" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, August 10, 2023

မြေပြိုမှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ငါးရာကျော် နေရာရွှေ့ ပြောင်း

RFA
RFA Burmese
2023.08.09

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရေကြီးပြီး မြေပြိုတာကြောင့် ပျက်စီးသွားသည့်နေအိမ်တွေမှ သက်ကြီးရွယ်အိုတွေအား ကယ်ဆယ်ရေးအဖွဲ့တွေမှ ရွှေ့ပြောင်းပေးနေစဉ်။
Rohingya Volunteers

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရေကြီးပြီး မြေပြိုလို့ နေအိမ် တွေပျက်စီးတဲ့အတွက် နေအိမ် ရှစ်ဆယ်ကျော်က ဒုက္ခသည် ငါးရာကျော်ကို ဩဂုတ်လ ၉ ရက်နေ့က ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ဩဂုတ်လ ၇ ရက်နေ့က မြေပြိုကျပြီး ဒုက္ခသည်နှစ်ဦး သေဆုံးခဲ့တဲ့ ဘာလုခါလီဒုက္ခသည်စခန်းအပါ အဝင် စခန်းသုံးခုမှာ မြေကြီးတွေ ဆက်ပြိုကျလာပြီး နေအိမ်တွေပျက်စီးသွားတာလို့ ကယ်ဆယ်ရေး လုပ်နေတဲ့ ကိုဟာဆောင်းက ပြောပါတယ်။

"မြေနိမ့်တဲ့နေရာ ညီညာပြန့်ပြူးတဲ့နေရာမှာ ရေကြီးရေလျှံ ဖြစ်တယ်။ တောင်ပေါ်မှာ မြေပြိုတယ်။ ဒီမိုးရာသီမှာ ဒုက္ခသည်တွေလုံးဝမလုံခြုံဘူး။ သဘာဝဘေးအန္တရာယ်ကို စိုးရိမ်နေရတယ်"

နေအိမ်ပြိုပျက်သွားသူတွေကို စာသင်ကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးသားချင်းအိမ်တွေမှာ ပြောင်း ရွှေ့ နေရာချထားတယ်လို့ ဆိုပါတယ်။

ဒီရက်ပိုင်းမှာ မိုးကြီးနေတာကြောင့် နေရာမရွှေ့ပြောင်းရသေးတဲ့ ဒုက္ခသည်တွေအတွက် အမိုးအကာ တွေလည်း လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ကော့ဘဇားခရိုင်မှာ အခုလ ၆ ရက်နေ့ကစပြီး မိုးကြီးလို့ မြေပြိုပြီး နေအိမ်ပေါင်း တစ်ထောင်ကျော် ပျက်စီးသွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */