" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 14, 2023

ကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်း သွားရောက်ကြည့်ရှု

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၄ ဩဂုတ်၊ ၂၀၂၃ 

 ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို အမေရိကန် လွှတ်တော်ကိုယ် စားလှယ်အဖွဲ့ ဒီနေ့ပဲ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေ အနေတွေနဲ့ စိန်ခေါ်မှုတွေကို သိနိုင်ဖို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာတော့ ရီပတ်ဘလစ်ကန်အောက် လွှတ်တော်အမတ် Richard McCormick နဲ့ အာဏာရ ဒီမိုကရက်ပါတီအမတ် Ed Case တို့ အပါ အ ဝင် အဖွဲ့ဝင် ၁၁ ဦး လိုက်ပါသွားခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို တိမ်းရှောင်ခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စီစဉ်နေပေမဲ့ လက်တွေ့အ ကောင် အထည် မဖော်နိုင်သေးဘဲ ဖြစ်နေတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

မကြာသေးခင်ကလည်း ရိုဟင်ဂျာအကျပ်အတည်းကို ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖြေရှင်းချက်ရဖို့အ တွက် ခိုင်မာသေချာတဲ့ နိုင်ငံတကာအကူအညီတွေကို စုစည်းဖို့ OIC-UNHCR ပူးတွဲကိုယ်စားလှယ် အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်က တိုက်တွန်း လိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိ စေရေးနဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့ မွေးရပ်မြေ၊ မြန်မာ ဒါမှမဟုတ် တတိယနိုင်ငံကိုပြန်လည်နေရာချ ထားရေးဟာ ရိုဟင်ဂျာ အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းသာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ်တုန်းက စစ်ဆင်ရေးတွေကြောင့် နောက်ဆက် တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်သွားခဲ့ကြတာပါ။ ဒုက္ခသည်တွေ ကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဒုက္ခ သည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ် တပ် က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘယ်လို ဆက်လက်ကိုင်တွယ်မ လဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်း ခဲ့တဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကတော့ ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစုတွေ လူ့အ ခွင့်အရေးကို အကာကွယ်ပေးဖို့နဲ့ ၁၉၈၂ နိုင်ငံသားဖြစ်ရေး ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖို့ ကတိ ပြုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */