" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 26, 2021

ရိုဟင်ဂျာတွေ ခွင့်ပြုချက်မဲ့ ခရီးသွားခြင်း၊ နယ်ကျော်သွား လာခြင်း မပြုဖို့ ထွေအုပ်အမိန့်ထုတ်

B B C

ဘီဘီစီမြန်မာပိုင်း
25/11/2021

      ခရီးသွားလာခွင့်ထောက်ခံချက်ရယူရန်လိုကြောင်းနဲ့ ဖောက်ဖျက်ရင်အရေးယူခံရမယ်လို့ ပါရှိ
 
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မောင်တောမှာ နေထိုင်တဲ့ ရိုဟင်ဂျာလူမျိုးတွေကို ခရီးသွားလာခွင့်ထောက် ခံ ချက်တွလုပ်ထားရင် မြို့နယ်၊ တိုင်းဒေသကြီးတွေကို ကျော်လွန်ပြီး ခရီးသွားလာမှုဥပဒေတွေနဲ့အညီ ခရီး သွားလာခွင့် ပေးထားတယ်လို့ သက်ဆိုင်ရာ မြို့နယ်ထွေအုပ်ရုံးက မနေ့နိုဝင်ဘာ ၂၅ရက်မှာ ထုတ်ပြန်လာ ပါတယ်။

လက်ရှိမှာ ခရီးသွားလာခွင့်ထောက်ခံချက်မယူဘဲ သွားလာနေမှုတွေရှိတဲ့အတွက် ဘူးသီးတောင်မောင်တော မှာနေထိုင်တဲ့ ရိုဟင်ဂျာလူမျိုးတွေအနေနဲ့ ခရီးသွားလာခွင့် ထောက်ခံချက် ပုံစံ(၄) ကိုရယူပြီးမှသာ တိုင်းဒေ သကြီးတွေကို ကျော်လွန်ပြီး ခရီးသွားလာရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဒီထုတ်ပြန်ချက်ကို ဖောက်ဖျက်ကျုးလွန်မယ်ဆိုရင်တော့ မည်သူမဆို တည်ဆဲဥပေဒေတွေနဲ့ ပြစ်မှုဆိုင်ရာ ဥပေဒပုဒ်မ ၁၈၈ တို့အရ အရေးယူခံရမယ်လို့ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အခုလို ရခိုင်ပြည်နယ်ထဲမှာတော့ရိုဟင်ဂျာလူမျိုးတွေကို ခရီးသွားလာခွင့်ထောက်ခံချက်တွေနဲ့ နယ်ကျော်ခရီး သွားလာခွင့်ပြုတာမျိုးကိုတော့ရခိုင်ပြည်နယ်အတွင်းမှာ အရင်ကထုတ်ပြန်ခဲ့တာမျိုးမရှိသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */