" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘူးသီးတောင်. Show all posts
Showing posts with label ဘူးသီးတောင်. Show all posts

Friday, March 8, 2019

ရခိုင်စစ်ဘေးရှောင် ၁ သောင်းကျော်အတွက် စားနပ် ရိက္ခာ အရေးပေါ်လိုအပ်

DVB 
8 March 2019

တိုက်ပွဲတွေကြောင့် ကယ်ဆယ်ရေးစခန်းတချို့မှာ ခိုလှုံနေကြတဲ့ ရခိုင်စစ်ဘေးရှောင် တသောင်းကျော် အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေပြီလို့ ရခိုင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေဟာ ရခိုင်ပြည် နယ် မြို့နယ် ၅ မြို့နယ်နဲ့ ကယ်ဆယ်ရေးစခန်း ၁၉ ခုမှာ စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့ ရခိုင်တိုင်းရင်း သားမျိုးနွယ်စု အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

Wednesday, March 6, 2019

ရခိုင်ပြည်နယ်မှာ စစ်ဘေး ဒုက္ခသည် ၁ သောင်း ကျော်ထိ ရှိလာ

RFA 
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန ၊2019-03-06
AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် အရေအ တွက်ဟာ တစ်သောင်းကျော် ရှိသွားပြီလို့ စစ်ဘေးဒုက္ခသည် စစ်တမ်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်း သား မျိုးနွယ်များ အစည်းအရုံးထံမှ သိရပါတယ်။

စာရင်းတွေက အတိအကျပြောလို့မရသေးပေမယ့် မြောက်ဦးမြို့နယ်မှာဆိုရင် ဒီနေ့အထိ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်စခန်း ၁၄ ခုမှာ စစ်ဘေးဒုက္ခသည် ၃ ထောင်အထိ တိုးလာတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော် ထွန်းက ပြောပါတယ်။

Tuesday, February 26, 2019

ဘူးသီးတောင် တပ်တွင်း ဗုံးပေါက်ကွဲ ၁ ဦးသေ

VOA
ဗွီအိုအေ (မြန်မာဌာန)
လုံခြုံရေးတပ်များနေရာယူနေစဉ် 


လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ဘူးသီးတောင်မြို့နယ်က စစ်စခန်းတွင်း ဗုံး ပေါက်ကွဲမှု တခုကြောင့် အရာရှိတဦးရဲ့ ဇနီးဖြစ်သူ သေဆုံးခဲ့ပြီး၊ တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာ တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ တချိန်တည်းမှာပဲ ဘူးသီးတောင်မြို့နယ်ထဲမှာပဲ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်တွင်းက နောက်ဆုံးအခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

မင်္ဂလာလက်ဖွဲ့ပါဆယ်ထဲကို ဗုံးထည့်ပေးလိုက်လို့ ပေါက်ကွဲပြီး ဗိုလ်မှူးတစ်ဦး၏ဇနီး သေဆုံး

MEDIALANN
26 February 2019

ဘူးသီးတောင်အခြေစိုက် စကခ (၁၅) မှ အရာရှိ ဗိုလ်မှူးတစ်ဦး၏ ဇနီး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ပါဆယ် ဗုံးကြောင့် သေဆုံး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အခြေစိုက် စကခ (၁၅) မှ အရာရှိ ဗိုလ်မှူးတစ်ဦး၏ အမျိုးသမီးမှာ ယ နေ့ဖေဖေါ်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ပေးပို့လိုက်သည့် ပါဆယ်ဗုံးပေါက် ကွဲ မှုကြောင့် သေဆုံးသွားကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးကော်မတီမှ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက အကုန်သိသတင်းဌာနကို အတည်ပြုပြောကြားခဲ့သည်။

Monday, February 25, 2019

တိုက်ပွဲတွေအတွင်း ဒေသခံတွေ ပျောက်ဆုံးမှု ရှိနေ


RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-25
မြောက်ဦးမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစပြီး အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ် မတော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒေသခံတွေအပါအ၀င် လူ ၁၁ ဦးခန့် ပျောက်ဆုံးနေ တယ်လို့ သိရပါတယ်။

