" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, September 24, 2023

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်က ဒေါ်လာ ၁၁၆ သန်း ကူညီမည်

RFA
RFA Burmese
2023.09.22

၂ဝ၂၃ ခုနှစ် မတ်လ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် ကူညီထောက်ပံ့ရေး ပစ္စည်းများအား သယ်ယူလာသည့် ရိုဟင်ဂျာတချို့အားတွေ့ရစဉ်။AFP

မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်‌တွေအတွက် အမေရိကန်အစိုးရက လူသားချင်းစာနာမှုအကူအညီအနေနဲ့ အမေရိကန် ဒေါ်လာ ၁၁၆ သန်းထောက် ပံ့သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က စက်တင်ဘာ ၂၁ ရက်ထုတ် ပြန် ချက်မှာ ပြောလိုက်ပါတယ်။


၂ဝ၁၇ ခုနှစ် ဩဂုတ်လကတည်းက လူမျိုးတုံးသတ်ဖြတ်မှုကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ခုနစ်သိန်း လေးသောင်းကျော်အတွက် ကူညီလာတာ အခုဆိုရင် အမေရိကန်က ဒေါ်လာ ၂.၂ ဘီလီယံကျော် ရှိ သွားပြီလို့လည်း ဆိုပါတယ်။

အခုထပ်ပြီး ပေးအပ်မယ့် လူသားချင်းစာနာမှု အကူအညီတွေဟာ မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ် မှုကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာ တစ်သန်းကျော် နဲ့ သူတို့ကိုလက်ခံထားတဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက လူ ငါးသောင်း လေးထောင် အတွက် အစားအစာ၊ သောက်သုံးရေ၊ ပညာရေး၊ ကျန်းမာ ရေး နဲ့ စိတ်ပိုင်းဆိုင်ရာအကူအညီတွေ ပေးသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံဟာ ရိုဟင်ဂျာတွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေနဲ့ အစိုးရရဲ့ ရက်ရော မှု ကို အသိအမှတ်ပြုပြီး၊ ဘင်္ဂလားဒေ့ရှ် နဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဒေသတွင်းက အခြားနိုင်ငံတွေကို ထိရောက်တဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ အလှူရှင်တွေကို တိုက် တွန်းနေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုနှစ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အကူအညီတွေ လျှော့ချဖြတ်တောက်ခံထားရပါတယ်။ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် WFP က ရန်ပုံငွေမလုံလောက်တဲ့အတွက်ကြောင့်ဆိုပြီး ရိုဟင်ဂျာဒုက္ခသည် တစ်ယောက်ကို တစ်လ ၁၂ ဒေါ်လာနှုန်းကနေ ၈ ဒေါ်လာအထိ လျှော့ချဖြတ်တောက်ထားပါတယ်။ ဒါ ဟာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာရှိနေတဲ့ လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်တွေရဲ့ ၃၈.၉ ရာခိုင်နှုန်းကိုပဲ ဖြည့်ဆည်း ပေးနိုင်သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ ဗြိတိန် အ စိုးရကလည်း ရိုဟင်ဂျာတွေကို ပေးနေတဲ့အကူအညီတွေ တစ်နှစ်ထက်တစ်နှစ် လျှော့ချနေပါတယ်။ အခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေနဲ့ သူတို့ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်အသိုက် အဝန်းက အကူအညီလိုအပ်နေသူ စုစုပေါင်း ၁.၅ သန်းလောက်ရှိပြီး သူတို့ကို ကူညီဖို့ အမေရိကန် ဒေါ် လာ ၈၇၆ သန်းအထိ လိုအပ်နေတာဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */