" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 8, 2023

ရိုဟင်ဂျာတွေကို ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ပို့ဖို့ ဂျပန်တောင်း ဆို

RFA
RFA Burmese
2023.10.08 

ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Masahiro Komura နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာတို့ အောက်တိုဘာ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ် UNB Photo

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဂျပန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Masahiro Komura က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ အောက်တိုဘာ ၈ ရက်နေ့က တွေ့ဆုံရာမှာ တောင်းဆို လိုက်တာပါ။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကြောင့် ကော့ဘဇားဒေသခံတွေ အခက်အခဲ တွေ ကြုံနေရတာကိုလည်း ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးလိုတယ်လို့ ပြောခဲ့ကြောင်းလည်း ဘင်္ဂ လားဒေ့ရှ် ဝန်ကြီးချုပ်ရဲ့ သတင်းပြန်ကြားရေးအတွင်းရေးမှူးက သတင်းမီဒီယာတွေကို ပြောပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာနဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဂုဏ်သိက္ခာ ရှိစွာ နေရပ်ပြန်နိုင်ရေး တာရှည်ခံတဲ့ အဖြေတစ်ခုရဖို့ ကြိုးစားနေတာကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က လည်းကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် New Age သတင်းဌာ န က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် ကူညီပြီး ဒေသတွင်း လုံခြုံ ရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်ပေးဖို့ နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စက်တင်ဘာ ၂၂ ရက်နေ့က တောင်းဆိုထားတာပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ စာရင်းအရ ၂ဝ၂၃ မတ်လအထိ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတာဖြစ်ပါတယ်။

Link  : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */