" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, December 12, 2020

အင်းဒင်ဖြစ်ရပ်သေဆုံးမှု နစ်နာသူ ရိုဟင်ဂျာအမျိုးသမီး တရားစွဲဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 ဒီဇင်ဘာ၊ 2020

သေဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူအတွက် နစ်နာကြေး ‘အမေရိကန်ဒေါ်လာ ၂ သန်း’ ပေးဖို့ မြန်မာအစိုးရကိုရိုဟင် ဂျာအမျိုးသမီးတဦးက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်း ဖက် ဖြိုခွဲမှုတွေအတွင်း စစ်သားတွေသတ်လို့ သေဆုံးသွားရတဲ့ သူမခင်ပွန်းအတွက် နစ်နာကြေး တောင်းဆို လိုက်တာလို့ ရှေ့နေတွေက ပြောပါတယ်။

ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက ခင်ပွန်းသေဆုံးမှုအတွက် မြန်မာအစိုးရကို ဒေါ်လာနှစ်သန်း လျော်ကြေးတောင်း

VOM
Editor
ဒါကာ၊ ဒီဇင်ဘာ-၁၂-၂၀၂၀
မျိုးဆက် (VOM)

 ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်ကပြုလုပ်ခဲ့တဲ့ မြန်မာတပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း ခင်ပွန်းဖြစ်သူသေဆုံးခဲ့ တဲ့အတွက် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဖြစ်သူ Setara Begumက မြန်မာအစိုးရဆီကနေ လျော်ကြေးငွေ ဒေါ် လာ နှစ်သန်းတောင်းခံနေတယ်လို့ အဲ့ဒီအမျိုးသမီးရဲ့ ရှေ့နေက ပြောပါတယ်။

Friday, December 11, 2020

ရိုဟင်ဂျာတွေ Bhasan Char ကျွန်းပြောင်းတဲ့ကိစ္စ ဆန်းစစ် ဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 ဒီဇင်ဘာ၊ 2020
Bhasan Char ကျွန်းမှာ ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (ဒီဇင်ဘာ ၃၊ ၂၀၂၀)


 ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘာဆန်ချာကျွန်းကို ပို့တဲ့အပေါ် သီးခြား လွတ်လပ်တဲ့ ဆန်းစစ်မှုတွေလုပ်ပြီး ဒီလူတွေအနေနဲ့ သူတို့ရဲ့ ဆန္ဒအလျောက်သွားတယ်ဆိုတာကို အတည်ပြု ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်း လိုက် ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်၁,၆၄၂ယောက် ကို ဘာဆန်ချာကျွန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ရွှေ့ပြောင်းပေးခဲ့တာဖြစ်ပါတယ်။ ဒီလူတွေကို အဲဒီ ကျွန်းမှာဘေး ကင်းလုံခြုံစွာ ထားနိုင်ဖို့အတွက် သင့်တော်ရဲ့လားဆိုတာကို အတည်ပြုဖို ကုလသမဂ္ဂရဲ့ သီးခြား လွတ်လပ်တဲ့ အကဲဖြတ်ချက်မပါဘဲ ရွှေ့ပြောင်းလိုက်တဲ့အပေါ်မှာ စိုးရိမ်တယ်လို့ Tom Andrews ကပြော ပါ တယ်။

Wednesday, December 9, 2020

ရိုဟင်ဂျာတွေ Bhasan Char ကျွန်းပို့မှု ရပ်တန့်ပေးဖို့ ဘင်္ဂ လားဒေ့ရှ်ကို ကန် အထက်လွှတ်တော်အမတ်တွေ တောင်း ဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
09 ဒီဇင်ဘာ၊ 2020 
Bhasan Char ကျွန်းကို ပြောင်းရွှေ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (ဒီဇင်ဘာ ၄၊ ၂၀၂၀)
 
ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဝေးလံတဲ့ Bhasan Char ကျွန်းပေါ်အဓမ္မ ရွှေ့ပြောင်းနေတာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေနဲ့ ရပ်ဆိုင်းဖို့နဲ့ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်မှုတွေကို ပြန်လည် ဖွင့်ပေးဖို့ အမေရိကန် အထက်နဲ့ အောက်လွှတ်တော် အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

Tuesday, December 8, 2020

မြန်မာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
သန့်ဇင်ဦး
2020-12-07

နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါဝင်တဲ့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ အနေနဲ့ ငါးနှစ်တာသက်တမ်းအတွင်း နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီ ဆက်လက်ရှိနေသေးသလို အစိုးရရော လွှတ် တော်ကပါ ဖိနှိပ်တဲ့ဥပဒေတွေ မပြင်နိုင်သေးတာ၊ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်နိုင်ဖို့ အဓိပ္ပာယ် ဖွင့်ဆိုချက် ကိစ္စကိုတောင် မလုပ်ဆောင်နိုင်သေးတာတွေကို ထောက်ပြ ဝေဖန်နေကြပါတယ်။

မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ရိုဟင်ဂျာများကို ကူညီ ရန် ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး တိုက် တွန်း

𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚
ဒါကာ၊ ဒီဇင်ဘာ ၈


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကုလသမဂ္ဂလုပ်ငန်းလည်ပတ်မှုအခြေခံအတိုင်း ဘာရှန်ချားကျွန်းမှ ရိုဟင်ဂျာ များကို ကုညီသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်က တနင်္လာနေ့တွင်ပြော သည်။

Friday, December 4, 2020

ရိုဟင်ဂျာဒုက္ခသည်တချို့ Bhasan Char ကျွန်းပြောင်းတဲ့ အပေါ် ကျန်လူတွေရဲ့အမြင်

VOA 
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
04 ဒီဇင်ဘာ၊ 2020
Bhasan Char ကျွန်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့သည့် မြင်ကွင်း။ (ဓာတ်ပုံ - Einote - ဒီဇင်ဘာ ၄၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ဒေသ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာဒုက္ခသည်တွေကို Bhasan Char ကျွန်းပေါ် ပြောင်းရွှေ့မယ့်အရေး လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေတဲ့ကြားမှာပဲ ဒီကနေ့မှာတော့ ဒုက္ခ သည် ၁,၆၀၀ ကျော် ပြောင်းသွားကြပါပြီ။ ဒီအပေါ်မှာ စခန်းတွေထဲ ကျန်ခဲ့သူတွေက ဘယ်လိုမြင်ကြပါသလဲ ... သဘောထားအမြင်တချို့ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

Bhashan Char ကျွန်း ဆိုတာကတော့ မြန်မာနိုင်ငံက တိမ်းရှောင်ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ခိုလှုံနေထိုင်တဲ့ လူဦးရေ ထူထပ်များပြားလွန်းလှတဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တချို့ကို ရွှေ့ပြောင်းနေရာချထားဖို့ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားတဲ့ ပင်လယ်ထဲက ကျွန်းတကျွန်းဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လည် ၂ နာရီ ဝန်းကျင်မှာတော့ အဲ့ဒီ့ ဘာဆန်ချာကျွန်းဆီကို ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၁,၆၄၂ ယောက် စတင်ဆိုက်ရောက်သွားပြီဖြစ်ပါတယ်။ ဘာဆန်ချာကျွန်းကို ဘင်္ဂ လားဒေ့ရှ်အစိုးရ အစီအစဉ်နဲ့ အရင်တခေါက် သွားလေ့လာခဲ့တဲ့ စခန်းခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင် တွေထဲက ဘာလုခါလီစခန်း (၁) ရဲ့ခေါင်းဆောင် အရင် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲရွာက အထက် တန်းပြဆရာ ဆရာနုရ်မာမတ်ကတော့ စခန်းထဲက ဒုက္ခသည်တွေဟာ ဘယ်သူရဲ့တိုက်တွန်း ဖိအားပေးမှုမှ မပါဘဲ ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ ထွက်ခွာသွားကြတာလို့ဆိုပါတယ်။

"အခု ဘာဆန်ချာကျွန်းဆိုတဲ့နေရာကို သွားလိုက်တဲ့ မိသားစုတွေကတော့ သူတို့သဘောနဲ့ သူတို့သွားခဲ့တာ။ ကျနော်တို့ ဘာမှမပြောဘူး။ သူတို့သဘောနဲ့သူတို့ သွားတဲ့အတွက်ကြောင့် ကျနော်တို့လည်း ကြားဝင်ပြီး ဘာ မှပြောစရာ အကြောင်းမရှိလို့ ကျနော်တို့လည်း မဟန့်တားဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ပြောထားတယ် ဘာဆန်ချာကျွန်း ဆိုတဲ့နေရာက သူတို့အတွက် အဆင်ပြေမယ်။ သူတို့ ရှင်းပြတဲ့အတွက် သူတို့နားလည်သွား တယ်။ နားလည်သွားလို့ သူတို့ရောက်သွားတာနဲ့ အဆင်ပြေမလား၊ မပြေဘူးလား သူတို့ပဲသိမယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ကျနော်တို့ကိုပြောထားတာကတော့ သူတို့ဟိုမှာ လိုအပ်တဲ့ ဟာတွေဖြည့်စွမ်းမယ်။ အကုန်လုံး အဆင်ပြေအောင် လုပ်ပေးမယ် အဲ့ဒီလို ကတိပေးထားတယ်။ သူတို့ ကတော့ အခုအဲဒီ့နေရာကို ရောက်သွားပြီ။ သူတို့တပတ်လောက်ကြာမှ သူတို့အခြေအနေ ဘယ်လိုလဲ သိရမယ်။ အခုလောလော ဆယ် တော့ မသိရဘူး။ ကျနော်တို့တော့ ဘာမှ တိုက်တွန်းတာမရှိဘူး။"

Photo Gallery: Bhasan Char ကျွန်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့သည့် မြင်ကွင်းတချို့

ကုတုပလောင်ဒုက္ခသည်စခန်း အမှတ် (၇) မှာ နေထိုင်တဲ့စေတနာ့ဝန်ထမ်း ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးအောင်မြိုင်ကတော့ အခုကျွန်းဆီကို လိုက်သွားကြတဲ့ ဒုက္ခသည်တွေဟာ အမှန်တကယ်ပဲ သူတို့သဘော ဆန္ဒနဲ့သွားကြတာ ဟုတ်၊ မဟုတ် အသေအချာ စုံစမ်းစစ်ဆေးစေချင်ပါတယ်။

"အခုပါသွားတာ လူပေါင်း ၁,၆၄၂ ဦးပါ မိသားစုက ၄၀၀ ပါ။ ဟိုးမှာ ကျွန်းကိုရောက်သွားရင် ဒီလိုမျိုးတိုက်အိမ် တွေရှိတယ်။ ဆိုင်ကလုန်းစင်တာတွေရှိတယ်။ ဘာမှဖြစ်မှာမဟုတ်ဘူး၊ ပိုက်ဆံလည်းရမယ်၊ မွေးမြူရေးတွေ လည်း လုပ်ရမယ်၊ ဟိုမှာ ဒီမှာလည်း သွားလို့ရမယ် အဲ့ဒီလိုမျိုး သူတို့ကို စည်းရုံးတာရှိတယ်။ စည်းရုံးပြီးတော့ အခုသွားတယ်ဆိုတာကလည်း သွားတဲ့သူတိုင်းက ကိုယ့်စိတ်ဆန္ဒနဲ့ သွားတယ်လို့ ကျနော်တို့က လက်ခံလို့မရ ဘူး။ ကျနော်တို့က ဒီကိစ္စကို အခုသွားနေကြတဲ့လူတွေက တကယ့် သူတို့စိတ်ဆန္ဒနဲ့ သွားသလား မသွားသ လားဆိုတာကို ကျနော်တို့ ဒုက္ခသည်တွေဘက်က ကော်မတီတခုပေါ့နော်။ပြီးတော့ UN နောက် လူ့အခွင့်အေ ရး အဖွဲ့တွေ အဲ့လိုအဖွဲ့တခု စနစ်တကျဖွဲ့စည်းပြီးတော့ ဒီအဖွဲ့ကနေ တဆင့် အဲ့ဒီ့လူတွေ တကယ်သွားတာလား မသွားချင်ဘဲနဲ့ အကျပ်ကိုင်ပြီးတော့ ခေါ်သွားတာလား အဲ့ဒီ့ဟာလေးကို မေးရမှာပါ။ စုံစမ်းရမှာပါ လေ့လာရမှာ ပါ။"

ကျန်ခဲ့တဲ့ ရိုဟင်ဂျာစခန်းထဲက ရိုဟင်ဂျာအမျိုးသမီးတဦးကတော့ သူမအနေနဲ့ ဘာဆန်ချာကျွန်းကိုသွားဖို့ စိတ်ကူး လုံးဝမရှိပါဘူးလို့ ဆိုပါတယ်။

"မလိုက်ဘူး။ ငါတို့ ဘာဖြစ်လို့သွားမှာလဲ အဲ့ဒီ့မှာ။ ငါတို့မြန်မာပြည်ကိုပဲ ငါတို့သွားမှာပေါ့ ဘာဆန်ချာကျွန်းကို မသွားဘူး။ မသွားချင်ဘူးလေ... ငါတို့နေရာလား၊ ငါတို့နေတဲ့နေရာလည်း မဟုတ်ဘူးလေ။ ငါတို့မွေးတဲ့နေရာ လည်း မဟုတ်ဘူးလေ.. ဘာဖြစ်လို့ အဲ့ဒီ့နေရာကို သွားနေကြရမှာလဲ။"

ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၉ မှာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံခေါ် ဦးကျော်မြင့်ကတော့ သူ တို့ ဘာလုခါလီကမ့်ထဲကနေ ကိုယ်တိုင်ပါသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီနုတ်နဲ့ အဆက်အသွယ်ရပြီး နောက်ဆုံး သူသိရသလောက် အခြေအနေကို ပြောပြပါတယ်။

"မနေ့က ဒီမှာ ဘတ်စ်ကားကြီး ၁၀ စီးနဲ့ သူတို့ က အသုတ်လိုက် သူတို့ကို ပထမUkhia မြို့ကိုခေါ်သွားတယ်၊ Ukhia ကနေ စစ်ဆေးပြီးတော့ စစ်တကောင်းမြို့ကိုသယ်ဆောင်သွားခဲ့တယ်။ စစ်တကောင်းမြို့ကနေ ဆိပ်ကမ်း မြို့ကနေ ဘာဆန်ချာသွားမယ်၊ ဒီကနေ့မနက်မှာတော့ ဘာဆန်ချာကျွန်းဆီကို ဆိုက်ရောက်သွားပြီလို့ ဘာလုခါလီဒုက္ခသည်စခန်းက အီနုတ်ပြောတာ ကျနော်တို့ ကြားခဲ့ရတယ်။ မိသားစုအလိုက် သူတို့ကို တဦးကို ဒါကာငွေ ၅,၀၀၀ ကျပ် ထောက်ပံ့ပေးမယ်လို့ ပြောသွားတယ်။ ဘာဆန်ချာကျွန်းကိုရောက်သွားတဲ့သူတွေကို အလုပ်အကိုင်ဖန်တီးပေးမယ်။ နောက် စီးပွားရေးသော်လည်းကောင်း စိုက်ပျိုးရေးလုပ်ငန်းသော်လည်းကောင်း အသက်မွေးဝမ်းကျောင်းတွေကို အစိုးရဘက်က ဖန်တီးပေးမယ်လို့ စခန်းတာဝန်ခံတွေက ပြောပြခဲ့တာရှိပါ တယ် ခင်ဗျ။ အဓိကကတော့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ၃ နှစ်ကျော်၊ ၄ နှစ်နီးပါးလောက်ရှိကြပြီ။ မြန်မာနိုင် ငံကိုပြန်ဖို့အစီအစဉ်ကလည်း မတွေ့ရတဲ့အတွက်ကြောင့် လူတွေရဲ့ ကံကြမ္မာကိုပြောင်းလဲနိုင်မလား ဆိုပြီး လူ တွေရဲ့စိတ်သောက ခံစားချက်အမျိုးမျိုးနဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ကြပ်ညပ်သိပ်ပြီးတော့နေရတယ် အလုပ် အကိုင်ကလည်းမရှိသလောက်ဖြစ်နေတော့ ဘာဆန်ချာကျွန်းကို မိမိဆန္ဒအလျောက် သွားနေကြတာဖြစ်နိုင်ပါ တယ်ခင်ဗျ။"

Bhasan Char ကျွန်းကို ပြောင်းရွှေ့တာနဲ့ပတ်သက်လို့ ဒုက္ခသည်တွေအနေနဲ့ သတင်းအချက်အလက် သေ ချာ သိပြီး လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက်ချတာမျိုး ဖြစ်ရမယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာ မင်းကြီးရုံး (UNHCR) က ဒီကနေ့ပြောပါတယ်။

ဒုက္ခသည်တွေ ကျွန်းကို ပြောင်းရွှေ့တာဟာ သူတို့သဘောဆန္ဒအရ ပြောင်းရွှေ့တာ ဖြစ်ရပါစေမယ်လို့ ဘင်္ဂ လားဒေ့ရှ်က အခိုင်အမာပြောထားတဲ့အတိုင်း လုပ်ဆောင်ဖို့ UNCHR က ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုထားတဲ့အကြောင်း UNHCR ပြောခွင့်ရ Babar Baloch က ဂျီနီဗာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွား ပါတယ်။

ဒီကျွန်းဟာ ဒုက္ခသည်တွေနေထိုင်ရေး ဘေးကင်းပြီး ရေရှည်ခိုင်မာတဲ့ နေရာတစ်ခု ဟုတ်မဟုတ်ဆိုတဲ့ အခြေ အနေတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခွင့်ပြုမယ်ဆိုရင် ဆန်းစစ်လေ့လာသွားဖို့ UNHCR အနေနဲ့ အဆင်သင့်ရှိ တယ်လို့လည်း ပြောခွင့်ရ Babar Baloch ကပြောပါတယ်။

အရင် ဘာဆန်ချာကျွန်းကို ပို့ခံထားရတဲ့ လှေစီးပြေးဒုက္ခသည် ၃၀၀ ကျော် ဆက်မနေချင်လို့ ဒုက္ခသည် စခန်း တွေဆီ ပို့ဆောင်ပေးဖို့ တောင်းဆိုခဲ့တုန်း ကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ကျွန်းပေါ်ကလူတွေကို မြန် မာပြည်ကိုပဲ ပြန်ပို့ဆောင်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ ရိုဟင်ဂျာဆိုတဲ့အသုံးကိုလက် မခံထားတဲ့ မြန်မာနိုင်ငံအစိုးရကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဒီဒုက္ခသည်တွေ ပြန်လည်ခေါ်ဆောင်ဖို့ တိုက် တွန်းနေပါတယ်။

Link : Here

ဘာဆန်ချာကျွန်းဟာ ရိုဟင်ဂျာတွေကိုထားဖို့ လုံခြုံတဲ့နေ ရာလို့ ဘင်္ဂလား‌ဒေ့ရှ်ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.05.23
ဘင်္ဂလား‌ဒေ့ရှ်ကမ်းခြေတစ်နေရာတွင် တွေ့ရသည့် ရိုဟင်ဂျာဒုက္ခသည်တချို့။(Photo: AFP)

■ အမ်ဖန် ဆိုက်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလား‌ဒေ့ရှ် ကမ်းရိုးတန်းတလျှောက်မှာ ထိခိုက်ပျက်စီးခဲ့ပေမယ့် ဘာဆန်ချာကျွန်းဟာ မုန်တိုင်းဒဏ်ကို ခံနိုင်တဲ့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေကို ထားဖို့ အလုံခြုံဆုံးနေရာ တခု ဖြစ်တယ်လို့ ဘင်္ဂလား‌ဒေ့ရှ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်‌ရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၁,၆၀၀ ကျော် Bhasan Char ကျွန်း ပြောင်းရွှေ့

VOA
ဗွီအိုအေ (မြန်မာပိုင်း)
04 ဒီဇင်ဘာ၊ 2020





 Bhasan Char ကျွန်းသို့ Rohingya ဒုက္ခသည်တွေ ပြောင်းရွှေ့တဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၀၄၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတွင်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို ဘာဆန်ချာကျွန်းကို ဒီနေ့ စတင်ပို့ ဆောင်နေပြီဖြစ်ပါတယ်။ ဒုက္ခသည်တွေကို အဲဒီကျွန်းကို ပို့မယ်အစီအစဉ်ကို ရပ်တန့်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ က တောင်းဆိုနေပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီနေ့မှာ စတင်ပို့ဆောင်လိုက်တာဖြစ်ပါတယ်။ Cox’s Bazar ဒေသမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ဦးရေ ၁,၆၀၀ ကျော်ကို တင်ဆောင်ထားတဲ့ ဘင်္ဂ လားဒေ့ရှ်ရေတပ်သင်္ဘော ၇ စင်းဟာ ဘာဆန်ချာကျွန်းကို ဒီနေ့ မနက်ပိုင်းမှာ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် သင်္ဘော ၂ စင်းကတော့ ဒုက္ခသည်တွေအတွက် အစားအစာတွေ နဲ့ တခြားလိုအပ်တဲ့အရာတွေကို တင်ဆောင်ပြီး ထွက်ခွာသွားပါတယ်။

Thursday, December 3, 2020

ရိုဟင်ဂျာတွေကို အငြင်းပွားဖွယ် ကျွန်းဆီ ဘင်္ဂလားဒေ့ရှ် စတင်ပို့ဆောင်

မဇ္စျိမသတင်း
ဒီဇင်ဘာ ၃ ၊ ၂၀၂၀
By AFP 

  Photo - AFP

ဆိုင်ကလုန်းမုန်တိုင်းနဲ့ ရေကြီးမှုတွေ ကြံရလွယ်တဲ့ ဘေးအန္တရာယ် မကင်းသော မြေနိမ့်ကျွန်းဖြစ်တာကြောင့် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ စိုးရိမ်ပူပန်မှု ရှိနေရာ ကျွန်းဆီ ရိုဟင်ဂျာ သုံးလေးရာထက်မနည်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စတင်ပို့ဆောင်နေပြီ ဖြစ်ပါတယ်။

