VOA
ဗွီအိုအေ (မြန်မာပိုင်း)
06 နိုဝင်ဘာ၊ 2021
ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah အသတ်ခံခဲ့ရတဲ့ အုပ်ချုပ်ရေးရုံးအနီး လုံခြုံရေးချထားတဲ့မြင်ကွင်း။ (အောက်တိုဘာ ၆၊ ၂၀၂၁)
ရိုဟင်ဂျာခေါင်းဆောင်တဦးဖြစ်သူ Mohib Ullah သေနတ်နဲ့ ပစ်သတ်ခံရပြီးတဲ့ နောက်ပိုင်း သူဦးဆောင်ခဲ့တဲ့ ပရဟိတအဖွဲ့ရဲ့ အကြီးတန်းအဖွဲ့ဝင်တဦး အပါအဝင် တခြားအဖွဲ့ဝင်တွေဟာ အသက်အန္တရာယ် ခြိမ်းခြောက် တဲ့ တယ်လီဖုန်း ခေါ်ဆိုချက်တွေကို လက်ခံရရှိခဲ့တယ်လို့ AFP သတင်းမှာ ရေးထားပါတယ်။"ကျနော်တို့ခေါင်းဆောင်နဲ့ တခြားလူတွေကို လက်ရဲဇက်ရဲ သူတို့ပစ်သတ်ခဲ့သလိုပဲ ခင်ဗျားကို လုပ်လာနိုင်ပါ တယ်" လို့ Noor လို့ အမည်ဝှက်ပေးထားသူက AFP ကို ပြောပါတယ်။
‘သူတို့’ လို့ သူရည်ညွှန်းတာကတော့ အာဆာလို့ အတိုကောက်ခေါ်တဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်က အဖွဲ့ဝင်တွေလို့ သူယူဆသူတွေကို ရည်ညွှန်းတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေထဲမှာ သတ်ဖြတ်မှုတွေ၊ ရာဇဝတ်လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ အာဆာအဖွဲ့ ပါဝင်ပတ်သက်နေတယ်လို့ ယူဆထားကြပါတယ်။ အာဆာအဖွဲ့ ကိုယ်တိုင်ကတော့ Mohib Ullah ကို သတ်ဖြတ်မှုက သူတို့နဲ့မဆိုင်ဘူးလို့ ငြင်းထားပါတယ်။
Mohib Ullah အသတ်ခံရမှုနဲ့ ဆက်စပ်ပြီး လူအတော်များများကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းထားပေမယ့် အာဆာအဖွဲ့လှုပ်ရှားမှု မရှိဘူးလို့ ငြင်းထားပြီး ဒုက္ခသည်စခန်းတွေထဲက ပြိုင်ဘက်အဖွဲ့တွေလက်ချက် ဖြစ် မယ်လို့ စွပ်စွဲထားပါတယ်။
ကုတုပလောင် ဒုက္ခသည်စခန်း အကြီးအကဲ Naimul Haque က "စခန်းတွေထဲမှာ အာဆာမရှိပါဘူး" လို့ AFP ကို ပြောပါတယ်။
ဒါပေမယ့်လည်း Mohib Ullah အဖွဲ့ထဲကလူတွေနဲ့ တခြားဒုက္ခသည်တွေကတော့ သူတို့အသက်အန္တရာယ်အတွက် ထိတ်လန့်စိုးရိမ်နေကြရတုန်းပါ။
စခန်းတွေမှာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတွေက နေ့ဘက်ပိုင်းတွေမှာ ကင်းလှည့်စောင့်ကြပ်ပြီး ညဘက်တွေမှာ ဘာလုံခြုံရေးမှ မရှိတော့ဘဲ အဲဒီအချိန်တွေမှာ အာဆာအဖွဲ့နဲ့ ဆက်စပ်တဲ့ ဂိုဏ်းတွေ လှုပ်ရှားကြတာကြောင့် သူတို့လုံခြုံရေးကို စိုးရိမ်ကြတဲ့အကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။
Link : Here

No comments:
Post a Comment