Monday, February 18, 2019

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲ ပြင်းထန်

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်၊ 18 ဖေဖော်ဝါရီ၊ 2019

ရခိုင်လက်နက်ကိုင်အဖွဲ့  (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းတွေအတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား နှစ်ဖက် တိုက်ပွဲနဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ပိုပြီး အဖြစ်များလာနေပါတယ်။ မနေ့က ရသေ့တောင်မြို့နယ်ထဲမှာပဲ တိုက် ပွဲ(၃)ကြိမ် ဖြစ်ပွား ခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ် ဖက်မှာလဲ တပ်မတော်သားတွေ စီးနင်းလာတဲ့ အရပ်သား ကားတစီးကိုလဲ AA ဖက်က ဗုံးခွဲတိုက်ခိုက်ခဲ့ တယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေက ပြောပါတယ်။

Sunday, February 10, 2019

တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ နယ် ရွာသား ၈ဝဝ ကျော် စစ်ရှောင်နေရ

ရခိုင်တပ်မတော် AA နဲ့ အစိုးရတပ်ကြား ရခိုင်ဒေသတွင်းစစ်ပွဲတွေကြောင့် ထွက်ပြေးနေရသူများ (AFP)

လက်ရှိမြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခတင်းမာ နေတဲ့နေရာမှာ ရခိုင်ပြည်နယ် အတွင်းသာမက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ လည်း ရွာသားတွေစစ်ဘေး တိမ်းရှောင်နေကြရပါတယ်။ ပလက်ဝ မြို့နယ် ခမောင်းဝ ကျေးရွာ (၁ဝ) ရွာက ရွာသား (၈ဝဝ) ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပလက်ဝ မြို့နယ် အတွင်း နီးစပ်ရာဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေရတယ်လို့ ပလက်ဝရောက် ရွာသား တဦးက ပြောပါတယ်။ ဒီအကြောင်းအစုံအလင်ကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၇၀၀၀ ကျော်ထိ ရှိလာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာမှာ မှီခိုနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၉၊ ဇန်နဝါရီ ၁၇ ရက်နေ့က တွေ့ရစဉ်

ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေ ကြောင့် စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရတဲ့ ဒုက္ခသည် ၇၀၀၀ ကျော် ရှိနေပြီလို့ စစ်တွေမြို့အခြေ စိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ဒီနေ့ပြောလိုက်ပါတယ်။



အဲဒီအထဲက လူဦးရေ ၂၀၀၀ ဝန်းကျင်ဟာ သူတို့ရဲ့မူလကျေးရွာတွေမှာ စားဝတ်နေရေးအခက်အခဲနဲ့ ရင် ဆိုင် နေကြရသလို တစ်ချို့ကလည်း နီးစပ်ရာဆွေမျိုးအိမ်တွေကို ထွက်ပြေးခိုလှုံနေကြရတယ်လို့ ရခိုင် တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

Saturday, February 9, 2019

ဘူးသီးတောင် စေတီတောင် ဘော်လီရွာ၌ ရိုဟင် ဂျာပိုင် နွားတင်းကုပ်များနှင့် ကောက်ရိုးပုံများ မီးရှို့ခံရ

Rohingya Today
ကျော်စိုး၊ ဖေဖေါ်ဝါရိလ(၉)ရက်၊

မီးရှို့ခံရသည့် ကောက်ရိုးပုံများနှင့် နွားရုံများ
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စေတီတောင်ကျေးရွာအုပ်စု၊ ဘော်လီ ရွာ မှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားတင်းကုပ် ၅ ခုနှင့် ကောက်ရိုးပုံ ၄ ပုံ မီးရှို့ခံရသည်။
  .
ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စေတီတောင်ကျေးရွာအုပ်စု၊ ဘော်လီရွာရှိ ဒေသခံရိုဟင်ဂျာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများ ဖြစ်ကြသည်။၎င်းတို့၏ 
စိုက်ပျိုး ရေးအတွက် ခိုင်းကျွဲနွားများလည်း မွေးမြူကြသည်။

Friday, February 8, 2019

ဘင်္ဂလားဒေ့်ရှ်ဘက်ပြေး ရခိုင်စစ်ရှောင်တွေအရေး ကုလစိုးရိမ်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက မြစ်ကမ်းဘေးရွာတရွာ။ (ဓာတ်ပုံ- UNHCR)

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာ ကြောင့် လုံခြုံရေး အခြေအနေတွေ ယိုယွင်းလာနေပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ ထပ်မံထွက်ပြေးလာနေတဲ့အတွက် စိုးရိမ်တဲ့ အကြောင်း ကုလသမဂ္ဂက စိုးရိမ်ကြောင်း ပြောဆိုလိုက် ပါ တယ်။

ရခိုင်ပြည်နယ်မှာ ကြက်ခြေနီလုပ်ငန်းတချို့ရပ်နား ထားရ

ICRC အဖွဲ့ အမှတ်အသား

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိခိုက်ခံစားနေရသူ ငါးထောင် ကျော်ကို အရေးပေါ် အကူအညီတွေပေးနေပေမယ့်၊ မြို့နယ်ငါးမြို့နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ တွေကြောင့် ကြက်ခြေနီလုပ်ငန်းတချို့ကို ရပ်နားထားရတယ်လို့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ဒေသ စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်ကြုံ

ကျောက်တော်မြို့နယ် ယိုးချောင်းအနောက်ဖက်တောင်မင်းကုလားရွာရောက် စစ်ဘေးဒုက္ခသည်များ ( ဓါတ်ပုံ Wan Lark Foundation)

ရခိုင်ပြည်နယ်တွင်းမှာ စစ်ရေးအခြေအနေ ဆက်ပြီးတင်းမာနေသလို စစ်ရှောင်ထွက်ပြေးနေကြရတဲ့ ဒုက္ခ သည် တွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ပိုပြီး ရင်ဆိုင်နေကြရပါတယ်။ သွားလာရခက်ခဲတဲ့ဒေသတွေဘက်က စစ်ရှောင်တွေဆီ အကူအညီတွေ မရောက်နိုင် ရုံသာမက သွားလာရေးလွယ်ကူတဲ့ စစ်ရှောင်စခန်းတွေမှာပါ အကူအညီတွေ လျော့နည်းလာနေတာပါ။ ဒီအခြေအနေတွေကို စုစည်းပြီး ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထာက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

Sunday, February 3, 2019

တပ်မတော်နဲ့ AA တို့ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲဖြစ်

ရက္ခိုင့်တပ်မတော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က အောင်သာဇိန်နဲ့ ကျောက်တန်းရွာကြားမှာ အစိုးရတပ်မတော် နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်လက်ရှိ ကျောက် တန်းရွာထဲမှာတပ်မတော်က လုံခြုံရေးအတွက် နေရာယူထားတယ်လို့ အမည်မဖော်လိုတဲ့ ကျောက်တန်းရွာ သားတစ်ဦးက ပြောပါတယ်။

ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် AA ဝင်ရောက်မှု စစ်ဆေးရန် ညွှန်ကြားစာ ပြည်နယ်အစိုးရငြင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ခုနစ်မြို့နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ပြည်သူများနှင့် ရောနှောနေ သည်ဟု သတင်းရသဖြင့် တပ်မတော်အပါအဝင် သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေးရန် ညွှန်ကြားထားခြင်းမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။

ဝန်ကြီးချုပ်ကိုယ်စား ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း လက်မှတ်ရေး ထိုးကာ ဇန်နဝါရီလ ၂၅ ရက်နေ့ရက်စွဲဖြင့် ယင်းသို့ ညွှန်ကြားထားသည့်စာမှာ Facebook စာမျက်နှာတွင် ပျံ့နှံ့နေသည်။

မသင်္ကာသူ နှစ်ဦးကို စစ်ဆေးဖို့ ခေါ်ရာမှ ပစ္စတို တစ်လက်နှင့် ကျည်များကို ဖမ်းဆီးရမိ

ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ဖေဖေါ်ဝါရီ ၃ ။ ။ လက်နက်ကိုင်တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီး တောင်မြို့နယ်တွင် ဖေဖေါ်ဝါရီ ၃ ရက်နေ့က လုံခြုံရေးဆောင်ရွက်နေစဉ် မသင်္ကာသူ နှစ်ဦးကို စစ်ဆေးဖို့ ခေါ်ရာမှ ပစ္စတိုတစ်လက်နှင့် ကျည်များကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

Thursday, January 31, 2019

ပလက်ဝတိုက်ပွဲ ဒေသခံလူငယ်တွေ စိုးရိမ် ထွက် ပြေး

                                                        ရခိုင်ဒုက္ခသည်များ (International Committee of the Red Cross Myanmar)

တပ်မတော်နဲ့ AA အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ နောက်ဆုံးဖြစ်ထားတဲ့ တိုက်ပွဲအတွင်း နှစ် ဘက် ထိခိုက်ကျဆုံး တယ်လို့ AA အဖွဲ့ကပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့ဒေသတွေ၊ အနီးအနားတွေက လူငယ်တွေကို AA အဖွဲ့နဲ့ ဆက်စပ်တယ် ဆိုတဲ့သံသယနဲ့ တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းတာတွေ ပိုများလာတာကြောင့် လူငယ်တွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရ တယ်လို့လည်း ဒေသခံတွေက ပြောပါ တယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Wednesday, January 30, 2019

ရခိုင်တိုက်ပွဲ အရပ်သားထိခိုက်မှု တိုးလာ

ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (photo-Rakhine Ethnics Congress)

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားတဲ့ နှစ်လ တာကာလ အတွင်း အရပ်သား ၄ ဦး ထက်မနည်း သေဆုံးရပြီးဖြစ်သလို ထိခိုက် ဒဏ်ရာရသူ ၁၄ ဦးထိရှိပြီလို့ စစ်
တမ်း ကာက်ယူထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့အစည်းတွေကပြောပါတယ်။ ဒါ့အပြင် ရခိုင့် တပ်မတော်နဲ့ ဆက်နွယ်တယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မနဲ့ ဖမ်း ဆီး တရားစွဲဆိုခံရသူ အရေအတွက်လည်း တိုးလာနေတာပါ။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Saturday, January 26, 2019

ရခိုင်စစ်ပွဲများ ဒေသခံတွေအပေါ် ရိုက်ခတ်မှု

                                                                          ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်းမြင်ကွင်း။ (ဗွီအိုအေ)

မြန်မာနိုင်ငံ၊ ရခိုင်မြောက်ပိုင်းမှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ဒီလအစောပိုင်းက တည်း က ပြန်ပြီးစလာတဲ့ စစ်ပွဲတွေကြောင့် အထိခိုက်ဆုံးက ဒေသခံတွေဖြစ်ပါတယ်။ တိုက်ပွဲက ကျည် တွေကြောင့် ဒေသခံတွေ နေ့ညမဆိုင်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပြီး သူတို့နေအိမ်ကို ဘယ်တော့ ပြန်နိုင်မလဲ ဆိုတာလည်း မသိနိုင်သေးပါဘူး။ ရွာသားတွေ ကိုယ်တွေ့ပြောပြထားတာတွေကို မအေးသန္တာ ကျော် တင်ပြထားပါတယ်။

Wednesday, January 23, 2019

ဒေသမတည်ငြိမ်မှုကြောင့် ရခိုင်ကျေးရွာ အုပ် ချုပ်ရေး မှူးတွေ လုံခြုံရေး စိုးရိမ်


ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခအ
ရှိန်မြင့်နေတဲ့ အခြေအနေကြောင့် တာဝန်က နုတ်ထွက်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအရေအတွက် ပိုတိုးလာနေပါတယ်။ အဓိကအားဖြင့် လုံခြုံရေးပိုင်း စိုးရိမ်မှုတွေ ကြောင့်ဖြစ်ပါတယ်။ ဒီအတော
အတွင်းမှာပဲ အရပ်သားတဦး လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သံသယဝင် ထင်မြင်ချက်တွေလည်း ရှိနေပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

Monday, January 21, 2019

ရခိုင်ပြည်နယ်တွင်း AA နဲ့တိုက်ပွဲများ ဆက်ဖြစ် ပွား

ရက္ခိုင့်တပ်မတော် စစ်ရေးလေ့ကျင့်နေစဉ် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

မြန်မာ့တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့အကြား ဒီကနေ့ တနင်္လာနေ့ ကျောက်တောမြို့ နယ်ဘက်မှာ တိုက်ပွဲ ဖြစ်နေသလို ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်မှာလည်း တိုက်ပွဲဖြစ်ခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲ ဖြစ်တဲ့နားကျေးရွာက အုပ်ချုပ်ရေးမှူးတဦးကို ဘယ်သူဘယ် ဝါမှန်းမသိတဲ့ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်လည်း ဖြစ်ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */