" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 3, 2020

ရိုဟင်ဂျာတွေကို အငြင်းပွားဖွယ် ကျွန်းဆီ ဘင်္ဂလားဒေ့ရှ် စတင်ပို့ဆောင်

မဇ္စျိမသတင်း
ဒီဇင်ဘာ ၃ ၊ ၂၀၂၀
By AFP 

  Photo - AFP

ဆိုင်ကလုန်းမုန်တိုင်းနဲ့ ရေကြီးမှုတွေ ကြံရလွယ်တဲ့ ဘေးအန္တရာယ် မကင်းသော မြေနိမ့်ကျွန်းဖြစ်တာကြောင့် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ စိုးရိမ်ပူပန်မှု ရှိနေရာ ကျွန်းဆီ ရိုဟင်ဂျာ သုံးလေးရာထက်မနည်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စတင်ပို့ဆောင်နေပြီ ဖြစ်ပါတယ်။


၂၀၁၇ ခုနှစ်က အိမ်နီးချင်းမြန်မာနိုင်ငံမှ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ဂျာ တစ်သန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းက ညစ်ပတ်တဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေ ကြရတာပါ။

တော်တော်များများဟာ သူတို့တွေ ဘေးကင်းရေးနဲ့ အခွင့်အရေးတွေအတွက် အာမခံချက်မရှိဘဲ မပြန်ဖို့ ငြင်း ဆန်ထားကြတာလည်း ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက် မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ အစွန်း ရောက်တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေတာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဒီ စခန်းတွေကို အစောတလျင် ရှင်း လင်းနိုင်ဖို့ စိတ်စောနေတာလည်း ဖြစ်ပါတယ်။

ကော့ဘဇားအရပ်က ဒုက္ခသည်စခန်းတွေကနေ စစ်တကောင်းဆိပ်ကမ်းမြို့ဆီ ကြာသပတေးနေ့မှာ ဒုက္ခ သည်တွေကို တင်ဆောင်ပြီး ဘတ်စ်ကားအနည်းဆုံး ၁၀ စီး ထွက်ခွာသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

“ကျွန်းဆီကို ပို့ဖို့အတွက် လူ ၄၀၀ လောက်ကို ကားဆယ်စီးနဲ့ တင်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။”လို့ ဌာနေ ရဲဌာနအကြီးအကဲ အာမတ်ဆန်ဂျာမော်ရှိက အေအက်ဖ်ပီကို ပြောပါတယ်။

စစ်တကောင်းကနေတစ်ဆင့် ဒုက္ခသည်တွေကို စစ်တပ်ကုန်းတပ်ရေယာဉ်နဲ့ ဘာရှန်ချာကျွန်းဆီ သောကြာနေ့ မှာ ပို့ဆောင်မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ပထမသုတ်အနေနဲ့ မြေနိမ့် ဘာရှန်ချာကျွန်းဆီကို လူပေါင်း ၂၅၀၀ နီးပါး စေလွှတ်ပို့ဆောင်ဖို့ စီစဉ်ထားတယ် လို့ တာဝန်ရှိသူတွေက အေအက်ဖ်ပီကို အစောပိုင်းမှာ ပြောထားပါတယ်။

ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာ ဘတ်စ်ကား အစီး ၂၀၊ ၃၀ အသင့်ရပ်ထားကြောင်း အဲဒီမှာရောက်ရှိနေ တဲ့ အေအက်ဖ်ပီ သတင်းထောက်က ပြောပါတယ်။

ဘတ်စ်ကားတွေပေါ် လူတွေ ဘယ်လောက် တင်ဆောင်မယ်ဆိုတာ မသိရသလို ကျွန်းဆီ စေလွှတ်ပို့ဆောင်ဖို့ အတွက် ဒုက္ခသည်အချို့ကို ကိုယ်တိုင်ဆန္ဒကြသွားရောက်ကြောင်းကို အတင်းအကျပ် ဖိအားပေးခံရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲကြပါတယ်။

ဧက ၁၃၀၀ (စတုရန်း ကီလိုမီတာ ၅၂ ကီလိုမီတာ) ကျယ်ဝန်းတဲ့ ဘာရှန်ချာကျွန်းဟာ မကြာသေးတဲ့ ဆယ် စုနှစ်တွေအတွင်းမှာ ရေမျက်နှာပြင်ပေါ် ပေါ်ထွက်လာတဲ့ နုန်းဆန်တဲ့ လွင်တီးခေါင် ကျွန်းတစ်ကျွန်းပဲ ဖြစ်ပါ တယ်။

ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာ ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းအနည်းဆုံးအတွက် ကျွန်းပေါ်မှာ ခိုလှုံရေးစခန်းတွေ တည်ဆောက်ထားသလို ရေကြီးမှုဘေးကို ကာကွယ်ဖို့အတွက် ကိုးပေအမြင့် ရေကာတာတွေကိုလည်း တည် ဆောက်ထားပါတယ်။

ဒါပေမယ့် မကြာသေးတဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ လှိုင်းကြီးတာကြောင့် ကျွန်းမှာ ရေကြီးမှုဘေး ဖြစ်ခဲ့ပြီး ဒီအရပ်မှာ ပုံမှန်တိုက်ခတ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေကြောင့် လေးမီတာကနေ ငါးမီတာအမြင့် လှိုင်းကြီးနိုင် တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */