" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 19, 2020

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလဆုံးဖြတ်ချက် မြန်မာ ဘက်က အပြင်းအထန်ကန့်ကွက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 နိုဝင်ဘာ၊ 2020

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း(နိုဝင်ဘာလ ၁၈၊၂ဝ၂ဝ)

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မူတွေကို ဆန့်ကျင်ရှုတ်ချထားတဲ့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအ ထွေ ထွေညီလာခံ၊ တတိယကော်မတီ ဆုံးဖြတ်ချက်ကို မြန်မာဖက်က ပြင်းပြင်းထန်ထန်ပြန်ကန့် ကွက်လိုက် ပါတယ်။

ဒီနှစ်အောက်တိုဘာလထဲမှာ တင်သွင်းထားပြီး ရိုဟင်ဂျာတွေအပါအဝင် ရခိုင်၊ ချင်း၊ ကချင်နဲ့ ရှမ်းပြည်နယ် တွေထဲက လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မူတွေအတွက် ကန့်ကွက်ထားပြီးတော့ အထူးစိုး ရိမ်နေကြောင်းလည်း ဖော်ပြထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာလ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့က နယူး ယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်မှာ မဲခွဲဆုံးဖြတ်ခဲ့တာပါ။ ရိုဟင်ဂျာလို့ ခေါ်ဆိုသုံးစွဲတာကို မြန်မာအစိုးရကတော့ လက်ခံမထားပါဘူး။

မဲခွဲဆုံးဖြတ်တာမှာ နိုင်ငံပေါင်း ၁၃၁ နိုင်ငံက ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံခဲ့ပြီး မြန်မာနဲ့အတူ တရုတ်နဲ့ ရုရှားတို့အပါအဝင် ၉ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပါတယ်။ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ ထိုင်းအပါအဝင် ၃၁ နိုင်ငံကတော့ မဲမပေးဘဲ ကြားနေခဲ့ပါတယ်။

အိုအိုင်စီနဲ့ အီးယူတို့က ပူးတွဲတင်သွင်းခဲ့တဲ့ ဒီမူကြမ်းဟာ နိုင်ငံရေးအရ မြန်မာအပေါ် ဖိအားပေးမူဖြစ်တာမို့ ပြတ်ပြတ်သားသား ကန့်ကွက်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့ပြီး ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးပြောင်းလဲနေတဲ့စိန်ခေါ်မူတွေနဲ့ ARSA မွတ် ဆလင်လက်နက်ကိုင်အဖွဲ့နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမူတွေ ကိုတော့ ထည့်သွင်းမထားဖူးလို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်နိုင်ငံကလည်း ပူးတွဲတင်သွင်းခဲ့တာဖြစ်ပြီး ဆုံးဖြတ်ချက်ထဲမှာပါရှိတဲ့ တရားမ ျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ဖို့ မြန်မာအစိုးရကို တောင်းဆိုထားတဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အခိုင်အမာထောက်ခံတယ်လို့ ကုလသမဂ္ဂဆိုင်ရာ၊ အမေရိကန်ကိုယ် စား လှယ် အဖွဲ့က စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာကောင်စစ်ဝန် Jason Mack ရဲ့ မနေ့ကရက်စွဲနဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */