်တွေဟာလည်း အခုအချိန်ထိ မိမိနေရပ်ကို ပြန်လာမနိုင်ကြသေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒုက္ခ သည်စခန်းမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */