" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 8, 2020

မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ရိုဟင်ဂျာများကို ကူညီ ရန် ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး တိုက် တွန်း

𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚
ဒါကာ၊ ဒီဇင်ဘာ ၈


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကုလသမဂ္ဂလုပ်ငန်းလည်ပတ်မှုအခြေခံအတိုင်း ဘာရှန်ချားကျွန်းမှ ရိုဟင်ဂျာ များကို ကုညီသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်က တနင်္လာနေ့တွင်ပြော သည်။

ဘာရှန်ချားမှရိုဟင်ဂျာများကို လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက အစားအစာများထောက်ပံ့နေသော်လည်း ရိုဟင်ဂျာများကိုကူညီရန် ကုလသမဂ္ဂအေဂျင်စီများရှေ့ထွက်လာမည်ဟုမျှော်လင့်ကြောင်းလည်းပြောသည်။

 ရိုဟင်ဂျာများကို ဘာရှန်ချားသို့ပြောင်းရွှေ့နေရာချခြင်းသည် မြန်မာနိုင်ငံသို့နေရပ်ပြန်ရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ဟုလည်း မိုမန်ကပြောသည်။ ဘာရှန်ချားသို့ပြောင်းရွှေ့ခြင်းသည် ယာယီသဘော တူညီချက်သာဖြစ်ပြီး ရိုဟင်ဂျာများနေရပ်ပြန်ရေးသည် အမြဲတမ်းတည်မြဲသည့်အဖြေဖြစ်ကြောင်း မိုမန်ကပြော သည်။

လက်ရှိရွှေ့ပြောင်းနေခြင်းအပေါ်ဝေဖန်နေသူများသည် ဘာရှန်ချားကျွန်းနှင့်အဆောက်အအုံများအကြောင်း အနည်းအကျဉ်းသာသိထားကြသည်ဟုလည်း ပြောသည်။

ပြောင်းရွှေ့ချင်သည့်ရိုဟင်ဂျာများကိုသာ ရွှေ့ပြောင်းနေခြင်းဖြစ်သည်ဟုလည်း အသိပေးသည်။

ကုလသမဂ္ဂအေဂျင်စီများက ဘင်္ဂလားဒေ့ရှ်နှင့်ရိုဟင်ဂျာများအမည်ကိုသုံးပြီး ရန်ပုံငွေများထူထောင်၊ သုံးစွဲခဲ့ သော်လည်း မည်သို့အသုံးပြုကြောင်းမသိရဘဲ သုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိကြောင်း မေးခွန်းထုတ်စရာ ဖြစ်လာသည်ဟုလည်းပြောသည်။


ဘာရှန်ချားကျွန်းတွင် နေရာထိုင်ခင်းများအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမေရိကန်ဒေါ်လာသန်း ၃၅၀ ရင်းနှီး မြှုပ်နှံထားသည်။

ထိုကျွန်းသို့ ကော့က်စ်ဘဇားခရိုင်မှလူသူပြွတ်သိပ်နေသောစခန်းများတွင် နေထိုင်သည့် ရိုဟင်ဂျာ ၁၁ သိန်း အနက်မှ ၁ သိန်းကို ပြောင်းရွှေ့ရန်စီစဉ်ထားသည်။

စခန်းများတွင် မြေပြိုခြင်းနှင့်အခြားမလိုလားသောအန္တရာယ်များမဖြစ်စေရန် ပြောင်းရွှေ့ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရကပြောသည်။

Ref : UN should help Rohingyas in Bhasan Char as per mandate: FM

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */