" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 12, 2020

ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက ခင်ပွန်းသေဆုံးမှုအတွက် မြန်မာအစိုးရကို ဒေါ်လာနှစ်သန်း လျော်ကြေးတောင်း

VOM
Editor
ဒါကာ၊ ဒီဇင်ဘာ-၁၂-၂၀၂၀
မျိုးဆက် (VOM)

 ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်ကပြုလုပ်ခဲ့တဲ့ မြန်မာတပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း ခင်ပွန်းဖြစ်သူသေဆုံးခဲ့ တဲ့အတွက် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဖြစ်သူ Setara Begumက မြန်မာအစိုးရဆီကနေ လျော်ကြေးငွေ ဒေါ် လာ နှစ်သန်းတောင်းခံနေတယ်လို့ အဲ့ဒီအမျိုးသမီးရဲ့ ရှေ့နေက ပြောပါတယ်။

ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ခင်ပွန်းဖြစ်သူShoket Ullah သတ်ဖြတ်ခံရမှုအတွက် Setara Begumကိုယ် စား မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို ဒီဇင်ဘာ ၁၀ ရက်မှာ တိုင်ကြားစာတစ်စောင်ပေး ပို့ခဲ့တယ် လို့ Legal Action Worldwide (LAW)အဖွဲ့နဲ့ နိုင်ငံတကာဥပဒေအကြံပေးအဖွဲ့ McDermott Will & Emery ကပြော ပါတယ်။

Setara Begum ရဲ့လျော်ကြေးတောင်းခံမှုဟာ ရိုဟင်ဂျာအရေးနဲ့ဆက်နွယ်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော် မရှင်ဆီကို ပထမဆုံးတိုင်ကြားမှုဖြစ်တယ်လို့ ဂျီနီဗာအခြေစိုက် Legal Action Worldwide (LAW) ကပြောပါ တယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ အစိုးရပြောရေးဆိုခွင့်ရှိသူကို မှတ်ချက်ပေးဖို့ ရိုက်တာက တယ်လီဖုန်း၊ အီးမေးလ်တို့ဖြင့် ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

Setara Begum ရဲ့ခင်ပွန်းဖြစ်သူ အသက် ၃၅ နှစ်အရွယ် ငါးဖမ်းသမား Shoket Ullah ဟာ ၂၀၁၇ ခုနှစ် ၊စက် တင်ဘာလမှာဖြစ်ပွားခဲ့တဲ့ အမျိုးသား ၁၀ ဦးကို စစ်သာတွေနဲ့ ရွာသားတွေက သတ်ဖြတ်ပြီး မီးရှိုှု့မြုပ်နှံခဲ့တဲ့ဖြစ် စဉ်မှာ သေဆုံးခဲ့သူတစ်ဦးဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အဲ့ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ စစ်သားတွေကို အလုပ်ကြမ်းနဲ့ထောင်ဒါဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ မြန်မာစစ်တပ် က ကြေညာခဲ့ပေမယ့် သူတို့ဟာ တစ်နှစ်မပြည့်မီ ထောင်ကပြန်လွတ်လာခဲ့ပါတယ်။


Ref : Reuters
Photo: Reuters 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */