" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင်ဂျာဒုက္ခသည်. Show all posts
Showing posts with label ရိုဟင်ဂျာဒုက္ခသည်. Show all posts

Thursday, December 7, 2023

ရိုဟင်ဂျာဒုက္ခသည်တွေကို လက်မခံကြောင်း အင်ဒိုနီးရှား ဒေသခံတွေ ဆန္ဒပြ

RFA
RFA Burmese
2023.12.06
 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေသို့ စက်လှေဖြင့် ဆိုက်ကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကနေ စက်လှေတွေနဲ့ ပင်လယ်ဖြတ်ပြီး အင်ဒိုနီးရှားနိုင်ငံကို ရောက်လာတဲ့ ရိုဟင်ဂျာတွေကို လက်မခံနိုင်ကြောင်း ဒေသခံ အင်ဒိုနီးရှားနိုင်ငံသားတစ်ရာကျော်က ဒီ ဇင်ဘာလ ၆ ရက်နေ့မှာ ဆန္ဒပြခဲ့ပါတယ်။

Saturday, December 2, 2023

ရိုဟင်ဂျာဒုက္ခသည်၁၇ဝ လိုက်ပါတဲ့လှေတစ်စီး အာချေးပြည် နယ် ထပ်ရောက်

RFA
RFA Burmese
2023.12.02
 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီးရှိ ဆာဘန်းကျွန်းသို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ရောက်ရှိလာသည့် ရိုဟင်ဂျာ ဒုက္ခသည်အချို့ကို တွေ့ရစဉ်။CHAIDEER MAHYUDDIN / AFP 
 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီးမှာရှိတဲ့ ဆာဘန်းကျွန်းကို ဒီနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရိုဟင်ဂျာ ၁၇ဝ ခန့် လိုက်ပါလာတဲ့ လှေတစ်စီး ဆိုက်ရောက်လာတယ်လို့ ရိုက်တာသတင်းက ဖော် ပြ ပါတယ်။

Sunday, November 26, 2023

စစ်တွေမြို့ သဲချောင်းရွာက ရိုဟင်ဂျာဒုက္ခသည်တွေ အပါ အဝင် နှစ်ဆယ်ကျော် ဖမ်းဆီးခံရ

RFA
RFA Burmese
2023.11.26 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ Photo: RFA 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သဲချောင်းရွာ အုပ်ချုပ်ရေးမှူး၊ ဒေသခံရွာသားတချို့နဲ့ သဲချောင်းဒုက္ခ သည် စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင် နှစ်ဆယ်ကျော်ကို နိုဝင်ဘာလ ၂၅ ရက်မနေ့ည နေ ပိုင်းမှာ အင်အားသုံးဆယ်လောက်ပါတဲ့ စစ်ကောင်စီ တပ်သားတွေ ကားသုံးစီးနဲ့ရောက်လာပြီး ဖမ်း ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Saturday, November 18, 2023

လှေစီးပြေးရိုဟင်ဂျာ (၂၀၀)ကျော် အင်ဒိုနီးရှားကမ်းကပ်ခွင့် ဒေသခံတွေငြင်းဆန်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၈ နိုဝင်ဘာ၊ ၂၀၂၃ 

Ethnic Rohingya disembark from their boat upon landing in Ulee Madon, North Aceh, Indonesia, Nov. 16, 2023.

လှေစီးပြေး ရိုဟင်ဂျာ (၂၀၀)ကျော် အင်ဒိုနီးရှား ကမ်းကပ်ခွင့် ဒေသခံတွေငြင်းဆန်

အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ အယောက် ၂၄၀ လောက် ပါတဲ့ သင်္ဘေော တစီး ဟာ အင်ဒိုနီးရှား မြေပေါ်မှာ ကမ်းကပ်ခွင့်ရဖို့ ၂ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ကြပေမယ့် ဒေသခံတွေက လက်မခံ ငြင်းဆန်ခဲ့တာကြောင့် သူတို့ စီးလာခဲ့ လှေဟာ ခုတော့ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာပဲ မျော နေရတယ်လို့ ဒေသအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AP သတင်းမှာ သောကြာ နေ့ကရေး ပါတယ်။ 

Friday, October 20, 2023

အကူအညီတွေ ပိုမိုရရှိဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေတောင်းဆို

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.10.19

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာတောင်းခံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။ REUTERS

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က အမေရိကန် အစိုးရရဲ့ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter ဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်း အများစုရှိနေတဲ့ ကော့ဘဇားမြို့ကို သွားရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အေဂျင်စီတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်အချို့နဲ့ တွေ့ဆုံခဲ့ချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အစားအသောက် အကူအညီတွေ တိုးပေးဖို့ တောင်း ဆိုခဲ့ကြတယ်လို့ RFA ရဲ့ ညီနောင် သတင်းဌာန Benar News က သတင်းဖော်ပြပါတယ်။

Wednesday, October 18, 2023

တရားမဝင် ပြန်ဝင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် အခြေအနေ

VOA
စံကျော်
၁၈ အောက်တိုဘာ၊ ၂၀၂၃ 

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် (ယခင်ပုံဟောင်း)

ဘင်္ဂလားဒေရှ့်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ တရားမဝင် ပြန်ဝင်လာတဲ့ မွတ်ဆလင်တွေကို ရခိုင်ပြည် နယ်မြောက်ပိုင်းက ဘူးသီးတောင် မောင်တောဘက်တွေမှာ မြန်မာအာဏာပိုင်တွေကမကြာခဏဆိုသ လို ဖမ်းဆီးတာတွေရှိနေတာပါ။ စစ်ကောင်စီက ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဆောင်ရွက်နေပေမဲ့ ဘာကြောင့် အခုလို ပြန်ဝင်လာနေကြတာပါလဲ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

Saturday, October 14, 2023

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နှောင့်ယှက်မှုတွေရှိ လို့ စစ်ကောင်စီပြော

VOA
စုမြတ်မွန်
၁၃ အောက်တိုဘာ၊ ၂၀၂၃ 

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေ ဆန္ဒထုတ်ဖော် (သြဂုတ် ၂၅၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံနိုင်ရေး ဒုက္ခသည်များဆိုင်ရာ ကုလ သမဂ္ဂ မဟာမင်းကြီးရုံး UNHCR နဲ့ စီစဉ်ဆောင်ရွက်နေချိန်မှာ မလိုလားအပ်တဲ့ အဖွဲ့အစည်းတွေရဲ့ နှောက်ယှက်မှုကြောင့် ကြန့်ကြာနေရတယ်လို့ မြန်မာစစ်ကောင်စီဘက်က ပြောပါတယ်ဒုက္ခသည်တွေ ဘက်ကတော့ သူတို့ကိုတောင်းဆိုမှုတွေကို အလေးထားမှသာ ပြန်လာချင်တယ်လို့ ပြောပါတယ်။ မအောင်မမြင်ဖြစ်နေရတဲ့ ပြန်လည်လက်ခံရေးကိစ္စနဲ့ပတ်သတ်လို့ ရန်ကုန်ကလာတဲ့သတင်းကိုမစု မြတ်မွန်က တင်ပြပါမယ်။

Sunday, October 8, 2023

ရိုဟင်ဂျာတွေကို ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ပို့ဖို့ ဂျပန်တောင်း ဆို

RFA
RFA Burmese
2023.10.08 

ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Masahiro Komura နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာတို့ အောက်တိုဘာ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ် UNB Photo

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဂျပန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Masahiro Komura က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ အောက်တိုဘာ ၈ ရက်နေ့က တွေ့ဆုံရာမှာ တောင်းဆို လိုက်တာပါ။

Thursday, October 5, 2023

ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း သတ်ဖြတ်မှု ၂ ဦး သေဆုံး

ဧရာဝတီ
5 October 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခု / REUTERS
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ အူခီးယားမြို့ ရိုဟင်ဂျာဒုက္ခသည်စခန်း၌ ယမန်နေ့ မနက်ပိုင်း က ပစ်ခတ်မှု ဖြစ် ပွားရာ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) အဖွဲ့ဝင် ၁ ဦး သေဆုံးပြီး၊ စခန်းနေ ရိုဟင်ဂျာ လူငယ် ၁ ဦးလည်း ဓားခုတ် သတ်ဖြတ်ခံရကြောင်း သတင်း ရရှိသည်။

Sunday, September 24, 2023

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်က ဒေါ်လာ ၁၁၆ သန်း ကူညီမည်

RFA
RFA Burmese
2023.09.22

၂ဝ၂၃ ခုနှစ် မတ်လ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် ကူညီထောက်ပံ့ရေး ပစ္စည်းများအား သယ်ယူလာသည့် ရိုဟင်ဂျာတချို့အားတွေ့ရစဉ်။AFP

မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်‌တွေအတွက် အမေရိကန်အစိုးရက လူသားချင်းစာနာမှုအကူအညီအနေနဲ့ အမေရိကန် ဒေါ်လာ ၁၁၆ သန်းထောက် ပံ့သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က စက်တင်ဘာ ၂၁ ရက်ထုတ် ပြန် ချက်မှာ ပြောလိုက်ပါတယ်။

Thursday, September 21, 2023

ရိုဟင်ဂျာဒုက္ခသည် ၁၁ ဦး သွေးလွန်တုပ်ကွေးနဲ့ သေဆုံး

RFA
RFA Burmese
2023.09.20

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၁၁ ဦး သွေးလွန်တုပ်ကွေးရောဂါပိုး ကူးစက်ခံရပြီး သေဆုံးခဲ့တယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ပါတယ်။

Monday, September 11, 2023

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အမေရိ ကန် စဉ်းစားဆောင်ရွက်ပေးမယ့်အခြေအနေ

VOA
၁၁ စက်တင်ဘာ၊ ၂၀၂၃
ဆုမွန်

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည် နေရာချထားရေး UNHCR တင်သွင်းလာတဲ့ အမည်စာရင်းကို အမေရိကန်ပြည်ထောင်စုက ထည့်သွင်း စဉ်းစားဆောင်ရွက်ပေးမယ့်အခြေအနေအပေါ် ရိုဟင်ဂျာ တွေရဲ့ သဘောထား ရိုဟင်ဂျာဒုက္ခသည်ကိုအောင်မြိုင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

Link : Here

Wednesday, September 6, 2023

ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်ပြန့်ပို့ရေး မြန်မာ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် သွားဖွယ်ရှိ

VOM
ဒေလီ၊ စက်တင်ဘာ-၆-၂၀၂၃
မျိုးဆက်(VOM)
 

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင် ရေးနဲ့ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက် ဖွယ်ရှိနေပါတယ်။

ဆိုင်းငံ့ထားတဲ့ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေး ရှေ့ပြေးအစီအစဉ်ကို စတင်အကောင်အထည်ဖော်ဖို့ တရုတ်ကကြားဝင်စေ့စပ်ပေးမယ့် ဆွေးနွေးပွဲတွေတက်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ် အဖွဲ့ ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။

Monday, August 28, 2023

ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး ဆက်လက်ပံ့ပိုးမယ်လို့ ကုလ ပြော

AYEYARWADDY TIMES
August 27, 2023 

ရိုဟင်ဂျာဒုက္ခသည်တွေ စေတနာ့အလျောက် ဘေးအန္တရာယ်ကင်းကင်း ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင် ရေး အခြေအနေတွေ ဖန်တီးပေးဖို့ ဆက်လက်ကြိုးပမ်းမယ်လို့ ကုလသမဂ္ဂကပြောကြားလိုက်ပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတစ်သန်း အပါအဝင် ပြည်တွင်း၊ပြည်ပမှာ ရိုဟင်ဂျာပြည်သူတွေ စစ် ဘေးရှောင်နေရဆဲဖြစ်ပါတယ်” လို့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှ ထွက်ပြေးရတာ၆နှစ်ပြည့်နှစ်ပတ် လည်နေ့ အ ခမ်းအနား ထုတ်ပြန်ချက်တစ်ခုမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြော ရေး ဆိုခွင့်ရှိသူ ဖလော်ရင် စီယာဆိုတိုနီနိုက ပြောပါတယ်။

Wednesday, August 23, 2023

ရိုဟင်ဂျာဒုက္ခသည်တွေ အကျဉ်းထောင်တွင်း ဖိနှိပ်ညှဉ်းပန်း ခံ နေရ

RFA
RFA Burmese
2023.08.23
 

Photo: RFA

စစ်တပ်က အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်အတွင်း ရိုဟင်ဂျာလူမျိုး ငါးထောင်ကျော်ဖမ်းဆီးခံထား ရပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချခံထားရသလို လူမျိုးတုံး ခွဲခြားဖိနှိပ်ညှဉ်းပန်းတာတွေ ခံနေရတယ်လို့ ရိုဟင်ဂျာ အရေးတက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ကျော်မိုး က လက်ရှိအချိန်အထိ ဖမ်းဆီးခံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည် ငါးထောင်ကျော်ရှိနေပြီး ဒီဒုက္ခသည် တွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံရေးနဲ့ ဘဏ္ဍာရေးအရ ကူညီ ကြဖို့ ကုလတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၃ ဩဂုတ်၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးပြောရေး ဆိုခွင့်ရှိသူ Shabia Mantoo (ဇန်နဝါရီ ၁၊ ၂၀၂၃)

၂၀၁၇ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့စစ်ဆင်ရေးတွေကြောင့် မြန်မာနိုင်ငံကနေ ဘင်္ဂ လား ဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာဒုက္ခသည်တွေထွက်ပြေးခဲ့ကြတာ ဒီတပတ်က (၆) နှစ်ပြည့်ရက် သီ တင်းပတ်ဖြစ်ပြီး ရေရှည်အဖြေအတွက် နိုင်ငံရေးအရရော ဘဏ္ဍာရေးအရပါ ပံ့ပိုးပေးကြဖို့ ကုလသ မဂ္ဂက နိုင်ငံတကာကို အင်္ဂါနေ့ကတိုက်တွန်းလိုက်ပါတယ်။ လက်ရှိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီက လိုအပ်ချက်ရဲ့ ၂၈.၉ ရာခိုင်နှုန်းသာရရှိသေးတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးပြောရေး ဆိုခွင့်ရှိသူ Shabia Mantoo (ရှာဘီယာ မန်တူး) က ဆိုပါတယ်။

Monday, August 14, 2023

ကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်း သွားရောက်ကြည့်ရှု

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၄ ဩဂုတ်၊ ၂၀၂၃ 

 ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို အမေရိကန် လွှတ်တော်ကိုယ် စားလှယ်အဖွဲ့ ဒီနေ့ပဲ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေ အနေတွေနဲ့ စိန်ခေါ်မှုတွေကို သိနိုင်ဖို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာတော့ ရီပတ်ဘလစ်ကန်အောက် လွှတ်တော်အမတ် Richard McCormick နဲ့ အာဏာရ ဒီမိုကရက်ပါတီအမတ် Ed Case တို့ အပါ အ ဝင် အဖွဲ့ဝင် ၁၁ ဦး လိုက်ပါသွားခဲ့ကြတာပါ။

Thursday, August 10, 2023

မြေပြိုမှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ငါးရာကျော် နေရာရွှေ့ ပြောင်း

RFA
RFA Burmese
2023.08.09

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရေကြီးပြီး မြေပြိုတာကြောင့် ပျက်စီးသွားသည့်နေအိမ်တွေမှ သက်ကြီးရွယ်အိုတွေအား ကယ်ဆယ်ရေးအဖွဲ့တွေမှ ရွှေ့ပြောင်းပေးနေစဉ်။
Rohingya Volunteers

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရေကြီးပြီး မြေပြိုလို့ နေအိမ် တွေပျက်စီးတဲ့အတွက် နေအိမ် ရှစ်ဆယ်ကျော်က ဒုက္ခသည် ငါးရာကျော်ကို ဩဂုတ်လ ၉ ရက်နေ့က ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။

Friday, August 4, 2023

ရိုဟင်ဂျာဒုက္ခသည် ၇၀ ကျော် လပွတ္တာမှာ ဖမ်းဆီးခံရ

RFA
RFA Burmese
2023.08.0
4

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ကိုင်းသောင်ကျေးရွာနှင့် လေးမိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာဒုက္ခသည် ၇၂ ဦးအား တွေ့ရစဉ်။kyaw Swar / Telegram

 ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည် ၇၂ ယောက် လိုက်ပါလာတဲ့ စက်လှေတစ်စီးကို ဧရာ ဝတီတိုင်း လပွတ္တာမြို့နယ်မှာ ဩဂုတ်လ ၄ ရက်နေ့က ဖမ်းမိတယ်လို့ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

Monday, July 31, 2023

အကူအညီ ထပ်လျှော့ချတဲ့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေ အခက်အခဲကြီးစွာ ကြုံရ

RFA
ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.07.30 

၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာတချို့အားတွေ့ရစဉ်။ AFP
 

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပေးနေတဲ့ စားနပ်ရိက္ခာတွေထဲက ရန်ပုံငွေ မလုံလောက်တာ ကြောင့် ဒုတိယအကြိမ် ထပ်ပြီး လျှော့ချဖြတ်တောက် ထားရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့် ရ Stéphane Dujarric က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ပြောဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက ဒုက္ခ သည်တွေအတွက် အခုနှစ်ကုန်အထိ စားနပ်ရိက္ခာ အကူအညီပေးနိုင်ဖို့ အခက်အခဲ တွေ့နေပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */