Saturday, February 9, 2019

ဘူးသီးတောင် စေတီတောင် ဘော်လီရွာ၌ ရိုဟင် ဂျာပိုင် နွားတင်းကုပ်များနှင့် ကောက်ရိုးပုံများ မီးရှို့ခံရ

Rohingya Today
ကျော်စိုး၊ ဖေဖေါ်ဝါရိလ(၉)ရက်၊
မီးရှို့ခံရသည့် ကောက်ရိုးပုံများနှင့် နွားရုံများ
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စေတီတောင်ကျေးရွာအုပ်စု၊ ဘော်လီ ရွာ မှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားတင်းကုပ် ၅ ခုနှင့် ကောက်ရိုးပုံ ၄ ပုံ မီးရှို့ခံရသည်။
ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စေတီတောင်ကျေးရွာအုပ်စု၊ ဘော်လီရွာရှိ ဒေသခံရိုဟင်ဂျာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများ ဖြစ်ကြသည်။၎င်းတို့၏ စိုက်ပျိုး ရေးအတွက် ခိုင်းကျွဲနွားများလည်း မွေးမြူကြသည်။
 .
စတီတောင်ကျေးရွာအုပ်စု ဘော်လီရွာ၏ မြောက်ဘက်၊ ဆယ်မိနစ်ခန့် သွားရသည့် အကွာအဝေးတွင် ဘော်လီရွာမှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် တောင်ကုန်းနှင့် စားကျက်မြေရှိသည်။ ယင်းမြေနေရာများတွင် ဆောင်းရာသီ၌ ငရုတ်၊ ပဲ၊ အာလူး၊ ဘူးသီး၊ ဖရုံသီး စသည်များ ဟင်းစားသီးနှံများ စိုက်ပျိုးလေ့ရှိပြီး၊ မိုးရာသီ တွင် ခိုင်းကျွဲနွားများကို ကျွေးရန် ကောက်ရိုးများ ပုံထားလေ့ရှိသည်။
.
ယနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ နံနက်ပိုင်းတွင် ဟင်းခင်းပိုင်ရှင်များက ဟင်းခင်းများတွင် ရေလောင်းပြီး နောက် နေ့လည်ပိုင်းတွင် နေ့လည်စာ စားသောက်ရန်၎င်းတို့၏ နေအိမ်များသို့ ပြန်သွားခဲ့ကြသည်။
.
န့လည် ၂ နာရီခန့် အချိန်တွင် စားကျက်၏ မြောက်ဘက်စွန်းမှ ကောက်ရိုးပုံနှင့် နွားတင်းကုပ်များ မီးလောင် နေ သည်ကို ရွာသားများက တွေ့ရှိပြီး သွားကြည့်ရာ ရခိုင်လူမျိုးနှစ်ဦး ထွက်ပြေးသွားသည်ကို မြင်တွေ့ သည် ဟု ရွာသားတစ်ဦးက Rohingya Today သို့ပြောပါသည်။
.
မီးအပူရှိန်ကြောင့် ကောက်ရိုးပုံနှင့် နွားတင်းကုပ်များ၏ ပတ်ပတ်လည်တွင်ရှိသော ဟင်းခင်းများလည်း ပျက် စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
.
“ကျွန်တော်တို့မှာ လုပ်ကိုင်စားသောက်ဖို့ ခက်နေတဲ့အချိန်မှာ အခုလို ဟင်းခင်းတွေ ပျက်စီးသွားတဲ့အတွက် စားဝတ်နေရေးပါ ထိခိုက်လာမယ်” ဟု ရွာသားတစ်ဦးက ပြောသည်။“
.
ကောက်ရိုးပုံတွေ မီးရှို့ခံရတာကြောင့် မိုးရာသီမှာ ခိုင်းကျွဲနွားတွေကို ကျွေးဖို့ အစာမရှိရင် မိုးစပါး စိုက်ဖို့ပါ အခက်ကြုံလာနိုင်တယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။အခြားရွာသားတစ်ဦးက မိမိတို့၏ နွားတင်း ကုပ် များ၊ ကောက်ရိုးပုံများကို မီးရှို့ပြီး မြေများ သိမ်းယူရန် ကြံစည်နေသည်လားဟု သံသယ ဖြစ်မိသည်ဟု ဆိုသည်။
.
မီးရှို့ခံရသည့် ကောက်ရိုးပုံများနှင့် နွားတင်းကုပ်များ၏ ပိုင်ရှင်များမှာ -- (၁) ဦးနူရ်မာမတ် (၂) ဦးမာမတ်ရှား ကဲရ် (၃) အဒူရော်ရှိတ် (၄) ဦးနူရ်မာမတ် (၅) ဦးကာမာလ်ဟူဆောင်း -- တို့ဖြစ်ကြသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */