" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 18, 2023

တရားမဝင် ပြန်ဝင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် အခြေအနေ

VOA
စံကျော်
၁၈ အောက်တိုဘာ၊ ၂၀၂၃ 

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် (ယခင်ပုံဟောင်း)

ဘင်္ဂလားဒေရှ့်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ တရားမဝင် ပြန်ဝင်လာတဲ့ မွတ်ဆလင်တွေကို ရခိုင်ပြည် နယ်မြောက်ပိုင်းက ဘူးသီးတောင် မောင်တောဘက်တွေမှာ မြန်မာအာဏာပိုင်တွေကမကြာခဏဆိုသ လို ဖမ်းဆီးတာတွေရှိနေတာပါ။ စစ်ကောင်စီက ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဆောင်ရွက်နေပေမဲ့ ဘာကြောင့် အခုလို ပြန်ဝင်လာနေကြတာပါလဲ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံရောက် မွတ်ဆလင်ဒုက္ခသည်တွေကို စစ်ကောင်စီက နေရပ်ပြန်ခေါ်ဖို့ စီစဉ်ဆောင် ရွက် နေချိန်မှာပဲ ဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ်ကို တရားမဝင်လမ်းကြောင်း ကနေဝင်ရောက် လာတဲ့ မွတ်ဆလင်တွေကို မြန်မာအာဏာပိုင်တွေက မကြာခဏဆိုသလို ဖမ်းဆီးရမိတာတွေရှိပါတယ်။

မွတ်ဆလင်တွေ တရားဝင်လမ်းကြောင်းကနေ မသွားပဲ ခိုးဝင်ကြတာနဲ့ ပတ်သတ်ပြီး ဘင်္ဂလား ဒေရှ့် ဒုက္ခ သည်စခန်းက မွတ်ဆလင် ဒုက္ခသည်အရေးလှုပ်ရှားသူတဦးကအခုလိုပြောပါတယ်။

“ တရားဝင် လမ်းကြောင်းက မပြန်ကြတာက တကယ်လို့တရားဝင် လမ်းကြောင်းကနေ ပြန် သွားလို့ ရှိ ရင် ဒီမှာ ARSA တွေက တရားဝင် သွားတဲ့ သူတွေကို ရိုက်တယ် သတ်တယ်၊ ကျနော့်ကို ကိုယ်တိုင်ပြော တယ် ရခိုင်ကို ပြန်မယ့်သူ စာရင်းလုပ်ပေးလိုက်တာ ဘယ်သူတွေလဲ အဲဒီမှာ ခင်ဗျားတို့ ရိုဟင်ဂျာ ဘယ် နှစ်ယောက်ပါလဲ၊ အဲဒီစာရင်းကို ကျနော့်ကိုပေး၊အဲတာ ကြောင့် သူတို့က ဘင်္ဂလားအစိုးရကို စာရင်း မ သွင်းပဲနဲ့ ခိုးသွားကြတာဖြစ်တယ်”

တချို့ဒုက္ခသည်တွေဟာလည်း ရခိုင်ပြည်နယ်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေဆီကို သွားလည် ရင်းနဲ့ အ ဖမ်းခံရတာရှိသလို ပွဲစားတွေရဲ့ လိမ်လည်မှုတွေကြောင့် ဖမ်းဆီးခံရ တာတွေလည်း ရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။

“ တချို့လူတွေကျတော့ ဟိုမှာ မိသားစုတွေ ကျန်ခဲ့တယ်၊ ဆိုတော့ ဒီဖက်ကနေ ကျန်ခဲ့တဲ့ မိသားစုတွေ ဆီကို လည်ဖို့သွားတယ် အဲဒီမှာ ဖမ်းမိတာက တမျိုး၊ နောက်တခု က ကျတော့ စစ်တပ်ရဲ့ ပွဲစားတွေက ဒီမှာ ကောင်းကောင်းနေလို့ရတယ်၊ နိုင်ငံသားကဒ်တွေ အကုန် ပိုက်ဆံနဲ့ လုပ်ပေးလို့ရတယ်၊ ခင်များတို့ အဆင်ပြေမယ်၊ ဒီကိုလာခဲ့ဆိုပြီးတော့ သူတို့က ခေါ်သွားတယ်၊ သွားတဲ့သူတွေက BGBတွေ လက်ထဲ ရောက်သွားတယ် ဖမ်းတယ်ထောင် ချတယ်”

အခုလိုခိုးဝင်လာသူတွေထဲမှာ ဒုက္ခသည်တွေလည်းပါဝင်သလို အများအားဖြင့် မူးယစ်ဂိုဏ်းတွေARSA အကြမ်းဖက်အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ကော့ဘဇားဒုက္ခသည်စခန်း မှာနေ ထိုင်တဲ့ မွတ်ဆလင် ဒုက္ခသည်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ သူတို့က မြန်မာဘက်ကို သွားတယ် မူးယစ်ဆေးဝါးတွေ WY တွေ သယ်တယ်ဘင်္ဂလားဒေရှ့်ဒုက္ခသည် စခန်းမှာဖြန့်တယ်၊ စခန်းတာဝန်ခံတွေ ဘာသာရေး ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကို သတ်ပစ်တာတွေလည်း တော်တော်များများရှိတယ်၊ မြန်မာကို သွားက လူကောင်းတွေ မဟုတ်ဘူး၊ အကြမ်းဖက်သမားတို့ မူးယစ်ဂိုဏ်းတွေပဲ သွားတာ မြန်မာမှာ အဖမ်းခံရတာတွေလည်း အဲဒါအကုန် မူး ယစ်ဂိုဏ်းတွေ အကြမ်းဖက်သမားတွေပဲ။”

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ရှိနေတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလား ဒေရှ့် အစိုးရနဲ့ စစ်ကောင်စီပူးပေါင်း လုပ်ဆောင်နေကြပေမယ့် အခုအချိန်ထိ မွတ်ဆလင်ဒုက္ခ သည် တွေ နေရပ်ပြန်လာတာ မတွေ့ရသေးတာ လည်းဖြစ်ပါတယ်။

စစ်ကောင်စီဖက်တော့ ဒုက္ခသည်တွေနေရပ်ပြန်လာရင် နေဖို့ ယာယီစခန်းတွေ ဆောက်လုပ်ပြီးတော့ အဆင်သင့်ပြင်ဆင်ထား ကြောင်း ပြီးခဲ့တဲ့လထဲမှာပဲ ရန်ကုန်က သံတမန်တွေကို ဖိတ်ကြားပြီး စစ် တွေ နဲ့ မောင်တောက ဒုက္ခသည် ပြန်လည်လက်ခံရေး စခန်းတွေကို ပြသခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန် ထိ တော့ ဒုက္ခသည်တွေ ဘယ်တော့ ပြန်ခေါ်မယ် ဘယ်လိုပုံစံနဲ့ ပြန်ခေါ်မယ်ဆိုတာမျိုးတော့ တိတိကျ ကျ ဖော်ပြပြောဆိုထားတာမျိုးတွေ မတွေ့ရသေးပါဘူး။

လက်ရှိ ဘင်္ဂလားဒေရှ့်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ မွတ်ဆလင်ဒုက္ခသည်တွေဟာစား ဝတ်နေ ရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရသလို ARSA အကြမ်းဖက် အဖွဲ့တွေရဲ့ သတ်ဖြတ်မှုတွေ ဓား ပြမှုတွေ ပြန်ပေးဆွဲတာတွေနဲ့ပါရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */