" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, October 5, 2023

ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း သတ်ဖြတ်မှု ၂ ဦး သေဆုံး

ဧရာဝတီ
5 October 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခု / REUTERS
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ အူခီးယားမြို့ ရိုဟင်ဂျာဒုက္ခသည်စခန်း၌ ယမန်နေ့ မနက်ပိုင်း က ပစ်ခတ်မှု ဖြစ် ပွားရာ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) အဖွဲ့ဝင် ၁ ဦး သေဆုံးပြီး၊ စခန်းနေ ရိုဟင်ဂျာ လူငယ် ၁ ဦးလည်း ဓားခုတ် သတ်ဖြတ်ခံရကြောင်း သတင်း ရရှိသည်။

အူခီးယားမြို့နယ်အတွင်းရှိ ဘာလုခါလိန်စခန်းတွင် အောက်တိုဘာ ၄ ရက် နံနက် ၃ နာရီဝန်းကျင်က လက်နက်ကိုင် အဖွဲ့အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ARSA အဖွဲ့ဝင် အသက် ၃၅ နှစ်အ ရွယ် အိစု (ခ) ရှာမိုင်ယာ ယူဆွတ် မှာ သေနတ်ဒဏ်ရာအပြင် ဓားဒဏ်ရာများရရှိခဲ့ကာ သေဆုံး သွား ခဲ့ကြောင်း သိရသည်။

ထိုသို့ အခင်းဖြစ်ပွားပြီးနောက် မကြာမီ ယင်းစခန်းအနီးဝန်းကျင်ရှိ ဂျာတူလိန်ဒုက္ခသည်စခန်းမှ အ သက် ၁၅ နှစ်အရွယ် အာရာဖက်ဟူဆိန်ဆိုသည့် ရိုဟင်ဂျာလူငယ် ၁ ဦးမှာလည်း အကြမ်းဖက်လက် နက်ကိုင်အဖွဲ့တဖွဲ့၏ သတ်ဖြတ်ခြင်း ခံလိုက်ရကြောင်း ဘာလုခါလိန် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ တဦးက ပြောသည်။

၎င်းက “ဒုက္ခသည်စခန်းမှာ အရမ်း ရှုပ်ထွေးနေတယ်။ လက်နက်ကိုင်အဖွဲ့တွေက အုပ်စုကွဲပြီးတော့ ဂိုဏ်းတွေ အများ ကြီးပဲ။ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေသွားတဲ့ အိစုကိုတော့ ARSA အဖွဲ့က ဆိုတာ အတည်ပြုလို့ရပေမယ့် အခုအချိန် မှာ ARSA အဖွဲ့မှာလည်း ဂိုဏ်းကွဲပြီး ရန်သူတွေက အများကြီး ဆို တော့ ဘယ်အဖွဲ့ လုပ်သွားတယ်ဆိုတာ အတိအကျ မပြောနိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသူ အိစု (ခ) ရှာမိုင်ယာယူဆွတ်သည် ဘင်္ဂလားဒေ့ရှ်၊ ဒုက္ခသည်စခန်းများတွင် ခိုအောင်း နေ သည့် ARSA အဖွဲ့ ဝင်များအနက် ခေါင်းဆောင်အဆင့်ရှိသူတဦးဖြစ်ကာ ၎င်းသည် လူသတ်မှုပေါင်း ဒါဇင်နှင့်ချီ ကျုးလွန်ထားသူ ဖြစ်ကြောင်းနှင့် ဒုက္ခသည်စခန်းတွင် ဗိုလ်ကျ စိုးမိုးခြယ်လှယ်နေသူ တဦး ဖြစ်ကြောင်း ရိုဟင်ဂျာ အသိုင်းအဝိုင်းက ဆိုသည်။

ဂျာတူလိန် ဒုက္ခသည်စခန်းမှ သေဆုံးသွားသည့် ရိုဟင်ဂျာလူငယ် အာရာဖက်ဟူဆိန် သေဆုံးသည့်ဖြစ် စဉ်မှာလည်း မည်သည့်အဖွဲ့က သတ်ဖြတ်သည်ကို လက်ရှိအချိန်တွင် တိတိကျကျ အတည်မပြုနိုင် သော်လည်း ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့အား သတင်းပေးသည်ဆိုသည့် စွပ်စွဲ ချက်ဖြင့် ARSA အဖွဲ့ဝင်များ ၎င်းတို့ အဖွဲ့ဝင် သတ်ဖြတ်ခံရမှုအပေါ် လက်တုံ့ပြန်သတ်ဖြတ်သွားခြင်း ဖြစ်သည်ဟု ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် သတင်း ထွက်ပေါ် နေသည်။

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ လူငယ်တဦးက “အချင်းချင်း အုပ်စုအားပြိုင်မှုကနေ ဖြစ် ကြတာ။ ARSA နဲ့ RSO ကြားမှာလည်း အုပ်စုချင်း အားပြိုင်ပြီးတော့ သတ်ဖြတ်ကြတာရှိသလိုARSA အဖွဲ့မှာလည်း အုပ်စုကွဲပြီးတော့ အချင်းချင်း လိုက်သတ်နေကြတာ။ လူသတ်ဖြတ်မှု ဖြစ်စဉ်တိုင်းက ARSA အဖွဲ့နဲ့ မကင်းဘူး။ အဓိက သူတို့ သတ်နေ တာပဲ။ ဒီကြားထဲ လူငယ်တွေကို နှစ်ဖက်လုံးက ငွေ ပေးပြီး သတင်းပေး လုပ်ခိုင်းတယ်။ ပြီးရင် သတင်းပေးဆိုပြီး လူငယ်တွေပါ အသတ်ခံလိုက်ရပြန် တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သော စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းကလည်း ဘာလုခါလီဒုက္ခသည်စခန်း အမှတ် B -H / 56 တွင် နေထိုင် သည့် စခန်းတာဝန်ခံ အသက် ၄၀ အရွယ် မိုဟာမတ်အာယုတ်မှာအကြမ်းဖက် လက် နက် ကိုင်အဖွဲ့၏ လာရောက် သတ်ဖြတ်မှုကြောင့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

အသတ်ခံရသူ ဘာလုခါလီစခန်းတာဝန်ခံ မိုဟာမတ်အာယုတ်သည် ARSA အဖွဲ့၏ လုပ်ရပ်များကို လက်မခံနိုင်သည့် အတွက် စခန်းအတွင်း၌ ဝေဖန်ပြောဆိုခဲ့ရာ ARSA အဖွဲ့၏ ခြိမ်းခြောက်မှုခံ ထားရ သူတဦးလည်း ဖြစ်ကာ သတ်ဖြတ် သွားသူများမှာ ယင်းအဖွဲ့လက်ချက်သာဖြစ်ကြောင်း မွတ်စလင်အ သိုင်းအဝိုင်းက ဆိုသည်။

ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်အတွင်း ဒုက္ခသည်များအဖြစ် ကာလအတိုင်းအတာ တခု ထိ ကြာမြင့်လာပြီ ဖြစ်သည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ စားသောက်နေထိုင်ရေးလူမှုဘဝအခက် အခဲဘက်ပေါင်းစုံမှ အကျပ်ရိုက် လာကာ လူငယ်များသည် လက်နက်အဖွဲ့အစည်းများ၏ သိမ်းသွင်းမှု ကို ခံရခြင်း၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများသို့ ပင်လယ်ခရီးဖြင့် အသက်စွန့် သွားလာမှုများလည်း မြင့်တက်လာသည်။

ထိုသို့သော အခြေအနေကြောင့် လူမှောင်ခိုဂိုဏ်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု လုပ် ငန်းများမှာ တဖြည်းဖြည်း တွင်ကျယ်ကာ အမြစ်တွယ်လာသည်နှင့်အတူ ပြန်ပေးဆွဲမှုများ၊မူးယစ်ဂိုဏ်း အချင်းချင်း သတ်ဖြတ် မှုများ၊ အမျိုးသမီးငယ်များ လိင်ပိုင်းဆိုင်ရာထိပါးမှုများ ပိုမိုဖြစ်ပွားလာသည့် အ ခြေအနေသို့ ရောက်ရှိလာကြောင်း ရိုဟင်ဂျာဒုက္ခသည်များက ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်မှု၊ သတ်ဖြတ်မှုဖြစ်စဉ် များ တနေ့ထက် တနေ့ တိုးလာနေပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်း လူ့အခွင့်ရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့ ( Human Rights Watch) က ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန် သည်။

ထိုသို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် လက်နက်ကိုင်အဖွဲ့များနှင့် ရာဇဝတ်ဂိုဏ်းတို့၏ လက်ချက် ကြောင့် အကြမ်း ဖက်မှုဖြစ်စဉ်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေမှုအပေါ် ဘင်္ဂလားဒေ့ရှ်အာဏာ ပိုင် များနှင့် ရဲတပ်ဖွဲ့တို့က မှုခင်းဆိုင်ရာ ကြိုတင်တားဆီးမှုနှင့် လုံလောက်သော ကာကွယ်ပေးမှုတို့မှာ ပျက် ကွက်လျက်ရှိကြောင်းလည်း HRW က ရေးသား ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ၏ စာရင်းများအရ ၂၀၂၂ ခုနှစ်တွင် ဒုက္ခစည်စခန်းများ၌ လက်နက် ကိုင် ဂိုဏ်းများ၏ လက်ချက်ကြောင့် ရိုဟင်ဂျာ ၄၀ ဦးအထက် သတ်ဖြတ်ခံရပြီး၂၀၂၃ ခုနှစ် ပထမ နှစ်ဝက် တွင်ပင် အနည်းဆုံး ရိုဟင်ဂျာ ဒုက္ခသည် ၄၈ ဦးအထိ သတ်ဖြတ်ခံထားရကြောင်းလည်း HRW က ဆိုသည်။

HRW သည်၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများ အပေါ်ကျုး လွန်သော အကြမ်းဖက်မှု၂၆ မှုကို မှတ်တမ်းတင်နိုင်ပြီး အကြမ်းဖက်မှုဖြစ်စဉ်များမှာ လူသတ်မှုပြန်ပေး ဆွဲမှု ၊ ညှဉ်းပန်းနှိပ်စက်မှု ၊ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်း ဆိုင်ရာစော်ကားမှု၊ အတင်း အဓမ္မလက် ထပ်ထိမ်း မြားမှုတို့ ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်များ ပြောပြချက်အရ ရာဇဝတ်မှု ကျုးလွန်သူများမှာ ARSA၊ RSO၊ မွန်နာဂိုဏ်း၊ အစ္စလာမီ မဟာ့ဇ်နှင့် တခြားသော ရာဇဝတ်ဂိုဏ်းများ ဖြစ်ကြောင်းထုတ်ဖော်ပြောပြထား ကြောင်း HRW ထုတ်ပြန် ချက်တွင် ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်နေသည့် ARSA အဖွဲ့အား သုတ်သင် ရှင်းလင်းရန်အတွက် လိုက်လံရှာဖွေဖမ်းဆီးမှုများပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၂ ရက်က ARSA အဖွဲ့ခေါင်းဆောင် အာတာအုလ္လာ၏ ညာလက်ရုံးလည်းဖြစ်၊ ဘဏ္ဍာရေးမှူးလည်းဖြစ်သူ နော်မာန်ချော် ဒရီအား ဖမ်းဆီးရမိကြောင်း သတင်း ထုတ်ပြန် ထားသည်။

ထိုသို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ နယ်မြေရှင်းလင်းလိုက်လံဖမ်းဆီးမှုများကြောင့် ARSAအဖွဲ့သည် မြန်မာနိုင်ငံ အတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်လှုပ်ရှားမှုများလည်း ရှိနေသည်။

လက်ရှိတွင် ARSA များသည် နှစ်နိုင်ငံနယ်စပ် မောင်တောဘူးသီးတောင်မြို့နယ်အတွင်းသို့ဝင်ရောက် လှုပ်ရှားပြီး ရိုဟင်ဂျာကျေးရွာသားများအပေါ် ပြန်ပေးဆွဲ၊ လူသတ်၊ ဆက်ကြေးတောင်းခံမှုများကြောင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ယင်းမြို့နယ်အတွင်းရှိ ရိုဟင်ဂျာကျေးရွားများ ကို ပိတ်ဆို့ရှာဖွေကာ ဖမ်းဆီးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */