" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 8, 2020

မြန်မာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
သန့်ဇင်ဦး
2020-12-07

နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါဝင်တဲ့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ အနေနဲ့ ငါးနှစ်တာသက်တမ်းအတွင်း နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီ ဆက်လက်ရှိနေသေးသလို အစိုးရရော လွှတ် တော်ကပါ ဖိနှိပ်တဲ့ဥပဒေတွေ မပြင်နိုင်သေးတာ၊ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်နိုင်ဖို့ အဓိပ္ပာယ် ဖွင့်ဆိုချက် ကိစ္စကိုတောင် မလုပ်ဆောင်နိုင်သေးတာတွေကို ထောက်ပြ ဝေဖန်နေကြပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက် ရင် အမြဲတမ်းပြစ်တင်ဝေဖန်ခံနေရတဲ့ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိလည်း တိုးတက်အောင် မဆောင် ရွက် နိုင်သေးဘူးလို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံအစိုးရတွေက ထောက် ပြနေကြပါတယ်။

အထူးသဖြင့် အခြေခံလူ့အခွင့်အရေး ပြဌာန်းချက် ၃၀ ထဲက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းတွေကို ချိုးဖောက်ပြီး တရားစွဲထောင်ချတာတွေ ဆက်ရှိနေတယ်လို့ ပြောကြပါတယ်။

နှစ်ရှည်နေအိမ်အကျယ်ချုပ်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတာ ကို အံ့သြတယ်လို့ ပြောနေကြပါတယ်။

ဒါနဲ့ပတ်သက်လို့ လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက် ညွှန်ကြား ရေးမှူး Phil Robertson က…
HRW အာရှတိုက်ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး Phil Robertson။

Phil Robertson (HRW)

"အဓိကပြဿနာကတော့ အရပ်သားပြည်သူတွေရဲ့ အခြေခံနိုင်ငံရေး အ ခွင့်အရေးတွေ ဖြစ်တဲ့ လွတ်လွတ် လပ်လပ် ထုတ်ဖော်ပြောဆိုတာ၊ ငြိမ်း ငြိမ်းချမ်းချမ်းစုရုံးတာ၊ အသင်းအဖွဲ့ ထူထောင်တာ၊ ဆန္ဒပြတာ တွေကို ဒီမိုကရေစီအစိုးရဆိုတာက ခွင့်ပြုရမယ့် ကိစ္စတွေပါ။ ဒီလို ဆောင်ရွက် တာတွေကို ထောင်ချလိုက်တာမျိုး မ ဟုတ် ဘဲ လေ့ကျင့်ပြုစု ပျိုးထောင်ပေးရမယ်။ ပြည်သူ တွေအနေနဲ့ သူတို့ဆန္ဒတွေ သဘောထားတွေကို ဖေ့စ် ဘွတ်မှာ တင်တာတွေကို ၅၀၅ (ခ) လို ပုဒ်မတွေနဲ့ အရေးယူ တာတွေ မလုပ်သင့်ဘူး။ ထောက်ပြရမယ်ဆိုရင် မြန်မာပြည်မှာ ဖိနှိပ်တဲ့ဥပဒေတွေ အများကြီး ရှိ နေသေး တယ်။ လွှတ်တော်မှာ နေရာအများဆုံးရနေတဲ့ NLD ပါတီအနေနဲ့ အဲဒီ ဥပဒေတွေကို ဖျက်သိမ်းဖို့ ကျနော် တို့နိုင်ငံတကာ ဖွဲ့အစည်းတွေက တောင်းဆိုခဲ့ပါတယ်။ ဒါတွေဆောင်ရွက်မှ နိုင်ငံတကာလူ့အခွင့် အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှာပါ။ ဒါတွေကို NLD အစိုးရက မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ကျနော်တို့အ တွက် တော့ အစိုးရအပေါ် အတော့်ကို အံ့သြရပါတယ်”

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နိုင်ငံရေးအကျဉ်းသားတစ်ယောက် ရှိနေတောင် အတော်များ လှ ပြီလို့ တချိန်က ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် NLD အစိုးရ ငါးနှစ်ပြည့်သွားပေမယ့် လက်ရှိအချိန်အထိ ထောင် ချခံ ထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၆ ယောက်၊ ထောင်အချုပ်ဘဝနဲ့ အမှုရင်ဆိုင်နေတဲ့သူက ၁၉၃- ယောက် ၊ အာမခံနဲ့ အပြင်ကနေ အမှုရင်ဆိုင်နေရသူက ၃၅၅ ယောက် အထိ ရှိနေသေးတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က အခုလို ပြောပါတယ်။

ဦးဘိုကြည် (AAPP)

"နိုင်ငံရေးအကျဉ်းသား အရေအတွက်ကတော့ ထောင်ကျပြီးသားက ၃၆ ယောက်၊ ထောင်ထဲကနေ အမှုရင် ဆိုင်နေရတာက ၁၉၃ ယောက်၊ နောက်အာမခံရပြီးတော့ ထောင်အပြင်ကနေ အမှုရင်ဆိုင်နေရတာက ၃၅၅ ယောက်၊ အားလုံးပေါင်းလိုက်မယ် ဆိုရင် ၅၈၄ ယောက်အထိ ရှိ တယ်။ ဒီအရေအတွက်တော့ နည်းတဲ့ အရေ အတွက်တော့ မဟုတ် ဘူး။ အရေအတွက်အားဖြင့် တော်တော်များတယ်လို့ သတ်မှတ်လို့ရပါ တယ်။

ကျွန်တော်တို့အတွက် စိတ်မကောင်းစရာ ကတော့ နိုင်ငံရေးအကျဉ်း သား အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အစိုးရနဲ့ လွှတ်တော်က မလုပ်ခဲ့ဘူး။ အဲ့ဒီလိုပဲ နိုင်ငံရေးအကျဉ်းသား ရှိ တယ်ဆိုတာကို တရားဝင် အသိအမှတ်မပြုဘူး။ ဒါကတော့ အရင်အစိုးရတွေရဲ့ စဉ်းစားပုံနဲ့ လုပ်ဆောင် ပုံတွေနဲ့ တထပ်တည်း သွားပြီးတော့ ဖြစ်နေတာ တွေ့ ရတယ်။ ဒါကတော့ စိတ်မကောင်းစရာပဲ"

ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးတရားစွဲ ထောင်ချနေတာတွေ ရှိနေသေးတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီးရှိနေဆဲဖြစ်တယ်လို့ ဦးဘိုကြည်က ဆိုပါတယ်။

လူတိုင်းလူတိုင်း အချိန်မရွေးနိုင်ငံရေးအကျဉ်းသား ဖြစ်သွားနိုင်တဲ့အန္တရာယ်က အခုထိ ရှိနေတယ်လို့ ညီမျှ ခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

Equality Myanmar က ဒါရိုက်တာ ဦးအောင်မျိုးမင်း

ဦးအောင်မျိုးမင်း (Equality Myanmar)


"ဒီအစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ သ တင်းမီဒီယာတွေ အပေါ် ကန့်သတ်မှုတွေ အများကြီးရှိလာတယ်။ ဒါ ကတော့ အဲ့ဒီအခြေအနေကတော့ ပိုပြီးတော့တောင် ဆိုးဝါးလာ တယ် လို့ ပြောလို့ရပါ တယ်။ ကိုယ့်ရဲ့လွတ်လပ်စွာ ယုံကြည်ခွင့်ကို ကျင့်သုံး ပြီးတော့ အကြမ်းမ ဖက် ကျင့်သုံးရင်းနဲ့ မတရားတဲ့ ဥပေ ဒတွေနဲ့ အဖမ်း ခံ ထိတယ်။ အပြစ်ပေးခံထိတယ်။ ဒါနိုင်ငံရေးအကျဉ်းသားပဲ။ အဲ့ဒါမျိုးနဲ့ ကျွန်တော်တို့ ပြောရ မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အများကြီး ဆက်ရှိနေ တုန်းပဲ။ လမ်းပေါ်မှာ ဆန္ဒပြ လို့၊ အစိုးရကို ဝေဖန်လို့၊ စစ်ပွဲတားဆီးရေး လုပ်ဆောင်လို့၊ ဒေါင်းတို့မျိုးဆက် လိုပဲ တပ်မတော်ကို သံချပ်မှာ ထည့်သွင်းဖော်ပြလို့ ဆိုတဲ့အချက်တွေက နိုင်ငံရေးအကျဉ်းသားဖြစ်လောက် တဲ့ အချက်တွေ ဖြစ်တယ်။ အဲ့ဒါတွေကလည်း အများကြီးပဲ။ တချိန်တည်းမှာပဲ လူတိုင်းလူတိုင်းကနိုင်ငံရေး အကျဉ်းသား အချိန်မရွေး ဖြစ်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော် အကြည်ညို ပျက်စမှုတွေ၊ နောက်တစ်ခုက သတင်းမီဒီ ယာမှာ အစိုးရကို ပုတ်ခတ်ပြောဆိုမှုတွေ ဒီလိုမျိုးအချက်တွေက ကိုယ့်ရဲ့ ယုံ ကြည်ချက်အရ ပြောကြားတဲ့ အ ချက်တွေကို အချိန်မရွေး ဖမ်းဆီးနိုင်တဲ့အခြေအနေမျိုး ဖြစ်တဲ့ အတွက် နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတုန်း ဖြစ်သလို လူတိုင်းလူတိုင်း အချိန်မရွေး နိုင်ငံရေးအကျဉ်း သား ဖြစ် သွားနိုင်တဲ့ ပတ်ဝန်းကျင်မျိုးကလည်း အခု ကာလမှာ ဆက်လက်ရှိနေတုန်းပါပဲ"

အစိုးရအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးစာချုပ်တွေ လက်မှတ်ရေးထိုးတာနဲ့ တချို့ဥပဒေတွေ ပြုပြင်ပြောင်း လဲတာတွေ ရှိခဲ့ပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေက နယ်ပယ်တိုင်းမှာ ရှိနေတယ်လို့ ဦးအောင်မျိုး မင်း က ဆိုပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဘယ်လောက်ရှိလဲဆိုတာ စောင့်ကြည့်နေတဲ့ အသံအဖွဲ့ရဲ့ အမှုဆောင်ဒါ ရိုက်တာ မောင်ဆောင်းခကလည်း အစိုးရအနေနဲ့ နိုင်ငံရေးအရ တရားစွဲဆိုတာတွေကို မလုပ်သင့်တော့ဘူးလို့ ပြောပါတယ်။

"လက်ရှိအစိုးရဟာ လူ့အခွင့်အရေးကို အလေးထားမယ်ဆိုတာမျိုး အထူးသဖြင့် အစိုးရကို တာဝန်ယူရတဲ့ ပါ တီမှာ အဲ့လိုမူဝါဒမျိုး ရှိသော်လည်းပဲ တကယ့် သူတို့ဆိုလိုတဲ့ လူ့အခွင့်အရေးဆိုတာက အားလုံးကို ခြုံ ငုံနိုင်တဲ့ အနေအထားကို ကျွန်တော်တို့ မမြင်ရဘူး။ အထူးသဖြင့် မြန်မာပြည်ထဲမှာရှိတဲ့ လွတ်လပ်စွာ ထုတ်ဖာ်ပြော ဆိုခွင့်တင် မကဘူး၊ အခြားရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စတွေ ဒါမျိုးတွေ အပေါ်မှာ လည်း အများကြီး ပျက် ကွက်တယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။ ဆိုတော့လူ့အခွင့်အရေး စံနှုန်းတွေအရတိုက် ချလိုက်မယ်။ ယှဉ် ထိုးကြည့်လိုက်မယ်ဆိုရင် ဒီအစိုးရဟာ အဖက်ဖက်မှာ ရှုံးနိမ့်နေတာ အောင်မြင်မှုမရေ နေ သးတာကို တွေ့ရ တယ်။ တကယ့် အမှန်တရားအတိုင်းဆိုရင် လုံးဝမရှိဘူး။ (နိုင်ငံရေးအကျဉ်းသား) ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က တဖက်တခြမ်းက ပါနေတဲ့အခါမှာ တပ်မေ တာ် က တရားစွဲတဲ့အခါမျိုးမှာ အစိုးရအနေနဲ့ ကိုင်တွယ်ရတာ ခက်ခဲတာမျိုးတွေ ရှိနိုင်တယ်။ သို့သော် လည်းပဲ ဒီမှာကျွန်တော်တစ်ခု မေတ္တာ ရပ်ခံချင်တာက အစိုးရက တရားစွဲတဲ့ဟာတွေကို မလုပ်သင့်ဘူးလို့ ကျွန်တော်တို့က မြင်တယ်"

အခုဆိုရင် သံချပ်နဲ့ ဝေဖန်တာကြောင့် တပ်မတော်က တရားစွဲလို့၊ နှစ်ရှည်အကျဉ်းချ ခံထားရတဲ့ ကျောင်း သားတွေလည်း ရှိနေပါတယ်။ အဲဒီ ကျောင်းသားတွေရဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့က ကိုပိုင်ဖြိုးမင်းရဲ့ ဖခင် ဦး ကျော်လင်းက အကျဉ်းကျမိသားစုဝင် တစ်ယောက်ရဲ့ဆန္ဒကို အခုလို ပြောပါတယ်။

"ဒီသံချပ်ထိုးတယ်ဆိုတာကလည်း ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက မိရိုးဖလာပဲ။ ဟိုးဘုရင်တွေ လက် ထက်ကတည်းက ဖြစ်တာလည်း လူတိုင်းသိတယ်။ ဒီအပေါ်မှာ သူတို့ဟာသူတို့ စွဲတယ်။ စွဲတဲ့အထိ လည်း ထားဦး။ မကျေနပ်လို့ စွဲတယ်ဆိုလည်း စွဲ။ ဒါပေမယ့် ဒီတစ်မှုတည်းကို ထပ်ဖန်တလဲလဲ တစ်ရုံးပြီး တစ်ရုံးထပ် စွဲနေတဲ့ကိစ္စတွေက အရမ်းများတယ်။ ဒါသက်သက် အနိုင်ကျင့်နေတယ်လို့ ခံစားရတယ်။ အဓိကကတော့ အစိုးရအနေနဲ့ လွှတ်ပေးစေချင်တယ်ပေါ့နော် ကလေးတွေကို။ ကျွန်တော့သား တစ် ယောက် တည်းမှ မဟုတ်ပါ ဘူး။ မန္တလေးဘက်မှာ အဖမ်းခံရတဲ့ ကျောင်းသားတွေ ရှိတယ်။ နောက် ကိုနေ မျိုးဇင်တို့တွေ ရှိတယ်။ အကုန် လုံးပေါ့နော်။ လူ့အခွင့်အရေးနဲ့ ငြိပြီး ဖမ်းထားတဲ့သူ တော်တော်များ များကို တော့ အစိုးရအနေနဲ့ သမ္မတအ မိန့်နဲ့ လွှတ်ပေးစေချင်တယ်"

NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ အစိုးရအနေနဲ့ လာမယ့် ငါးနှစ်မှာတော့ အရင်ကဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြီး သုံးသပ်တာတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ပြော ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်                       မုံရွာအောင်ရှင် (NLD)

"ကျွန်တော်တို့ ဒီနိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် နိုင်ငံ  ရေး နဲ့ဆိုင်တဲ့ ပြဿနာတွေနဲ့ပဲ ဖြစ်ဖြစ် ပေါ့လေ။ အတတ်နိုင်ဆုံးတော့ နည်းအောင် ကျွန်တော်တို့ ကြိုးစားကြရမှာပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၅ -၂၀၂၀ ကာ လတုန်းက ဖြစ်ပျက်ခဲ့တာတွေ ရှိတယ်ပေါ့ဗျာ။ ဥပမာ-သတင်းမီဒီ ယာနဲ့ ပတ်သက်လို့ အတော်အသင့် ပြဿ နာရှိခဲ့တယ်။ နောက်တစ်ခု ဆန္ဒဖော်ထုတ်တဲ့ ပုဂ္ဂိုလ်များကို တရားစွဲဆိုတဲ့ ကိစ္စတွေ ရှိခဲ့တယ်ပေါ့။ အဲ့ဒါတွေ က ကျွန်တော်တို့ ပြန်ပြီးတော့ Review လုပ်ရမှာတွေ ပြန်ပြီး သုံးသပ်ရမှာတွေ ရှိပါတယ်။ ကျွန်တော်ပြော ရဲ တာတော့ တစ်ခုရှိ တယ်။ အဲ့ဒါဘာလဲ ဆိုရင် လာမယ့် အစိုးရသစ် လက်ထက်မှာတော့ ယခင်က ဖြစ်ပျက်ခဲ့ တဲ့ အဖြစ်အပျက်တွေကို ပြန်ပြီး သုံးသပ်တာ ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့ လုပ်တာ ကတော့ သေချာပေါက်ရှိ မယ် ဆိုတာ ကျွန်တော်ပြောရဲပါတယ်"

နိုင်ငံရေးနဲ့ပတ်သက်ပြီး တရားစွဲတာတွေကိုတော့ အကျိုးအကြောင်း စိစစ်ပြီးမှသာ တရားစွဲသင့် တယ်လို့ လည်း မုံရွာအောင်ရှင်က ဆိုပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အာရှဒေသဆိုင်ရာလက်ထောက် ညွှန်ကြားရေးမှူး Phil Robertson ကတော့ NLD အနေနဲ့ အစိုးရသစ်ဖွဲ့ပြီးရင် ဦးစားပေးလုပ်ငန်းထဲမှာ လူ့အခွင့်အရေး တိုးတက် အောင် ဆောင်ရွက်သင့်တယ်လို့ အကြံပြုပါတယ်။

“အဲဒီမှာနိုင်ငံရေးအကျဉ်းသားတွေ အများကြီးရှိတယ်။ သူတို့ကို အရင်ကသုံးခဲ့တဲ့ ဖိနှိပ်တဲ့ဥပဒေတွေကို ဆက် သုံးပြီး အရေးယူနေတယ်။ စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလို့ ပြောမယ်ဆိုရင် အဲဒီပုဒ်မတွေ ကို ဥပဒေ စာ အုပ်ထဲက ဖျက်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်ပါ တယ်။ အခုဆိုရင် ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မြေသိမ်းယာသိမ်းခံရတဲ့ တောင်သူတွေ၊ အ ရပ်သားတွေ၊ အဲဒီလို မတူတဲ့ အလွှာအသီးသီးက လူတွေဟာ ဒီဥပဒေတွေနဲ့ တရားစွဲခံရတဲ့ အဖြစ်ဆိုးနဲ့ ရင်ဆိုင်နေရပါတယ်။ အခု ဆိုရင် NLD အနေနဲ့ အစိုးရသစ် ဖွဲ့ပြီးတဲ့အခါ လူ့အခွင့်အရေး တိုးတက်ကောင်း မွန် အောင် ဆောင်ရွက်ဖို့ ဆို တာကို အဓိကဦးစားပေးလုပ်ငန်းထဲမှာ ထည့်သင့်ပါတယ်"

လက်ရှိ NLD အစိုးရလက်ထက်မှာ နိုင်ငံရေးအရဖိနှိပ်ပြီး လူ့အခွင့်အရေးထိခိုက်စေတဲ့ ဥပဒေတွေ ဖျက်သိမ်း တာမတွေ့ရဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights က ကိုနစ်ကီ ဒိုင်းမွန်း က ပြောပါတယ်။

နစ်ကီဒိုင်းမွန်း (Fortify Rights) နစ်ကီဒိုင်းမွန်း (Fortify Rights)

"ဒီငါးနှစ်အတွေ့အကြုံအရဆိုရင် NLD အစိုးရ တက်လာတဲ့အချိန်မှာ ဒီ NLD အစိုးရဆိုတာ လူထုကနေ ရွေး ချယ်ပေးလိုက်တဲ့အစိုးရ လူ့အ ခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာမယ့် အစိုးရလို့ ကျွန်တော် တို့က အစက ယုံကြည်ခဲ့တာပေါ့နော်။ ဒါပေမယ့် အခုငါးနှစ်အတွင်းမှာ ဘာဖြစ်လဲဆိုလို့ရှိရင် မတရားတဲ့ဥပဒေကို ဖျက်သိမ်းတာမျိုး မတွေ့ရ ဘူး။ အဲ့ဒီမတရားတဲ့ ဥပဒေတွေကို အသုံးချပြီးတော့ နိုင်ငံရေးနဲ့ လူ့ အ ခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ သူတွေကို အပြစ်ပေး အရေးယူတာတွေ ရှိတယ်။ အဲ့တော့ ဒီနိုင်ငံမှာ လူထုအစိုးရလို့ တက်လာပေမယ့် နိုင်ငံရေး ကို လုပ်လို့ လူ့အခွင့်အရေးလုပ်လို့ တက်ကြွလှုပ်ရှားသူတွေ ထောင်အချ မခံရတဲ့ အခြေအနေမျိုး မဖြစ်သေးဘူး။ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား တွေကိုလည်း ချက်ခြင်း မြန်မာ ပြည် မှာ လုံးဝ အကြွင်းမဲ့ ပြန်လွှတ်ပေးပြီးတော့ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိတဲ့ နိုင်ငံအဖြစ်နဲ့ ရပ်တည် စေချင်တယ်"

လူထုကနေ ရွေးချယ်ပေးလိုက်တဲ့ အစိုးရက လူ့အခွင့်အရေးကို လေးစားလိုက်နာမှုမရှိရင် နိုင်ငံတကာမှာ ဂုဏ် သိက္ခာမရှိတဲ့ အစိုးရ ဖြစ်နိုင်တယ်လို့လည်း သူကပြောပါတယ်။ အခုလို ဝေဖန်ထောက်ပြတာတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့သဘောထားရော၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့သဘောထားကိုပါ သိရေ အာင် RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုမယ့်သူ မရှိပါဘူး။

မြန်မာနိုင်ငံမှာ လူမှောင်ခိုကူးမှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုးတက်အောင် မဆောင် ရွက်နိုင်တဲ့အတွက်ဆိုပြီး အမေရိကန်အစိုးရက မြန်မာ့ လူ့အခွင့်အရေးအခြေအနေကို Tier- 3 အနေနဲ့ အဆင့် နှိမ့် သတ်မှတ်ထားပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ အစီ ရင်ခံစာမှာလဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်တာ၊ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာ၊ ဌာနဆိုင်ရာတွေနဲ့ ဥပဒေ ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေ ထောက်ပြထားပါတယ်။ အဲဒီအပြင် အစိုးရအနေနဲ့ ဆောင်ရွက် သင့်တဲ့ အချက် (၁၁) ချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း နိုင်ငံတကာ လူ့အခွင့်အရေး ပြဌာန်းချက်ကို လိုက် နာဖို့ ဆိုတဲ့အချက်ကို ဖော်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */