" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 28, 2020

မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ထံ ဒုတိယ အကြိမ် အစီရင်ခံစာတင်သွင်း

ABNA
အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
နိုဝင်ဘာ ၂၅, ၂၀၂၀
ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ICJ တရားရုံးက ခုအချိန်အထိ လူသိရှင်ကြားထုတ် ပြန်ကြေညာ ခြင်း မပြုဘဲ လျှို့ဝှက်ထားတဲ့အတွက် အစီရင်ခံစာမှာ ဘာတွေပါလဲဆိုတာ မသိရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံ နိုဝင်ဘာ ၂၃ ရက်က ဒုတိ ယအကြိမ် အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ICJ တရားရုံးက ခုအချိန်အထိ လူသိရှင်ကြားထုတ်ပြန် ကြေညာခြင်းမပြုဘဲ လျှို့ဝှက်ထားတဲ့အတွက် အစီရင်ခံစာမှာ ဘာတွေပါလဲဆိုတာ မသိရသေးပါဘူး။
ရခိုင်ပြည်နယ်အတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)ရဲ့ အစီရင်ခံစာပါ ဖြစ် စဉ် ၁၃ ခုနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ထဲမှာ ARSA နဲ့ အလိုတူပူးပေါင်းပါဝင်သူတွေ၊နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတိုင်းရင်းသားတွေ ကျူးလွန်ခဲ့တဲ့ အမှုပေါင်း ၁၃၉ မှု ရှိပြီး ၁၁၀ မှုကိုအရေး ယူထားတယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက နိုဝင်ဘာ ၂၃ ရက်နေ့မှာပဲ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ခုလို ဒုတိယအကြိမ် အစီရင်ခံစာတင်သွင်းတာနဲ့ ပတ်သက်ပြီး ကြိုဆိုတဲ့ အ ကြောင်း ဒါပေမဲ့ တရားရုံးမှာ အချိန်မီ အစီရင်ခံစာတင်သွင်းရုံနဲ့တော့ မလုံလောက်သေးဘူးလို့ Global Justice Center က ဥပဒေရေးရာဒါရိုက်တာ ဂရန့်ရှူဘင်က ကြေညာချက် ထုတ်ပြန် ပြော ပါတယ်။

ICJ တရားရုံးက ကြားဖြတ်အစီအမံအမိန့်ချပြီးကတည်းက မြန်မာအနေနဲ့ ခွဲခြားနှိမ်ချမှုတွေရဲ့ အခြေ ခံအကြောင်းတရားတွေကိုဘာမှ အရေးယူဆောင်ရွက်တာမရှိသလို အပြစ်ကျူးလွန်သူတွေ ဒဏ် ခတ် မခံရတဲ့အတွက် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ်ဆက်ရှိနေတယ်လို့ ဂရန့်ရှူဘင်က ပြောပါတယ်။

ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့လိုက်နာဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ICJ တရားရုံးက ကြားဖြတ်အစီအမံ ၄ ချက် ချမှတ်ခဲ့ပါတယ်။

ကြားဖြတ်အစီအမံ ၄ ချက်ကတော့ (၁) လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာသ ဘောတူညီချက် အပိုဒ် (၂) မှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေ ဖြစ်မလာအောင် မြန်မာနိုင်ငံအနေနဲ့ အကာအကွယ်ပေးရေး အစီအမံတွေဆောင်ရွက်သွားဖို့၊ (၂) မြန်မာစစ်တပ် ဖြစ်စေ ပြည်သူ့စစ်အဖွဲ့ ဖြစ်စေ အခြားအဖွဲ့အစည်းတခုခုကဖြစ်စေ ဂျီနိုဆိုဒ်စာချုပ် အပိုဒ်(၂)ပါ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တဲ့ လုပ်ရပ်တွေ မကျူးလွန်ဖို့၊ (၃) သက်သေအထောက်အထား တွေကို မဖျက်ပစ်ဖို့ (၄) ဂျီနိုဆိုဒ်သဘောတူညီချက်ကို ချိုးဖောက်မှုရှိမရှိ တရားရုံးက စစ်ဆေးနေစဉ်မှာ မြန်မာနိုင်ငံဘက်က ဆောင်ရွက်မှု တိုးတက်မှုဖြစ်စဉ်ကိုလည်း ၄ လအတွင်း တရားရုံးကို အစီရင်ခံစာတင်ဖို့နဲ့ နောက်ပိုင်း မှာ ၆ လ တကြိမ် ပုံမှန်အစီရင်ခံစာတင်ဖို့ တွေပါဝင်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်တဲ့ ပထမဆုံးအကြိမ် အစီရင်ခံစာကိုတော့ မြန်မာအစိုးရက ပြီးခဲ့တဲ့ မေလ ၂၃ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံ တင်သွင်းခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */