ဗွီအိုအေ (မြန်မာပိုင်း)
22 ဖေဖော်ဝါရီ၊ 2019
မြန်မာ-ဘင်္ဂလားဒှေ့ရှ် နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုး မြင်ကွင်းတနေရာ။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် ကိုထွက်ခွာသွားတဲ့သူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်ဖို့နဲ့ဘင်္ဂလား ဒေ့ရှ် ဘက်က ဖမ်းဆီးထားတဲ့ မြန်မာရဲ့တပ်သားကို မြန်မာနိုင်ငံဆီ ပြန်လွှဲပြောင်းပေးဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Manjurul Karim Khan Chowdhury ကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ် ခဲ့ကြောင်း ဖေဖေါ်ဝါရီလ ၂၁ရက်နေ့စွဲ နဲ့ ထုတ်ပြန်တဲ့ နိုင်ငံခြား ရေး ဝန်ကြီးဌာနရဲ့ကြေညာချက်မှာဖေါ်ပြထား ပါတယ်။
နိုင်ငံရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးစိုးဟန်နဲ့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးတို့ နေပြည်တော်မှာ မနေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပြီး နေရပ်စွန့်ခွာ သွားသူတွေကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေ ခပ် မြန်မြန်ပြန်စနိုင်ရေး ၂နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ လေးကြိမ်မြောက် အစည်းအဝေးကို ဧပြီလအတွင်း နေပြည် တော်မှာ ကျင်းပဖို့ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ဘက်ကဖမ်းဆီးထားတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်သား အောင်ဘိုဘိုသိန်းကိုလည်း မြန်မာ ဘက်ကိုအမြန်ဆုံးပြန်ပြီးလွှဲပြောင်းပေးဖို့ ပြောဆိုခဲ့ပါတယ်။ ၂၀၁၅ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်ရဲတပ်ဖွဲဝင် တဦး မြန်မာနိုင်ငံဘက်ကိုတရားမဝင်ရောက်ရှိခဲ့တဲ့ကိစ္စမှာ ၈ ရက်အတွင်း မြန်မာဘက် ကပြန်လွှဲပြောင်းပေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
ဖမ်းဆီးထားတဲ့မြန်မာရဲတပ်သားကို ဥပဒေအရအရေးယူမှုတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လုပ်မှာ မဟုတ်ပဲ၊ ပြည်တွင်းလုပ်ငန်းစဉ်တွေအရဆောင်ရွက်ပြီး မြန်မာဘက်ကိုပြန်လွှဲပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် သံအမတ် ကြီးကပြောဆိုခဲ့ကြောင်းလည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့မနေ့ကထုတ်ပြန်ချက် ထဲ မှာဖေါ်ပြထားပါတယ်။
Link : Here

No comments:
Post a Comment