Cox's Bazar က ဒုက္ခသည်တွေ Bhasan Char ကျွန်းပေါ် စတင်ပြောင်းရွှေ့

VOA
ဗွီအိုအေ (မြန်မာပိုင်း)
03 ဒီဇင်ဘာ၊ 2020
ရိုဟင်ဂျာဒုက္ခသည်များကို ဘတ်စ်ကားနဲ့ Bhasan Char ကျွန်းဆီ ပို့ဆောင်တဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၀၃၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို ဘင်္ဂလားဒေ့ရှ် အစိုး ရက Bhasan Char ကျွန်းကို စတင်ပြောင်းရွှေ့နေပြီဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက Cox’s Bazar ဒေသက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၄၀၀ ကျော်ကို ဘာဆန်ချာကျွန်း ကို ပို့ဖို့အတွက် ဘတ်စ်ကား ၁၀ စင်းထက်မနည်းနဲ့ တင်ဆောင်ပြီး စစ်တကောင်းဆိပ်ကမ်းကို ဒီကနေ့မှာ စတင်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

Monday, November 30, 2020

ဂျပန်အစိုးရ၏ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် ရခိုင်ပြည် နယ်ရောက်ရှိနေ

Myanmar Now
ဖဒူထွန်းအောင်
Published on Nov 28, 2020

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရွေးကောက်ပွဲမကျင်းပနိုင်သော မြို့နယ်များကို သွားရောက်ကြည့်ရှုလျက်ရှိပြီး စစ်တွေမြို့တွင် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေးရန်ရှိနေ

 ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဂျပန်အစိုးရအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။ (ဓာတ်ပုံ - Myanmar State Counsellor Office Facebook) 
 
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စရပ်များအတွက် ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်ဖြစ်သူ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ယနေ့ (နိုဝင်ဘာ ၂၈) နံနက်ပိုင်းတွင် ရောက်ရှိလာပြီး ပြည်နယ်မြောက်ပိုင်းရှိ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော မြို့နယ်များကို သွားရောက်ကြည့်ရှုရန်၊ရခိုင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း သိရသည်။

Sunday, November 29, 2020

မဲဆန္ဒပေးနိုင်ဖို့အတွက် ဂျပန်အထူးကိုယ်စားလှယ် ရခိုင် ပြည်နယ်ကို သွားရောက်လေ့လာ

NHK WORLD JAPAN
Date: 29.11.2020
တိုက်ပွဲတွေကြောင့် ရွှေ့ဆိုင်းထားတဲ့ ဆန္ဒမဲပေးနိုင်ရေး ကူညီဖို့ အတွက် ဂျပန်အစိုးရက ရခိုင်ပြည်နယ်ကို အထူးကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့ပါတယ်။

Saturday, November 28, 2020

မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ထံ ဒုတိယ အကြိမ် အစီရင်ခံစာတင်သွင်း

ABNA
အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
နိုဝင်ဘာ ၂၅, ၂၀၂၀
ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ICJ တရားရုံးက ခုအချိန်အထိ လူသိရှင်ကြားထုတ် ပြန်ကြေညာ ခြင်း မပြုဘဲ လျှို့ဝှက်ထားတဲ့အတွက် အစီရင်ခံစာမှာ ဘာတွေပါလဲဆိုတာ မသိရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံ နိုဝင်ဘာ ၂၃ ရက်က ဒုတိ ယအကြိမ် အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ICJ တရားရုံးက ခုအချိန်အထိ လူသိရှင်ကြားထုတ်ပြန် ကြေညာခြင်းမပြုဘဲ လျှို့ဝှက်ထားတဲ့အတွက် အစီရင်ခံစာမှာ ဘာတွေပါလဲဆိုတာ မသိရသေးပါဘူး။
ရခိုင်ပြည်နယ်အတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)ရဲ့ အစီရင်ခံစာပါ ဖြစ် စဉ် ၁၃ ခုနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ထဲမှာ ARSA နဲ့ အလိုတူပူးပေါင်းပါဝင်သူတွေ၊နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတိုင်းရင်းသားတွေ ကျူးလွန်ခဲ့တဲ့ အမှုပေါင်း ၁၃၉ မှု ရှိပြီး ၁၁၀ မှုကိုအရေး ယူထားတယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက နိုဝင်ဘာ ၂၃ ရက်နေ့မှာပဲ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ခုလို ဒုတိယအကြိမ် အစီရင်ခံစာတင်သွင်းတာနဲ့ ပတ်သက်ပြီး ကြိုဆိုတဲ့ အ ကြောင်း ဒါပေမဲ့ တရားရုံးမှာ အချိန်မီ အစီရင်ခံစာတင်သွင်းရုံနဲ့တော့ မလုံလောက်သေးဘူးလို့ Global Justice Center က ဥပဒေရေးရာဒါရိုက်တာ ဂရန့်ရှူဘင်က ကြေညာချက် ထုတ်ပြန် ပြော ပါတယ်။

ICJ တရားရုံးက ကြားဖြတ်အစီအမံအမိန့်ချပြီးကတည်းက မြန်မာအနေနဲ့ ခွဲခြားနှိမ်ချမှုတွေရဲ့ အခြေ ခံအကြောင်းတရားတွေကိုဘာမှ အရေးယူဆောင်ရွက်တာမရှိသလို အပြစ်ကျူးလွန်သူတွေ ဒဏ် ခတ် မခံရတဲ့အတွက် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ်ဆက်ရှိနေတယ်လို့ ဂရန့်ရှူဘင်က ပြောပါတယ်။

ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့လိုက်နာဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ICJ တရားရုံးက ကြားဖြတ်အစီအမံ ၄ ချက် ချမှတ်ခဲ့ပါတယ်။

ကြားဖြတ်အစီအမံ ၄ ချက်ကတော့ (၁) လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာသ ဘောတူညီချက် အပိုဒ် (၂) မှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေ ဖြစ်မလာအောင် မြန်မာနိုင်ငံအနေနဲ့ အကာအကွယ်ပေးရေး အစီအမံတွေဆောင်ရွက်သွားဖို့၊ (၂) မြန်မာစစ်တပ် ဖြစ်စေ ပြည်သူ့စစ်အဖွဲ့ ဖြစ်စေ အခြားအဖွဲ့အစည်းတခုခုကဖြစ်စေ ဂျီနိုဆိုဒ်စာချုပ် အပိုဒ်(၂)ပါ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တဲ့ လုပ်ရပ်တွေ မကျူးလွန်ဖို့၊ (၃) သက်သေအထောက်အထား တွေကို မဖျက်ပစ်ဖို့ (၄) ဂျီနိုဆိုဒ်သဘောတူညီချက်ကို ချိုးဖောက်မှုရှိမရှိ တရားရုံးက စစ်ဆေးနေစဉ်မှာ မြန်မာနိုင်ငံဘက်က ဆောင်ရွက်မှု တိုးတက်မှုဖြစ်စဉ်ကိုလည်း ၄ လအတွင်း တရားရုံးကို အစီရင်ခံစာတင်ဖို့နဲ့ နောက်ပိုင်း မှာ ၆ လ တကြိမ် ပုံမှန်အစီရင်ခံစာတင်ဖို့ တွေပါဝင်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်တဲ့ ပထမဆုံးအကြိမ် အစီရင်ခံစာကိုတော့ မြန်မာအစိုးရက ပြီးခဲ့တဲ့ မေလ ၂၃ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံ တင်သွင်းခဲ့ပါတယ်။

Link : Here

Thursday, November 19, 2020

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလဆုံးဖြတ်ချက် မြန်မာ ဘက်က အပြင်းအထန်ကန့်ကွက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 နိုဝင်ဘာ၊ 2020

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း(နိုဝင်ဘာလ ၁၈၊၂ဝ၂ဝ)

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မူတွေကို ဆန့်ကျင်ရှုတ်ချထားတဲ့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအ ထွေ ထွေညီလာခံ၊ တတိယကော်မတီ ဆုံးဖြတ်ချက်ကို မြန်မာဖက်က ပြင်းပြင်းထန်ထန်ပြန်ကန့် ကွက်လိုက် ပါတယ်။

Tuesday, November 17, 2020

ရိုဟင်ဂျာများနေရပ်ပြန်ရေးအတွက် ဂျပန်က မြန်မာနှင့် ဆက်သွယ်ဆောင်ရွက်မည်ဟု ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဂျပန် သံအမတ်ကြီးပြော

မဇ္ဈိမ
နိုဝင်ဘာ ၁၇
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ဘာလူခါလီ ဒုက္ခသည်စခန်းအတွင်း လမ်းတလျှောက်တွင် တွေ့မြင်ရသည့် ရိုဟင်ဂျာ ကလေးငယ်များ (ဓာတ်ပုံ - Reuters)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီတိုနာအိုကီက ဂျပန်နိုင်ငံအနေဖြင့် ရိုဟင်ဂျာ (မူရင်း) များ ရခိုင် ပြည်နယ်ရှိ ၎င်းတို့၏ မူလဌာနေသို့ ဆောလျင်စွာပြန်နိုင်ရေး မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက် သွား မည်ဟု နိုဝင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

မောင်တော ကထိန်ပွဲ အပြန်ကားတစ်စီး မိုင်းထိ၊တစ်နှစ်ခွဲ အရွယ် ကလေးငယ်တစ်ဦး အပါအဝင်သုံးဦးသေဆုံး

B B C

ဘီဘီစီ မြန်မာပိုင်း
နိုဝင်္ဘာလ (၁ရ ) ရက်

ရခိုင်ပြည်နယ် မြောက်ပိုင်းနယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့နယ်မြောက်ဘက် သဲချောင်းကျေးရွာအနီး ကားလမ်း မပေါ်မှာ နိုဝင်ဘာ ၁၇ ရက် နေ့လယ် ၁ နာရီခန့်အချိန်မှာ မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးကလေးငယ်တွေ အပါအဝင် သုံးဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ မိုင်းပေါက်ကွဲတဲ့နေရာဟာ မောင်တောမြို့နယ် မြောက်ဘက် သုံးမိုင်-တောင်ပြို လက်ဝဲ ကားလမ်းမ ကျီး ကန်းပြင်-ကြိမ်ချောင်းလမ်းပိုင်း သာယာကုန်းကျေးရွာနဲ့တောင်ဘက် သုံးမိုင်လောက် ကွာဝေးတဲ့နေရာမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ နံ့သာတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းချေက ပြောပါတယ်။

မောင်တော မြောက်ပိုင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်းနဲ့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပေမဲ့ သတင်း အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ မောင်တောခရိုင်အုပ်ချူပ်ရေး မှူး ဦးစိုးအောင်က ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

သေဆုံးသူတွေနဲ့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြသူတွေဟာ မိသားစုတွေဖြစ်ကြပြီး ဒီကနေ့မနက်ပိုင်းက သဲချောင်းကျေး ရွာအုပ်စု သာယာကုန်း ကျေးရွာမှာ ရှင်ပြု ကထိန်ပွဲရှိတဲ့အတွက် ပွဲလာရောက်ပြီး အိမ်ပြန်လာကြတဲ့ ကား မိုင်းထိခဲ့တာ ဖြစ်တယ်လို့ သာယာကုန်းရွာသား ကိုမောင်သန်းဝင်းက ပြောပါတယ်။

မိုင်းနင်းမိတဲ့ကားဟာ မောင်တောတောင်ပိုင်း ခရေမြိုင် ကျေးရွာကဖြစ်ပြီး ထိခိုက် သေဆုံးသူတွေအားလုံးဟာ လည်း ခရေမြိုင်ကျေးရွာက မိသားစုနှစ်စု ဖြစ်ကြတယ်လို့ အခင်း ဖြစ်ပွားရာနေရာကို ရောက်ရှိနေတဲ့ နံ့သာ တောင်ဆရာတော်က မိန့်ပါတယ်။

"တစ်နာရီလောက်က ပေါက်တာပါ။ သဲချောင်းရွာနားက ကားလမ်းမပေါ်မှာ ပေါက်တာပါ။ သေတာက သုံး ယောက်ပါ။ ၆ ယောက် ဒဏ်ရာရပါတယ်။ ကားသမား မိသားစုသုံးယောက်လုံးက သေတယ်။ ဒဏ်ရာရတဲ့ သူတွေကိုတော့ အခု မောင်တော ဆေးရုံကို ပို့လိုက်ပါပြီ။"လို့ ဆရာတော်က မိန့်ပါတယ်။

သေဆုံးသူတွေကတော့ အသက် ၂၂ နှစ်အရွယ် ဦးကျော်ရဲအောင်၊ အသက် ၂၀ အရွယ် ဒေါ်အေးဆန်းနုနဲ့ အသက် ၁ နှစ်ခွဲခန့်အရွယ် သားလေးတစ်ဦးတို့ဖြစ်ပြီး မိသားစုသုံးဦးဖြစ်ကာ ဒဏ်ရာရရှိသူ ခြောက်ဦးကတော့ နောက်ထပ် မိသားစုတစ်ခုဖြစ်ပြီး အသက် ၄၀ ဝန်းကျင်အရွယ် ဦးစံလှထွန်း၊ ဇနီးဖြစ်သူ အသက် ၃၆ နှစ်အ ရွယ် ဒေါ်မစောယာဉ်နဲ့ သမီးလေးယောက်တို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။

သေဆုံးသွားတဲ့မိသားစုနဲ့ ဒဏ်ရာရရှိခဲ့တဲ့ မိသားစုတို့ဟာ ကားတစ်စီးတည်း အတူ စီးလာခဲ့ကြသူတွေဖြစ်ပြီး မိုင်းပေါက်ကွဲတဲ့အတွက် တချို့သေဆုံးကာ တချို့ဒဏ်ရာတွေနဲ့ ဖြစ်နေကြတဲ့အချိန်မှာ ဆိုင်ကယ်သမား တစ် ဦးတွေ့ပြီး အခုလိုမိုင်းထိတယ် ဆိုတာကို သိရတာဖြစ်တယ်လို့ ပြောပါတယ်။

ဒဏ်ရာရရှိခဲ့သူ ခြောက်ဦးကလည်း ဒဏ်ရာပြင်းထန်တဲ့ စိုးရိမ်ရတဲ့သူတွေလည်း ရှိတယ်လို့ သာယာကုန်း ကျေး  ရွာသားတွေက ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာကို အဲ့ဒီနယ်မြေတစ်ဝိုက်မှာ လုံခြုံရေးဆောင်ရွက်နေကြတဲ့ နယ်ခြားစောင့်တပ် ဖွဲ့ ဝင် တွေ‌ ချက်ချင်း ရောက်ရှိလာခဲ့ကြပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေ တဲ့ ဒေသ တစ်ခုဖြစ်ပေမဲ့ မောင်တောမြို့နယ်မြောက်ပိုင်းဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေမဟုတ်ဘဲ မကြာခ ဏေ ပါက်ကွဲမှုတွေ ဖြစ်ပွားလေ့ရှိတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

နိုဝင်ဘာလ ၁၇ ရက် မနက်ပိုင်းက သာယာကုန်းကျေးရွာ ရှင်ပြုကထိန်ပွဲကို မောင်တောမြို့နယ် အတွင်းမှာရှိ တဲ့ ကျေးရွာပေါင်း ၁၀ ရွာခန့်က ရောက်ရှိလာခဲ့ကြပြီး သာယာကုန်းရွာကကား မိုင်းထိခဲ့တာဖြစ်တယ်လို့ နံ့ သာတောင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Link : Here

မောင်တောမှာ ကထိန်ကပြန်လာတဲ့ ကားတစ်စီး မိုင်းထိလို့ လူ (၃) ဦးသေဆုံး

VOM
နိုဝင်ဘာ ၁၇-၂၀၂၀
ထက်အောင်စိုင်း (VOM)

Photo- တပ်မတော်သတင်းမှန်ပြန်ကြားရေအဖွဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဒီကနေ့ ညနေပိုင်းက နံသာတောင်ကထိန်ကိုသွားပြီး ပြန်လာတဲ့ကား တစ်စီး မိုင်းထိကာ ကားပေါ်ပါလာတဲ့ လူ ၃ ဦးသေဆုံးသွားတဲ့အပြင် ၆ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ရိုဟင်ဂျာတွေ အမြန်ဆုံးနေရပ်ပြန်ရေး ဂျပန် အကူအညီ ပေးဖို့ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
17 နိုဝင်ဘာ၊ 2020 
ကုတုပလောင်စခန်းမှ ရိုဟင်ဂျာ အမျိုးသမီးများ
 
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ စောလျင်စွာ ဌာနေပြန်နိုင်ရေး အတွက် ဂျပန် အစိုးရက မြန်မာ အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်သွားမယ်လို့ ဘင်္ဂလားဒေရှ့် ဆိုင်ရာ ဂျပန် သံအမတ်ကြီး Ito Naoki က ပြောဆိုလိုက်ပါတယ်။

မောင်တောတွင် မိုင်းပေါက်ကွဲ ၃ ဦးသေ၊ ၆ ဦး ဒဏ်ရာပြင်း ထန်

ဧရာဝတီ
By မင်းအောင်ခိုင်
17 November 2020
ယနေ့ မောင်တောမြို့နယ် ကားမိုင်းကွဲမှု ဖြစ်စဉ် မြင်ကွင်း / နံ့သာတောင်ဆရာတော် / Facebookရခိုင်ပြည်နယ်  

မောင်တောမြို့နယ်တွင် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန်က အလှူပွဲမှ ပြန်လာသော ကား ၁ စီး လမ်း၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကားပေါ်တွင် ပါလာသော ၉ ဦးအနက် ၃ ဦး သေဆုံးပြီး ၆ ဦး ပြင်း ထန်စွာ ဒဏ်ရာများ ရရှိခဲ့ ကြောင်း သတင်း ရရှိသည်။

ယနေ့ မနက်ပိုင်း ခရေမြိုင် ကျေးရွာသားများသည် ယင်းမြို့နယ်အတွင်းရှိ သာယာကုန်း ကျေးရွာ၌ ပြုလုပ် သည့် ကထိန် ပွဲသို့ ကားဖြင့် သွားရောက်ခဲ့ပြီး မိမိကျေးရွာသို့ အပြန်လမ်းတွင် ထိုသို့ မိုင်းပေါက်ကွဲခြင်း ဖြစ်ကြောင်း အခင်းဖြစ်ပွားရာသို့ သွားရောက် ကြည့်ရှုခဲ့သည့်နံ့သာတောင် ဆရာတော်က မိန့်သည်။

နံ့သာတောင်ဆရာတော်က “ဒီနေ့ မနက်ပိုင်း ခရေမြိုင်က ရွာသားတွေ သာယာကုန်းကျေးရွာမှာရှိတဲ့ ကထိန် အလှူကို လာကြပြီးတော့ နေ့လယ်ပိုင်း ရွာအပြန် လမ်းမှာ ကားမိုင်းပေါက်တာ။ ဦးပဉ္ဇင်းတို့ သွားကြည့်တော့ မိသားစု ၃ ယောက်က တော့ အဲဒီမှာ သေသွားတယ်။ ဒဏ်ရာ ရတဲ့ ၆ ယောက် ကိုတော့ အခု ဆေးရုံကို ပို့နေကြတယ်” ဟု ဧရာဝတီသို့ မိန့် သည်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ ယင်းကားမိုင်းပေါက်ကွဲသည့် အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်ပြီး စုံစမ်းမှုများကို ပြုလုပ်ကာ ဒဏ်ရာရ လူနာများကိုလည်း ကူညီဆောင် ရွက် ပေးလျက် ရှိ ကြောင်း ပြောသည်။

ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “အခု မိုင်းကွဲမှုဖြစ်တဲ့ နယ်မြေက အရင်တုန်းကလည်း ARSA အဖွဲ့တွေက မိုင်း ထောင်တယ်။ ချောင်းမြောင်း ပစ်ခတ်မှုတွေ လုပ်တာတွေ ရှိတယ်။ အာဆာ လှုပ်ရှားတဲ့နေရာတွေ ဖြစ်နေ တော့ သူတို့ လက်ချက်လို့ပဲ ယူဆလို့ ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ကားမိုင်းပေါက်ကွဲမှုကြောင့် ခရေမြိုင်ကျေးရွာမှ ကလေးငယ်တဦး အပါအဝင် အမျိုးသား ၁ ဦးနှင့် အမျိုး သမီး ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၅ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ ကာ ၎င်းတို့ စီးနင်းသည့် ကားမှာလည်း လမ်းဘေးသို့ လွင့်စင်၍ ပျက်စီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ရက်နေ့ ရက္ခိုင်စစ်တပ် (AA)က အထွေထွေ ရွေး ကောက်ပွဲ မကျင်းပခဲ့ရသည့် နယ်မြေ များကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ကြားဖြတ် ရွေးကောက်ပွဲ ပြန် လည် ကျင်းပပေးရန် NLD အစိုးရ နှင့် မြန်မာ့ တပ်မတော်တို့အား မေတ္တာရပ်ခံ တိုက်တွန်းပါသည်ဟု ရေးသားခဲ့ပြီး၊ ယင်းတိုက်တွန်းချက်ကိုတပ်မတော် ကလည်း ကြိုဆိုပြီးနောက် ရခိုင်ဒေသတွင် တိုက်ပွဲများ ငြိမ်သက်နေရာမှ ယခုကဲ့ မောင်တောဒေသတွင် ပေါက် ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။

You may also like these stories:

Link : Here

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */